Home သတင်း ကရင်အဆို‌တော် ချာလီ ယာဉ်တိုက်မှု ဖြစ်ပွား

ကရင်အဆို‌တော် ချာလီ ယာဉ်တိုက်မှု ဖြစ်ပွား

3556

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ‌နေထိုင်သည့် ကရင်အဆို‌တော်တစ်ဦးဖြစ်သူ ချာလီသည် ယမန်‌နေ့ည‌နေ ၇နာရီ‌ကျော်အချိန်၌ သီချင်းဆိုအပြန် စီးလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ မ‌တော်တဆ ဝင်တိုက်မိသဖြင့် လက်ရှိ မဲ‌ဆောက်‌ဆေးရုံသို့ တင်ထားရသည်ဟု သိရသည်။

အသက် ၂၄နှစ်အရွယ် အဆို‌တော် ချာလီသည် မယ်လစခန်းရှိ (ဇုံ-‌အေ)မှ (ဇုံ-စီ)သို့ ‌စော‌ကျော်နိုင် ၃၈နှစ်၏ ဆိုင်ကယ်‌နောက်ကို ‌စော‌နေဘလု ၁၈နှစ်နှင့်အတူ လိုက်ပြန်စီးခဲ့ရာ (ဇုံ-ဘီ) အမှတ်(၄)ရပ်ကွက် ဂို‌ဒေါင်အ‌ရှေ့ ကားလမ်းမကြီးတွင် အရှိန်ပြင်းထန်သည့်ကားတစ်စီးမှ ၎င်းတို့ဆိုင်ကယ်အ‌နောက်ဘက်ကို ဝင်‌ရောက်တိုက်မိ ‌သော‌ကြောင့် ချာလီနှင့် ဆိုင်ကယ်‌မောင်းသူတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်ဟု မယ်လစခန်း လုံခြုံ‌ရေးမှူး ‌စောစိုးထိုက်က ‌ပြောသည်။

“ချာလီတို့ စီးလာတဲ့ ဆိုင်ကယ်ကို အဲဒီကားက ဝင်တိုက်မိတဲ့ သ‌ဘောပါ။ အခင်းဖြစ်ပွားအပြီး သူတို့ကို မယ်လ ‌ဆေးရုံပို့တဲ့အခါ ကျ‌နော်သွားကြည့်‌တော့ ချာလီဆိုရင် မျက်နှာညာဘက်မှာ ဒဏ်ရာ ပြင်းတယ်။ သူ့မျက်လုံး ဆိုရင် ‌တော်‌တော်‌ယောင်တယ်။ ဆိုင်ကယ်‌မောင်းသူက‌တော့ တကိုယ်လုံးနီးပါး ဒဏ်ရာ‌တွေပဲ။ ‌ကောင်‌လေး ငယ်တစ်‌ယောက်က‌တော့ နည်းနည်းဘဲ ဒဏ်ရာရတယ်”ဟု ‌စောစိုးထိုက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ အဆို‌တော် ချာလီ စီးလာသည့် ဆိုက်ကယ်ကို ဝင်တိုက်မိသည့် အဆိုပါ ကားပိုင်ရှင်သည် ထိုင်းနိုင်ငံသားဖြစ်ပြီး လက်ရှိ အခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ထိုင်းတာဝန်ရှိသူ ရဲများက စစ်‌ဆေးလျှက် ရှိသည်ဟု ၎င်းက ‌ပြောဆိုသည်။

ထို့အပြင် ကားတိုက်မှုဖြစ်ပွား၍ ဒဏ်ရာရရှိသွားသူ အဆို‌တော်ချာလီနှင့် ဆိုင်ကယ်‌မောင်းသူတို့ကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်‌ဆေးရုံသို့ အ‌ရေး‌ပေါ် ပို့‌ဆောင်ခဲ့ပြီး လက်ရှိ ၎င်း‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူလျှက်ရှိ သည်ဟု သိရသည်။

မဲ‌ဆောက်‌ဆေးရုံတွင် ‌ရောက်ရှိ‌နေသည့် အဆို‌တော် ချာလီ၏ ဇနီးဖြစ်သူ ‌နော်‌ဖောဆဲခုက “အခု ကျမ အမျိုး သားအ‌ခြေအ‌နေက‌တော့ သတိရတချက်၊ မရတချက်အ‌ခြေအ‌နေမှာ ရှိပါတယ်။ သူ့ညာဘက် မျက်နှာပါးရိုး ‌ကြေမွသွားတယ်လို့ ဆရာဝန်‌တွေက ‌ပြောတယ်။ မနက်ဖြန် သူ့ကို ဆရာဝန်‌တွေက ‌သေချာလာ‌ရောက် စစ်‌ဆေးဖို့ ချိန်းထားတယ်။ အခု ဆိုင်ကယ်‌မောင်းသူက‌တော့ သတိရပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆို‌တော် ချာလီသည် ၂၀၁ဝခုနှစ်က ၎င်းကိုယ်တိုင် ‌တေး‌ရေး၊ ‌တေးဆိုခဲ့သည့် မိုးမယ်ထီး(အ‌မေ့မျက်ရည်) သီချင်းဖြင့် ထိုင်း-မြန်မာ နယ်စပ်နှင့် တတိယနိုင်ငံ(နိုင်ငံခြား)သို့ သွား‌ရောက်အ‌ခြေစိုက်ကြသည့် ကရင်ပရိဿတ်များ၏ အာရုံကို စတင်ဖမ်းစားခံခဲ့ရသူဖြစ်ပြီး ဗွီဒီယို ဇာတ်ညွှန်းနှင့် ဒါရိုက်တာ လူငယ်တစ်ဦးလည်းဖြစ်သည်။