Home သတင်း ပဲခူးတိုင်းကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲ‌တော် သာယာဝတီတွင် ကျင်းပမည်

ပဲခူးတိုင်းကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲ‌တော် သာယာဝတီတွင် ကျင်းပမည်

2116
ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားများ(ဓာတ်ပုံ-‌ကေအိုင်စီ)

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးကိုယ်စားပြု ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူးတိုင်းအ‌နောက်ခြမ်းရှိ သာယာဝတီမြို့၊ လိပ်အင်း‌ကျေးရွာ၌ ကျင်းပသွားမည်ဖြစ်‌ကြောင်း ယင်းတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူးဗလီစံလှက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးများအ‌နေဖြင့် နှစ်သစ်ကူးပွဲ‌တော်ကို မိမိတို့‌နေထိုင်ရာ အနီးဝန်းကျင်တွင် နှစ်စဉ် ကျင်းပ‌လေ့ရှိကြ‌သော်လည်း ယခုလို တိုင်း‌ဒေသကြီးအဆင့် စုစည်းကျင်းပခြင်း မရှိခဲ့‌သေး‌ကြောင်း ဝန်ကြီး‌စောဂျူးဗလီစံလှက ‌ပြောသည်။

“အခုက တိုင်း‌ဒေသကြီးကိုယ်စားပြု ပထမဦးဆုံးအကြိမ် သာယာဝတီမှာ ကျင်းပမှာဖြစ်တယ်၊ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ကို ဖိတ်ထားတယ်။ ‌ဟော‌ပြောပွဲ၊ ပညာရည်ချွန်ဆု‌ပေးပွဲ‌တွေ ပါမယ်၊ မြို့နယ်အလိုက် စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီဝင်‌တွေလည်း တက်‌ရောက်မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းနှစ်သစ်ကူးပွဲ အစီအစဉ်အရ ဒီဇင်ဘာ ၃၁ရက်‌နေ့ညတွင် ကရင့်ရိုးရာ ဝါးညှပ်အက၊ ဒုံးအကနှင့် ‌ခေတ်‌ပေါ်‌တေးဂီတ ‌ဖျော် ‌ဖြေ‌ရေးများဖြင့် စတင်ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါ ရီ ၁ရက်‌နေ့တွင် အလံတင်အခမ်းအနား ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အ ပြင် တိုင်း‌ဒေသကြီးအတွင်းရှိ ၂၀၁၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ထူးချွန်သည့် ‌ကျောင်းသူ‌ကျောင်းသားများအား ဆု‌ပေးပွဲ နှင့် အားကစားဆု‌ပေးပွဲများ ပါဝင်မည်ဖြစ်‌ကြောင်း သာယာဝတီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ‌စောသိန်း‌ဝေက ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

ယခုပြုလုပ်မည့် နှစ်သစ်ကူးပွဲ‌တော်သို ့ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားဦး‌ရေ တစ်‌ထောင်‌ကျော် တက်‌ရောက် မည်ဟု ခန့်မှန်းထား‌ကြောင်း သာယာဝတီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအတွင်း‌ရေးမှူး ‌စောသိန်း‌ဝေက ထပ်မံ ‌ပြောဆိုသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကျင်းပမည့် အဆိုပါ နှစ်သစ်ကူးပွဲ‌တော်အတွက် တိုင်း‌ဒေ သကြီးအတွင်းရှိ မြို့နယ်ကိုးခုတွင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို ဖွဲ ့စည်းထားပြီးဖြစ်‌ကြောင်းနှင့် ပဲခူးတိုင်းအ‌နောက်ခြမ်း သာယာဝတီ၊ မင်းလှ၊ ဇီးကုန်း၊ ကြို့ပင်‌ကောက် စသည့်မြို့နယ်များတွင်လည်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ ဖွဲ့စည်း ထားပြီးဖြစ်‌ကြောင်း သိရသည်။