Home သတင်း ကရင်နှစ်သစ်ကူးပွဲတွင် အမျိုးသားဂုဏ်‌ဆောင်ဆု လူပုဂ္ဂိုလ် ၃ဝဦးကို ချီးမြှင့်မည်

ကရင်နှစ်သစ်ကူးပွဲတွင် အမျိုးသားဂုဏ်‌ဆောင်ဆု လူပုဂ္ဂိုလ် ၃ဝဦးကို ချီးမြှင့်မည်

2053

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိမြိုင်‌ကျေးရွာ၌ မြို့နယ် ၅မြို့နယ် စု‌ပေါင်းကျင်းပမည့် ကရင်အမျိုးသား နှစ်သစ် ကူးပွဲ‌တော်တွင် ‌ခေတ်အဆက်ဆက် ကရင်အမျိုးသားဂုဏ်‌ဆောင်နိုင်ခဲ့ကြသည့် ကရင်အမျိုးသား ၃ဝဦးကို ပထမဆုံးအကြိမ်အ ဖြစ် ‌ရွေးချယ်ဂုဏ်ပြုသွားမည်ဟု သိရသည်။

ယင်းသို့ ဂုဏ်ပြုရန် ဆုအမျိုးအစား ခုနှစ်မျိုး သတ်မှတ်ထားရာ နိုင်ငံ‌ရေးဂုဏ်ထူး‌ဆောင်ဆု (၆)ဦး၊ ‌တော်လှန်‌ရေးဂုဏ်ထူး‌ဆောင် ဆု (၆)ဦး၊ စာ‌ပေဂုဏ်ထူး‌ဆောင်ဆု (၆)ဦး၊ အနုပညာဂုဏ်ထူး‌ဆောင်ဆု(၆)ဦး၊ ဘာသာ၊သာသနာဂုဏ်ထူး‌ဆောင်ဆု(၁)ဦး၊ လူမှု ‌ရေးဂုဏ်ထူး‌ဆောင်ဆု(၂)ဦး၊ ဖွံ့ဖြိုး‌ရေးနှင့် လူမှု‌ရေးဂုဏ်ထူး‌ဆောင်ဆု (၃)ဦးတို့ဖြစ်‌ကြောင်း ဂုဏ်ထူး‌ဆောင် ဆုချီးမြှင့်‌ရေး ဆပ်‌ကော်မတီက ဒီဇင်ဘာလ ၂၂ရက်‌နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆု‌ရွေးချယ်ချီးမြှင့်‌ရေး ဆပ်‌ကော်မတီ၏ အတွင်း‌ရေးမှူး လှိုင်းဘွဲမြို့နယ်၊ မဲစမိတ်‌ကျောင်းမှ ဆရာ‌တော် ဦးစန္ဒရက “အခုလို ချီးမြှင့် ရတာက ကရင့်အကျိုးအတွက် လုပ်‌ဆောင်ခဲ့ကြတဲ့ ‌ခေါင်း‌ဆောင်‌တွေကို ဂုဏ်ပြုချင်တာရယ်၊ ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေ လည်း အားကျအတုယူပြီး အမျိုးသားအတွက် ဆက်လက်လုပ်‌ဆောင်နိုင်ဖို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ မြွက် ကြားသည်။

ဂုဏ်ထူး‌ဆောင်ဆု‌ပေးမည့် လူပုဂ္ဂိုလ်များကို ‌ရွေးချယ်ရာ၌ ကရင်လူမျိုးတို့၏ ဂုဏ်ကို‌ဆောင်နိုင်ခဲ့‌သော ကရင့်‌ခေါင်း‌ဆောင်ကြီး များ၊ လူမှု‌ရေးလုပ်‌ဆောင်‌နေသူများ၊ ရဟန်းသံဃာ‌တော်များ၊ ပညာ‌ရေးထူးချွန်သူများ၊ အနုပညာထူးချွန်သူများ ပါဝင်မည်ဖြစ် သည်။ ၎င်း‌နောက် ကရင်နှစ်သစ်ကူး‌နေ့အပြီး ‌နောက်တစ်ရက်(ဇန်နဝါရီလ ၂ရက်)‌နေ့တွင် ဂုဏ်ပြုလွှာနှင့် ‌ငွေသားများပါ ချီးမြှင့် သွားရန်ရှိပြီး ဆုအတွက် ကုန်ကျစရိတ်အဖြစ် ကျပ်‌ငွေသိန်း ၃၀ဝခန့် လျာထား‌ကြောင်း ဆရာ‌တော်ဦးစန္ဒရက ဆက်လက်မိန့် ကြားသည်။

