Home သတင်း ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် မီး‌လောင်၍ လူ‌သေဆုံးဒဏ်ရာရမှုရှိ

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် မီး‌လောင်၍ လူ‌သေဆုံးဒဏ်ရာရမှုရှိ

1487

ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၊ ရပ်ကွက်(၂)တွင် ဒီဇင်ဘာ ၂၈ရက်‌နေ့ မွန်းလွဲ တစ်နာရီတွင် မီး‌လောင်မှုဖြစ်ပွား၍ အဖွားအိုတစ်ဦး ‌သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လူ‌နေအိမ် ၃လုံး မီး‌လောင်ကျွမ်းပြီး မီးထပ်မံမကူးရန် အိမ်(၁၇)လုံးကို ဖျက်ခဲ့ရသည့် ၎င်းမီး‌လောင်မှုဖြစ်စဉ်၌ မီး‌လောင်ချိန်အ တွင်း ထွက်မ‌ပြေးနိုင်‌သော အသက် ၆၈နှစ်အရွယ် အဖွားစိုးမယ် ‌သေဆုံးကာ အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦး ဒဏ်ရာရ ရှိခဲ့ခြင်းဖြစ်သည်ဟု ကရင်နီဒုက္ခသည်‌ကော်မတီ(KnRC) အတွင်း‌ရေးမှူး(၁) ‌နော်ထူးလွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု မီး‌လောင်သွားတာ အိမ်နှစ်အိမ်နဲ့ လူငယ်ရုံးတစ်ရုံးပါ။ စ‌လောင်တဲ့အိမ်က မီး‌လောင်တဲ့အချိန် ဘယ်သူမှ မရှိကြဘူး။ မီး ‌လောင်တဲ့အချိန်မှာ ‌ဘေးအိမ်က အဖွား(စိုးမယ်)က ‌ပြေးမနိုင်လို့ ‌သေရတာပါ။ ‌နောက် အဖွားစိုးမယ်ရဲ့သမီးနဲ့ မီးငြိမ်းသတ်တဲ့ လူငယ်တစ်ဦး ဒဏ်ရာရသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မီး‌လောင်ရသည့် အ‌ကြောင်းရင်း အတိအကျကို ဒုက္ခသည်စခန်းဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်း‌နေဆဲဖြစ်ပြီး အိုး အိမ်မဲ့သွားသူ ၁၀၁ဦးဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသွားသူနှစ်ဦးကို ကရင်နီအမှတ်(၁)စခန်းရှိ ‌ဆေးရုံတွင် ကုသထား‌သော်လည်း ဒဏ်ရာရ အမျိုးသမီးမှာ မိခင် ဆုံးပါးသွား‌သော‌ကြောင့် စိတ်‌ဝေဒနာ ခံစား‌နေရသည်ဟု သိရသည်။

‌နေအိမ်မီး‌လောင်သွားသည့် မိသားစုများနှင့် မီးမကူးနိုင်ရန် ‌နေအိမ်ဖျက်ပစ်ရသည့် မိသားစုများမှာ မီး‌လောင်မှုဖြစ်ပွားပြီး‌နောက် စခန်းအတွင်းရှိ နီးစပ်ရာ ‌ဆွေမျိုးနှင့် မိတ်‌ဆွေများ၏ အိမ်များတွင် ယာယီ‌နေထိုင်လျက်ရှိကာ ပြန်လည်ထူ‌ထောင်‌ရေးနှင့် ပတ် သက်၍ လိုအပ်သည့်ကူညီမှုများ ရရှိရန် ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့်The Border Consortium (TBC)နှင့် ‌ဆွေး‌နွေး သွားမည်ဟု KnRC က ဆိုသည်။

၎င်းမီး‌လောင်မှု‌ကြောင့် ‌ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ လူသားချင်းစာနာသည့် အဖွဲ့အစည်းများနှင့် စခန်း‌ကော်မတီဝင်များ က မီး‌ဘေးဒုက္ခသည်များအတွက် အကူအညီများ ချက်ချင်း‌ဆောင်ရွက်‌ပေးခဲ့သလို ယမန်‌နေ့မွန်းလွဲ ၃နာရီက စခန်းရုံးတွင် အ‌ရေး‌ပေါ် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ‌စောင်၊ အ‌နွေးထည်နှင့် လိုအပ်သည့် အစားအ‌သောက်များကို TBC နှင့် စခန်းအနီး ရှိ ထိုင်း‌ကျေးရွာများကလည်း ကူညီ‌ပေးခဲ့‌ကြောင်း TBC ၏ အင်တာနက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

အလားတူ ယခုနှစ် မတ်လ ၂၂ရက်‌နေ့ကလည်း ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် ဖြစ်ပွားခဲ့သည့် မီး‌လောင်မှု‌ကြောင့် လူ ၃၀‌ကျော် ‌သေဆုံးကာ ၂၀၀‌ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်အ‌ဆောက်အဦး‌ပေါင်း ၄၀၀‌ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ကရင်နီဒုက္ခ သည်စခန်း အမှတ်(၁)ကို ၁၉၉၂ခုနှစ်က စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ ရပ်ကွက်‌ပေါင်း ၁၇ခု၌ အိမ်‌ခြေနှစ်‌ထောင်‌ကျော်နှင့် လူဦး‌ရေ တစ်‌သောင်း‌ကျော် ‌နေထိုင်လျက်ရှိသည်။