Home သတင်း ပါတီ ၉ခု ပူး‌ပေါင်း၍ ဖက်ဒရယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် သ‌ဘောတူ

ပါတီ ၉ခု ပူး‌ပေါင်း၍ ဖက်ဒရယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် သ‌ဘောတူ

1660

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာနိုင်ငံရှိ ဒီမိုက‌ရေစီ နိုင်ငံ‌ရေးပါတီနှင့် တိုင်းရင်းသားပါတီ ၉ ပါတီ ပါဝင်သည့် ဖယ်ဒရယ် ဒီမိုက‌ရေစီမဟာ မိတ်အဖွဲ့(FDA)အမည်ရှိ စု‌ပေါင်းအဖွဲ့အစည်းတစ်ခုကို လာမည့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းသွားရန် ရှိသည်ဟု သိရသည်။

အဆိုပါ ပါတီတို့သည် ရန်ကုန်မြို့၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ(NDF)ရုံးတွင် ယမန်‌နေ့က ‌တွေ့ဆုံခဲ့ကြ ပြီး‌နောက် FDA ကို ဖွဲ့စည်းသွားရန် သ‌ဘောတူခဲ့ကြခြင်းဖြစ်သည်ဟု ထိုအဖွဲ့ထဲတွင် ပါဝင်သည့် ကရင်ပြည်သူ့ ပါတီ(KPP) ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မ‌နေ့က ကျ‌နော်တို့ ပါတီ‌တွေ ‌တွေ့ကြတယ်။ ‌လော‌လောဆယ်‌တော့ ပမာဏ ညှိနှိုင်းတဲ့ အဆင့်ပဲ ရှိ‌သေးတယ်။ ဇန်နဝါရီ ဒုတိယအပတ်‌လောက်မှာ ထပ်ပြီး‌တော့ ‌တွေ့ဆုံ‌ဆွေး‌နွေးမယ်။ ဘာဆက်လုပ်မလဲဆိုတာ ထပ်မံ ‌ဆွေး‌နွေးကြဖို့ ရှိပါတယ်”ဟု ‌စော‌စေးဝါးက ‌ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်း‌ရေးကိစ္စများတွင် ပါတီငယ်များစုစည်းပြီး တစ်စုတစ်စည်းထဲ ဖြစ်‌အောင် စကား‌ပြောနိုင်ရန်နှင့် ဖက်ဒရယ်ကဲ့သို့ ကိစ္စမျိုး၌ တစ်ပါတီတစ်မျိုးစီ စကား‌ပြောမည့်အစား စုစုစည်းစည်း တစ်သံတည်းထွက်‌အောင် ရည်ရွယ်၍ FDA ကို ဖွဲ့စည်းရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ဇန်နဝါရီလထဲတွင် ဖွဲ့စည်းသွားမည့် FDA အဖွဲ့ထဲတွင် ကရင်ပြည်သူ့ပါတီ(KPP)၊ ချင်းတိုးတက်‌ရေးပါတီ(CPP)၊ အမျိုးသားဒီမိုက‌ရေစီအင်အားစု(NDF)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း‌ရေးပါတီ၊ ညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ပါတီ၊ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်‌ထောင်စု ဒီမိုက‌ရေစီပါတီနှင့် ညီညွတ်‌သော ဒီမိုကရက်တစ်ပါတီတို့ဖြစ်‌ကြောင်း သိရသည်။