Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအမြန်သွားရန် အာမခံချက်လို‌ကြောင်း ဗိုလ်ချုပ်ဂွမ်‌မော်‌ပြောဆို

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအမြန်သွားရန် အာမခံချက်လို‌ကြောင်း ဗိုလ်ချုပ်ဂွမ်‌မော်‌ပြောဆို

2312

နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး‌နောက် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲ အမြန်ပြုလုပ်သွားရန် အာမခံချက်လိုချင်‌ကြောင်း ယမန်‌နေ့က ရန်ကုန်မြို့ Business Alliacee Hotel တွင် ပြုလုပ်ခဲ့‌သော သတင်းစာရှင်းလင်းပွဲ၌ ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအိုင်‌အေ)၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်‌မော်က ‌ပြောကြား လိုက်သည်။

“ကျ‌နော်တို့ဘက်က ဖြစ်‌စေချင်တာက‌တော့ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ် ချုပ်ဆိုပြီး‌နောက်မှာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို အမြန် သွားနိုင်ဖို့ အာမခံချက်လိုချင်ပါတယ်။ အာမခံချက် ဘယ်‌လောက်ခိုင်မာမလဲ ဆိုတာက‌တော့ ကျ‌နော်တို့ဘက်က မူကြမ်းကို ‌ရေး ဆွဲပြီး‌တော့ သူတို့နဲ့ ပြန်ညှိတဲ့အချိန်မှပဲ သိရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်‌မော်က ‌ပြောကြားခဲ့သည်။

လက်ရှိ တိုင်းရင်းသားများ လက်နက်ကိုင်‌တော်လှန်‌ရေး ဆင်နွဲ‌နေရခြင်းမှာ နိုင်ငံ‌ရေးအရ စစ်မှန်သည့် ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးနှင့် တန်းတူညီမူရှိ‌ရေးအတွက် တိုင်းရင်းသားများက ရည်မှန်းလုပ်‌ဆောင်‌နေခြင်းဖြစ်‌ကြောင်းလည်း ၎င်းက ထပ်‌လောင်း ‌ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများမှာ ဆက်စပ်‌နေသည့်အ‌ပေါ် ထိုအချက်ကို တိုင်းရင်းသားများဘက်က နှစ်‌ပေါင်းများစွာ ‌တောင်းဆိုလာခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။

“ကျ‌နော်တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခ ပထမဆုံး ဖြစ်လာတာ နိုင်ငံ‌ရေးအ‌ခြေခံ‌ကြောင့် ဖြစ်တယ်။ နိုင်ငံ‌ရေးအ‌ခြေခံဆိုတဲ့ ‌နေရာ မှာ တန်းတူမူ မရှိတာတို ့ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတာတို့၊ လူမျိုး‌ရေးအခွင့်အ‌ရေး မရှိတာတို့ ဒါ‌တွေ‌ကြောင့် လက်နက်ကိုင် ပဋိ ပက္ခ‌တွေ ဖြစ်ပွားလာခဲ့တယ်။ ကျ‌နော်တို့နိုင်ငံရဲ့ ပြဿနာကို ဒီနည်းနဲ့စပြီး ‌ဖြေရှင်းရမယ်။”ဟု ပဒို‌စောကွယ်ထူးဝင်းက ဆိုသည်။

လက်ရှိတွင် အစိုးရက ၎င်းတို့၏ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းတစ်‌စောင်ကို နိုဝင်ဘာ ၄ရက်‌နေ့တွင် မြစ်ကြီးနားမြို့ ‌ဆွေး ‌နွေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ‌ပေးအပ်ခဲ့ပြီး ယင်းမူကြမ်းကို တိုင်းရင်းသားအဖွဲ့များက ‌လေ့လာ‌နေဆဲဖြစ် ‌ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ့များ၏ သ‌ဘောထား အမြင်များကို စုစည်းကာ ဒီဇင်ဘာလမကုန်မီ တိုင်းရင်းသားအဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူ ကြမ်းတစ်‌စောင်ကို အစိုးရသို့ ‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း ဗိုလ်ချုပ်ဂွမ်‌မော်က ‌ပြောဆိုသည်။

ဗိုလ်ချုပ်ဂွမ်‌မော်သည် ပြီးခဲ့သည့် ‌အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့‌သော လိုင်ဇာတိုင်းရင်းသားညီလာခံတွင် ဖွဲ့စည်းခဲ့သည့် Nationwide Ceasefire Coordinating Tean-NCCT ၏ ဒုတိယ အဖွဲ့‌ခေါင်း‌ဆောင်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၂၂ ရက်‌နေ့တွင် ပြုလုပ်မည့် ပြည်တွင်းနိုင်ငံ‌ရေးပါတီ ၁၂ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ပအ‌ခြေစိုက် ဒီမိုက‌ရေစီ အင်အားစုများ ပါဝင်‌သော ပထမဆုံး မြန်မာ့နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို တက်‌ရောက်သွားမည် ဖြစ်သည်။