Dr. Mahn Khin Mg Soe
လူမှု‌ရေးဂုဏ်ထူး‌ဆောင်ဆု ‌ရွေးချယ်ချီးမြှင့်ခံရသူတစ်ဦးဖြစ်သည့် ပန်းတ‌နော် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဒုဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးက “ချီးမြှင့်ခံရတဲ့အ‌ပေါ်မှာ အများကြီးလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ‌နောက်ပြီး ဒီလိုမျိုး ရည်ရွယ် ချက်‌ကောင်း‌တွေနဲ့ ပြုလုပ်ချီးမြှင့်တဲ့အတွက်လည်း ‌နောက်လာ‌နောက်သား‌တွေအတွက် အတုယူစရာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

၎င်းအပြင် ဂုဏ်ထူး‌ဆောင်ဆုချီးမြှင့်ရာ၌ မြန်မာ့နိုင်ငံ‌ရေးသမိုင်းနှင့် ကရင့်‌တော်လှန်‌ရေးသမိုင်းတို့တွင် ပါဝင်ဦး‌ဆောင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည့် ကရင်‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၊ ဗိုလ်ချုပ်ကြီး‌စောဘိုမြ၊ ပဒိုမန်းရှာလားဖန်း၊ ပဒိုဘသင်စိန်၊ မန်းဘဇန်၊ မန်းဝင်း ‌မောင်၊ မန်းဘခိုင်၊ ‌စောစံဖိုးသင်၊ ‌စောလုံ၊ ‌ဒေါက်တာ‌စောလှထွန်း စသည့်ပုဂ္ဂိုလ်များ ပါဝင်‌ကြောင်း သိရသည်။

ယင်းဆုများအနက် အထူးသဖြင့် နိုင်ငံ‌ရေးဂုဏ်ထူး‌ဆောင်ဆုနှင့် ‌တော်လှန်‌ရေးဂုဏ်ထူး‌ဆောင်ဆု အပ်နှင်းဂုဏ်ပြုခံရသူများထဲ တွင် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောတစ်ဦးသာ သက်ရှိထင်ရှား ကျန်ရှိ‌နေသည်ဟု ဂုဏ်ထူး‌ဆောင်ဆုချီးမြှင့်‌ရေးဆပ်‌ကော်မတီက ဆိုသည်။

ယခု ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်(ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်‌နေ့)၌ ကျ‌ရောက်မည့် ကရင်နှစ်သစ် ကူးပွဲ‌တော်တွင် ကရင်အမျိုးသား ဂုဏ်‌ဆောင်နိုင်ခဲ့သူများကို ဂုဏ်ထူး‌ဆောင်ဆုများ ချီးမြှင့်ရန် နိုဝင်ဘာလက ပြုလုပ်သည့် ကရင်နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ၏ တတိယအကြိမ် အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် ဘုန်းကြီး‌ကျောင်း၌ ပြုလုပ်မည့် ကရင့်နှစ်သစ်ကူးပွဲတွင် မကြာ‌သေးခင်က ပြီးဆုံးသွားခဲ့‌သော အ‌ရှေ့‌တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ဆုရရှိခဲ့သူများကိုလည်း ဂုဏ်ပြုသွား မည်ဖြစ်‌ကြောင်း သိရသည်။