Home သတင်း တက္ကသိုလ်ဝင်စာ‌မေးပွဲ‌ဖြေမည့် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသား ၁၀ဝ ‌ကျော်ကို ရက်တိုသင်ကြားပို့ချ

တက္ကသိုလ်ဝင်စာ‌မေးပွဲ‌ဖြေမည့် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသား ၁၀ဝ ‌ကျော်ကို ရက်တိုသင်ကြားပို့ချ

1722

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား၊ ‌စောသိန်းမြင့်

ယခုနှစ်အတွက် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့် ထိုင်း-မြန်မာနယ်စပ်‌ရွှေ့‌ပြောင်း မြန်မာ‌ကျောင်းများတွင် ‌နေထိုင်သည့် ‌ကျောင်းသား‌ကျောင်းသူ ၁၃၈ဦးကို မြန်မာပြည်တွင်းမှ ဆရာ ၇ဦးက ဒီဇင် ဘာ ၉ မှ ၁၄ရက်‌နေ့အထိ မဲ‌ဆောက်မြို့ ဆာသူး‌လေ‌ကျောင်းတွင် လာ‌ရောက်စာသင်ကြားပို့‌ပေးလျှက်ရှိသည်။

ရန်ကုန်တိုင်း၊ ‌မှော်ဘီမြို့နယ်၊ ‌ဆေကန္ဒာရာမ‌ကျောင်းတိုက်၊ ‌အောက်ဝါးနယ်‌ချောင်း‌ကျေးရွာ ဆရာ‌တော် အရှင်‌ဆေကိန္ဒဓမ္မဒူတ၏ အစီအစဉ်ဖြင့် မန္တ‌လေးတိုင်း စံဟိန်းကိုယ်ပိုင် အထက်တန်း‌ကျောင်းမှ အဆိုပါဆရာတို့ က မြန်မာစာ၊ သခင်္ျာ၊ အဂင်္လိပ်၊ ‌ဘောဂ‌ဗေဒ၊ ရူပ‌ဗေဒ၊ ဓါတု‌ဗေဒနှင့် ဇီဝ‌ဗေဒ စသည့် ဘာသာတို့ကို ‌ရွှေ့‌ပြောင်း မြန်မာ‌ကျောင်းသား‌ကျောင်းသူများအား လာ‌ရောက်သင်ကြား‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်‌ကျောင်းသား‌ကျောင်းသူများမှာ ‌ရွှေ့‌ပြောင်း‌ကျောင်း (၅)‌ကျောင်း ဖြစ်သည့် ဆာသူး‌လေ၊ SAW, STTC, New Blood, ထီးမယ်ဝါးခီး စသည့် စာသင်‌ကျောင်းတို့မှ ဖြစ်‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ထောက်ပံ့မှု‌ဖောင်‌ဒေးရှင်း(BMESF)၏ တာဝန်ခံလည်းဖြစ်၊ လက်ရှိ ဆာသူး‌လေ ‌ကျောင်းတွင် အထက်တန်းပြတစ်ဦးလည်းဖြစ်သည့် ဆရာ‌စောခလီထူးက ‌ပြောသည်။

“တရား‌ဟော ဆရာ‌တော် အရှင်‌ဆေကိန္ဒဓမ္မဒူတက ဒီက‌ကျောင်းငါး‌ကျောင်းက ‌ကျောင်းသူ‌ကျောင်းသား‌တွေကို စာလာသင်‌ပေးဖို့ မြွတ်ကြားလို့ ဒီဆရာ‌တွေက လာပြီး စာသင်ကြား‌ပေးတာပါ။ အခု ကျ‌နော်တို့ ဘက်မှာက ‌ကျောင်းဆရာဦး‌ရေနည်းတယ်။ ဆရာ၊ ဆရာမတစ်‌ယောက်ဆိုရင် ဘာသာရပ် နှစ်ခုသင်ရတယ်။ အဲလိုဖြစ်‌တော့ အချိန်ပြီး လာသင်‌ပေးတဲ့ သ‌ဘောပါ”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြည်တွင်းရှိ ‌ကျောင်းဆရာများ၏ လာ‌ရောက်စာသင်ကြား‌ပေးမှုအချိန်မှာ နံနက် ၉နာရီမှ ည‌နေ ၅ နာရီအထိ ဖြစ်ပြီး ယခုလို သင်ကြားခြင်းသည် ပညာနှင့် ဗဟုသုတများ တိုးပွားကြမည်ဖြစ်‌သော‌ကြောင့် ‌ရွှေ့‌ပြောင်းမြန်မာ ‌ကျောင်းသား‌ကျောင်းသူများအ‌နေဖြင့် ဝမ်းသာကြ‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

စာလာ‌ရောက်သင်ကြားမှုတွင် ပါဝင်သည့် မြန်မာစာ သင်ကြား‌ပေးသူ ဆရာဦး‌အောင်‌ဘောင်းက “အခု က‌လေး ‌တွေကို ကျ‌နော်သင်ကြားတာ အချိန်လည်း သိပ်မရဘူးဆို‌တော့ လိုအပ်တဲ့ ‌ဆောင်ရန်၊ ‌ရှောင်ရန်‌တွေပဲ သင်‌ပေး တာပါ။ သင်ကြားတဲ့အခါမှာ က‌လေး‌တွေ အ‌ခြေခံရှိထားပြီးသားဖြစ်တာကို ‌တွေ့ရတယ်။ သူတို့‌တွေ အ‌ခြေအ‌နေ ‌ကောင်းပါတယ်”ဟု ‌ပြောသည်။

ပြည်တွင်းဆရာများ၏ စာသင်ကြားမှုကို တက်‌ရောက်သင်ယူခဲ့သည့် အသက် ၁၇နှစ်အရွယ်‌ကျောင်းသူ ‌နော်အယ်တာလိုကလည်း “စာလာသင်တဲ့ ဆရာ‌တွေက စာ‌မေးပွဲဝင်‌ဖြေမယ်ဆိုရင် ဘယ်လိုမျိုး ‌မေးခွန်း‌တွေ ပါတတ်လဲ။ ဘယ်ကဏ္ဍမှာ အမှတ်ဘယ်‌လောက် ‌ပေးလဲ။ အဲဒါ‌တွေ သင်ပြတာ အရမ်း‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် ၂၀၁၂-၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသား (၆၀)‌ကျော် ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ၈ ဦး‌အောင်မြင်ခဲ့ပြီး ၎င်းတို့ထဲက အချို့ကို ဆရာ‌တော် ရှင်‌ဆေကိန္ဒဓမ္မဒူတ၏ ‌ထောက်ပံ့မှုဖြင့် ‌ကောလိပ်နှင့် တက္ကသိုလ်များ တက်‌ရောက်ပညာသင်ကြားလျှက်ရှိသည်ဟု သိရသည်။