Home သတင်း ၅၈ ကြိမ်‌မြောက် ကရင်ပြည် နယ်‌နေ့တွင် လုံခြုံ‌ရေးပိုမို ချထားမည်

၅၈ ကြိမ်‌မြောက် ကရင်ပြည် နယ်‌နေ့တွင် လုံခြုံ‌ရေးပိုမို ချထားမည်

1969

နိုဝင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

နှစ်စဉ် နိုဝင်ဘာလ ၇ရက်‌နေ့၌ ကျင်းပမြဲဖြစ်‌သော ကရင်ပြည်နယ်‌နေ့ကို ယခုနှစ်အတွက် မနက်ဖြန်ကျ‌ရောက် မည့် (၅၈)ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် လုံခြုံ‌ရေးပိုမိုချထားမည်ဟု ပြည်နယ်အစိုးရအာဏာပိုင်များက ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း မြို့အချို့၌ ဗုံ‌ပေါက်ကွဲမှုများဖြစ်ပွားပြီး‌နောက် ‌ကောလဟာလသတင်းများ ထွက်‌ပေါ် လာ‌သော‌ကြောင့် ယခုနှစ် ကရင်ပြည်နယ်‌နေ့တွင် ယခင်နှစ်များထက် လုံခြုံ‌ရေးတိုးမြှင့်လုပ်‌ဆောင်‌နေခြင်းဖြစ် သည်ဟု သိရသည်။

အစိုးရ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက “ဒီနှစ် ထူးခြားမှုတစ်ခုက ကရင်ပြည်နယ်‌နေမှာ ခါတိုင်းနှစ်‌တွေထက်‌တော့ လုံခြုံ‌ရေးတပ်ဖွဲ့‌တွေ ပိုမိုချထားမယ်။ အခြားထူးထူးခြားခြား လုပ်‌ဆောင်ရသည့် ကဏ္ဍ‌တွေ‌တော့ မရှိပါဘူး။ အရင်နှစ်‌တွေလိုပဲ လုပ်‌ဆောင်သွားကြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်ပြည်နယ်‌နေ့၌ လုံခြုံ‌ရေးတာဝန် ယူကြရသည့် အဖွဲ့များမှာ ပြည်သူ့ရဲတပ်ဖွဲ့၊ အရံမီးသတ်အဖွဲ့၊ နယ်ခြား‌စောင့်တပ်အဖွဲ့နှင့် အခြားလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်သည်ဟု ဝန်ကြီး ‌စောကြည်လင်းက ဆက်‌ပြောသည်။

လုံခြုံ‌ရေး တိုးမြှင့်ချထားမည့် ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့ခံ လူငယ်တစ်ဦးဖြစ်သည့် ‌စောပြည့်ဖြိုးစံက “ဒီလို ‌နေ့ထူး‌နေ့မြတ် ကရင်ပြည်နယ်‌နေမှာ လုံခြုံ‌ရေးပိုမိုချထားတဲ့အ‌ပေါ် ပြည်နယ်ထဲက လူတချို့ ဗုံး‌ပေါက်ကွဲမှု‌တွေ ဖြစ်မလားဆိုပြီး စိုးရိမ်‌နေကြတယ်”ဟု ‌ပြောဆိုသည်။

ယခုနှစ် ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်ကို ဖားအံမြို့၊ သီရိကွင်း(ပြည်နယ်ကွင်း)၌ ကျင်းပမည်ဖြစ်ပြီး ပွဲ‌တော်တွင် ကရင်ဒုံးပြိုင်ပွဲများ၊ က‌လေးဒုံးများ၊ မြန်မာ့ရိုးရာလက်‌ဝှေ့ပွဲအပါအဝင် နာမည်ကြီး ‌ရော့ခ်‌တေးဂီတအဖွဲ့ဖြစ်သည့် (IC)အဖွဲ့၊ ဇာတ်သဘင် စသည့် ‌ဖျော်‌ဖြေပွဲများ ပါဝင်‌ကြောင်း သိရသည်။

နှစ်စဉ်ကျ‌ရောက်သည့် ကရင်ပြည်နယ်‌နေ့ကို ကရင်ပြည်နယ်အစိုးရက ဦးစီးကျင်းပ‌လေ့ရှိပြီး ယခုနှစ် (၅၈)ကြိမ် ‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ကရင်ပြည်နယ်အစိုးက ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ အဖွဲ့‌ပေါင်း ၂ဝ ‌ကျော်ခန့်ဖြင့် ဖွဲ့စည်းထားကာ ပွဲကို စီစဉ်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရအာဏာပိုင်များက ဆိုသည်။