Home ထိပ်တန်းသတင်း ‌မော်လမြိုင်တွင် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ(၆) စီးပွား‌ရေးရုံး ဖွင့်လှစ်

‌မော်လမြိုင်တွင် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ(၆) စီးပွား‌ရေးရုံး ဖွင့်လှစ်

1835

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၏ စီးပွား‌ရေးရုံးနှင့် ‌ဆောင်းဆည်းဆာကုမ္ပဏီဖွင့်ပွဲကို မွန် ပြည်နယ် ‌မော်လမြိုင်မြို့၊ မြိုင်သာယာ(၄)လမ်းတွင် ယ‌နေ့ နိုဝင်ဘာ ၂၂ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ စီးပွား‌ရေးရုံးများ ဖွင့်လှစ်ခြင်းသည် တပ်တွင်းမိသားစု စားဝတ်‌နေ‌ရေး‌ပြေလည်‌စေရန်၊ လူတန်းစားကွာဟမှု ပြဿနာ ကို ‌ဖြေရှင်းရန်၊ အလယ်အလတ် လူတန်းစားတစ်ရပ်‌ပေါ်ထွန်းရန်နှင့် ငြိမ်းချမ်း‌ရေးအတွက် အ‌ထောက်အကူပြု‌စေရန်ဖြစ်သည်ဟု KNU ဒူးပလာယာခရိုင် စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမန်းတင်လှိုင်က ‌ပြောသည်။

“ဒီ‌နေ့ နိုင်ငံ‌တော်အစိုးရနဲ့ တရင်းတနှီး ပူး‌ပေါင်း‌ဆောင်ရွက်လာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ‌ကေအဲန်ယူမိသားစု‌တွေ စားဝတ်‌နေ‌ရေး ‌ပြေလည်ဖို့‌ရော၊ ကရင်ပြည်နယ်မှာရှိတဲ့ ကရင် အပါအဝင် တိုင်းရင်းသားအားလုံး လုပ်ငန်းရရှိဖို့နဲ့ ဆင်းရဲမွဲ‌တေမှု ‌လျော့ချဖို့၊ ဒါကို လုပ်နိုင်ဖို့ ကျ‌နော်တို့ နိုင်ငံ‌တော်အစိုးရကို ‌တောင်းဆိုတယ်။”ဟု ပဒိုမန်းတင်လှိုင်က ‌ပြောဆိုသည်။

အဆိုပါ ‌ဆောင်းဆည်းဆာကုမ္ပဏီဖွင့်ပွဲသို့ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဦး‌ဆောင်သည့်အစိုးရအဖွဲ့နှင့် ဒူးပလာယာခရိုင် စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ဦး‌ဆောင်ပြီး ကရင်အဖွဲ့အစည်း စုစု‌ပေါင်း ၅ဝဦးခန့် တက်‌ရောက်ကြသည်ဟု သိရသည်။

ဖွင့်ပွဲတက်‌ရောက်ခဲ့သည့် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ဌေးမြင့်‌အောင်က အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေစဉ်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် နိုင်ငံ ‌တော်အ‌နေဖြင့် ပြည့်ဝသည့် ကူညီ‌ထောက်ပံ့မှုများ မ‌ပေးနိုင်ခြင်း‌ကြောင့် စီးပွား‌ရေးလုပ်ကိုင်နိုင်‌ရေးနှင့်ပတ်သက်၍ နည်းလမ်းရှာ ကာ ပူး‌ပေါင်း‌ဆောင်ရွက်လျှက်ရှိသည်ဟု ‌ပြောသည်။

၎င်းက “တိုင်းရင်းသားအဖွဲ့‌တွေကို စီးပွား‌ရေးလမ်း‌ကြောင်း‌ပေါ်ကို ‌ရောက်လာ‌အောင် ဆွဲတင်တာ ဖြစ်တယ်။ ဒါ‌ကြောင့် ဒီက‌နေ့ ဆက်ဆံ‌ရေးရုံးဖွင့်သလို စီးပွား‌ရေးရုံး‌တွေလည်း ဖွင့်ကြပါတယ်။ ကုမ္ပဏီ‌တွေ ပြုလုပ်ကြတာဖြစ်တယ်။ ဒီအ‌ပေါ်မှာ မူတည်ပြီး ‌တော့မှ တရားဝင် စီးပွား‌ရေးလမ်း‌ကြောင်းမှတဆင့် ရရှိတဲ့အကျိုးအမြတ်‌တွေနဲ့ မိသားစုရပ်တည်ကြတာဖြစ်တယ်။”ဟု ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ စီးပွား‌ရေးရုံး ဖွင့်လှစ်နိုင်ခြင်းသည် အစိုးရနှင့် ‌ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်း ဖြစ်ထွန်းလာ သည့် ‌ကောင်းကျိုးရလဒ်တစ်ခုပင်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဗဟို ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန တာဝန်ခံ ပဒိုမန်းမြ‌မောင်က ‌ပြောသည်။

‌ကေအဲန်ယူအ‌နေဖြင့် တပ်တွင်းမိသားစု စားဝတ်‌နေ‌ရေး ‌ပြေလည်‌စေရန်နှင့် ငြိမ်းချမ်း‌ရေးအတွက် အ‌ထောက်အကူပြု‌စေရန် အလားတူ စီးပွား‌ရေးရုံးများကို ဖားအံ၊ ရန်ကုန်တို့၌လည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။