Home သတင်း ‌နော်အုန်းလှ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား ၆၉ဦး ပြန်လည်လွတ်‌မြောက်လာ

‌နော်အုန်းလှ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား ၆၉ဦး ပြန်လည်လွတ်‌မြောက်လာ

1507

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

လက်ပံ‌တောင်း‌ကြေးနီစီမံကိန်း ရပ်ဆိုင်း‌ရေး ဆန္ဒပြခဲ့မှု‌ကြောင့်‌ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူ ‌နော်အုန်းလှ အပါအ ဝင် နိုင်ငံ‌ရေးအကျဉ်းသား ၆၉ဦးမှာ သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းခွင့်ဖြင့် ယ‌နေ့ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံ ဥပ‌ဒေပုဒ်မ (၂၀၄) (က)နှင့်အညီ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပ ‌ဒေ ပုဒ်မ ၄၀၁ (၁)အရ နိုင်ငံ‌ရေးအကျဉ်းသားများကို မြန်မာနိုင်ငံ အကျဉ်း‌ထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် မန္တ‌လေး‌ထောင်မှ ‌နော်အုန်းလှလည်း ပါဝင်ခြင်းဖြစ်သည်။

ပြန်လည်လွတ်‌မြောက်လာသူ ‌နော်အုန်းလှက “အန်တီ့ကို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချတာပဲ‌လေ။ အခု လွတ်ငြိမ်းချမ်းသာ ခွင့် ဆို‌ပေမယ့် ခံဝန်ကတိ‌တွေ ထိုးခိုင်းတာမျိုး‌တော့ မရှိဘူး။ ထိုးခိုင်းရင်လည်း အန်တီက ဘာခံဝန်ကတိမှ ထိုး‌ပေးမှာ မဟုတ် ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ နိုင်ငံ‌ရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်‌ပေးရာတွင် နိုင်ငံ‌ရေး အမြတ်ထုတ်လိုမှုဖြင့် လွှတ်‌ပေးခြင်းမျိုး မဟုတ်ဘဲ အစိုးရမှ ‌စေတနာမှန်ဖြင့် နိုင်ငံ‌ရေးအကျဉ်းသားဟု သတ်မှတ်ထားသူ ကျန်အကျဉ်းသားအားလုံးကိုလည်း လွှတ်‌ပေး ‌စေချင်‌ကြောင်း ‌နော်အုန်းလှက ဆက်လက် ‌ပြောကြားသည်။

‌နော်အုန်းလှကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ အပြင် နိုင်ငံ‌တော် အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် စွဲချက်တင် ပြီး မုံရွာမြို့နယ်တရားရုံးတွင် ဩဂုတ်လ ၂၇ရက်‌နေ့က ရုံးထုတ်စစ်‌ဆေးပြီး‌နောက် ၂၉ရက်‌နေ့တွင် အမိန့်ချမှတ်ခံခဲ့‌သော်လည်း မုံရွာအကျဉ်း‌ထောင်တွင် ၁၅ရက်ကြာ အစာငတ်ခံ ဆန္ဒပြ‌သော‌ကြောင့် အာဏာပိုင်များက မန္တ‌လေးအကျဉ်း‌ထောင်သို့ ထပ်မံ ‌ပြောင်း‌ရွှေ့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်လာမှုနှင့်ပတ်သက်ပြီး နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)၏ တွဲဘက်အတွင်း‌ရေးမှူး ကိုဘိုကြည်က “သမ္မတက‌တော့ ဒီနှစ်ကုန်ရင် နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွှတ်‌ပေးမယ် ‌ပြောတယ်။ အခုလွှတ်တာက သမ္မတ‌ပြောတဲ့အတိုင်း တစိတ်တ‌ဒေသသာ ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ယခုလို နိုင်ငံ‌ရေးအကျဉ်းသား လွတ်‌မြောက်လာ‌သော်လည်း ‌နောက်ဆုံးစာရင်းအရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်း‌ထောင်များတွင် အကျဉ်းကျခံ‌နေရသူ နိုင်ငံ‌ရေးအကျဉ်းသား‌ပေါင်း ၆ဝခန့်ရှိသလို အမှုရင်ဆိုင်‌နေရသူ ၂၆၅ဦး ကျန်ရှိ‌နေ‌သေး‌ကြောင်း ကိုဘို ကြည်က ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့ထုတ်ပြန်‌သော နိုင်ငံ‌တော် သမ္မတရုံး၏ ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ မကုန်မီ နိုင်ငံ‌ရေးအကျဉ်း သားအားလုံး ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်‌ရေးအတွက် နိုင်ငံ‌ရေးအကျဉ်းသားများ စိစစ်‌ရေး‌ကော်မတီက ဆက်လက် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ယ‌နေ့ ပြန်လည်လွတ်‌မြောက်လာသည့် နိုင်ငံ‌ရေးအကျဉ်းသားများမှာ အင်းစိန်‌ထောင်၊ မန္တ‌လေး‌ထောင်၊ မြင်းခြံ၊ သာယာဝတီ၊ ‌တောင်ငူ၊ ‌ရွှေဘို၊ မုံရွာ၊ ပုသိမ်၊ သထုံ၊ အဂင်္ဘို ရဲဘက်စခန်း၊ ဗန်း‌မော်၊ မြစ်ကြီးနား၊ သီ‌ပေါ၊ ကျိုင်းတုံ၊ ‌ကျောက်ဖြူ၊ စစ်‌တွေ၊ သံတွဲ နှင့် ဘူးသီး‌တောင် စသည့်အကျဉ်း‌ထောင်များမ ှဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံ‌ရေးအကျဉ်းသားနှင့် ရာဇဝတ်အကျဉ်းသားများကို ၁၃ကြိမ် လွတ်ငြိမ်းသာခွင့်‌ပေးခဲ့ရာ ယခုအ ချိန်ထိ နိုင်ငံ‌ရေးအကျဉ်းသားဦး‌ရေ ၁,၁၀ဝ ဝန်းကျင်ရှိပြီဟု AAPP က ဆိုသည်။