Home သတင်း နှစ် ၃ဝ ကြာ ထုတ်‌ဝေမှုရပ်နား ထားသည့် တက္ကသိုလ် ကရင်မဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေ

နှစ် ၃ဝ ကြာ ထုတ်‌ဝေမှုရပ်နား ထားသည့် တက္ကသိုလ် ကရင်မဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေ

1190

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်။ နန်း‌ချောင်‌ဖော့

နှစ်‌ပေါင်း ၃ဝ ကြာ ထုတ်‌ဝေမှုရပ်နားထားသည့် တက္ကသိုလ် ကရင်မဂ္ဂဇင်းကို ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ(တက္ကသိုလ်များရန်ကုန်)မှ ဦး‌ဆောင်ကာ ယခု နိုဝင်ဘာလတွင် ပြန်လည်ထုတ်‌ဝေလိုက်ပြီး ဖြစ်‌ကြောင်း သိရသည်။

လက်ရှိတွင် မဂ္ဂဇင်းကို ပုံနှိပ်ပြီးလုနီးပါးဖြစ်‌နေပြီး နိုဝင်ဘာလဒုတိယအပတ်တွင် ထွက်ရှိနိုင်မည်ဟု မဂ္ဂဇင်း ဖြစ်‌မြောက်‌ရေးအတွက် ကူညီ‌ဆောင်ရွက်‌ပေးသူတစ်ဦးဖြစ်သည့် ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ အတွင်း‌ရေးမှူး ‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဟိုအရင်က‌တော့ စာ‌ပေနဲ့ယဉ်‌ကျေးမှု ကိုယ့်ရိုးရာဓ‌လေ့‌တွေနဲ့ အဓိကထားပြီး ထုတ်တယ်‌ပေါ့‌နော်။ ဒီဘက်နှစ် ‌တွေမှာ‌တော့ နည်းနည်းပွင့်လင်းလာတဲ့အတွက် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ယဉ်‌ကျေးမှု အကုန်လုံး ကိုယ့်အမျိုးသား‌ရေးနဲ့ ဆိုင်တဲ့ကိစ္စအားလုံးကို နည်းနည်းကဏ္ဍစုံ‌အောင် ထည်းသွင်း‌ဖော်ပြထား တယ်” ဟု ‌စောလှထွန်းက ‌ပြောဆိုသည်။

ယင်းမဂ္ဂဇင်းကို ‌နောင်‌တော်ကရင်‌ကျောင်းသားကြီးများ၏ အစဉ်အလာကို ထိန်းသိမ်းရန်၊ ကရင်‌ကျောင်း သား‌ကျောင်းသူ လှုပ်ရှားမှု‌တွေကို ‌ဖော်ပြရန်နှင့် စည်းစည်းလုံးလုံးဖြင့် လုပ်ကိုင်တတ်‌စေရန် ရည်ရွယ်ပြီး ထုတ်‌ဝေခြင်းဖြစ်‌ကြောင်း ယင်း‌ကော်မတီ တွဲဖက်ဘဏ္ဍာ‌ရေးမှုးတစ်ဦးဖြစ်သူ လက်ရှိ ရန်ကုန်တက္ကသိုလ်၊ ဇီဝ‌ဗေဒဌာန လက်‌ထောက်ကထိက ‌ဒေါက်တာ နန့်သင်းသင်းကြွယ်က ဆိုသည်။

စာမျက်နှာ ၂၀ဝ ‌ကျော်ရှိသည့် ထိုမဂ္ဂဇင်းထဲတွင် လက်ရှိ တက္ကသိုလ် ကရင်‌ကျောင်းသား‌ကျောင်းသူများ၊ ‌ကျောင်းသား‌ဟောင်းများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ စသည့်တို့ ‌ရေးသားထားသည့် စာ‌ပေယဉ်‌ကျေးမှု၊ ပညာရပ်ဆိုင်ရာ ‌ဆောင်းပါး၊ ကဗျာ၊ ဝထ္ထု၊ ကာတွန်း ကဏ္ဍစုံ ထည့်သွင်းပါဝင်ထား‌ကြောင်း သိရသည်။

ထို့အပြင် မဂ္ဂဇင်းတွင် အ‌ရှေ ့ပိုးကရင်၊ အ‌နောက်ပိုးကရင်၊ စ‌ကောကရင်၊ မြန်မာစာ၊ အဂင်္လိပ်တို့ဖြင့် ‌ရေးသား ထားပြီး ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် ကရင်တိုင်းရင်းသား များရှိသည့် တက္ကသိုလ်များတွင် အဓိကထား ဖြန့်ချိသွားမည်ဖြစ်သည်ဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ (တက္ကသိုလ်များရန်ကုန်)က ဆိုသည်။

ရန်ုကုန် အ‌နောက်ပိုင်းတက္ကသိုလ် ရုက္ခ‌ဗေဒ ဘွဲ့ရ‌ကျောင်းသူ တစ်ဦးဖြစ်သည့် ‌နော်ငြိမ်းငြိမ်း‌မော်က “အခုလို တက္ကသိုလ် ကရင်မဂ္ဂဇင်း ထုတ်‌ဝေမယ်လို့ ကြားသိရတဲ့အတွက် ဝမ်းသာတယ်။ ဝယ်ယူဖတ်ရှုရန်လည်း ဆန္ဒရှိတယ်။ ဒီမဂ္ဂဇင်း စာအုပ်ထဲမှာ ကိုယ့်လူမျိုးအ‌ကြောင်း‌တွေ ကိုယ်မမီလိုက်တဲ့ အ‌ကြောင်းအရာကိုလည်း သိရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တက္ကသိုလ် ကရင်မဂ္ဂဇင်းကို ၁၉၇ဝခုနှစ်မှ ၁၉၈၁-၈၂ ခုနှစ်အထိ ထုတ်‌ဝေခဲ့ပြီး‌နောက် အ‌ခြေအ‌နေအမျိုးမျိုး ‌ကြောင့် နှစ်‌ပေါင်း ၃ဝ ‌ကျော် ထုတ်‌ဝေမှုရပ်နားထား‌သော်လည်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များရန်ကုန်)က ဦး‌ဆောင်၍ ယခုပညာသင်နှစ်မှစတင်ကာ တဖန်ပြန်ပြီး နှစ်စဉ်ပြန်လည်ထုတ်‌ဝေ သွားမည်ဟု သိရသည်။