Home သတင်း ‌နောင်လုံ‌အောင်သာယာကွင်းကို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့ ‌ရောင်းချမှု ‌ဒေသခံများ တိုင်ကြား

‌နောင်လုံ‌အောင်သာယာကွင်းကို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့ ‌ရောင်းချမှု ‌ဒေသခံများ တိုင်ကြား

2285
(အိန္ဒဲ‌ကျေးရွာ၌ နိုဝင်ဘာ ၂၈ရက်က ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲ)

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၃ခုနှစ်၊ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ်၊ အိန္ဒဲ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးအဖွဲ့က ‌ဒေသခံ‌ကျေးရွာသူရွာသားများအား အသိမ‌ပေးဘဲ အများပိုင် ‌နောင်လုံ ‘‌အောင်သာယာ‌ဘောလုံးကွင်း’ကို ‌ရောင်းချခဲ့သည့်အ‌ပေါ် အိန္ဒဲ‌ကျေးရွာအုပ်စု ‌ဒေသခံများက ယမန်‌နေ့ နိုဝင်ဘာ(၂၈)ရက်‌နေ့တွင် လက်မှတ်‌ရေးထိုး တိုင်ကြားလိုက်သည်။

၄ဧက‌ကျော် ကျယ်ဝန်းသည့် အဆိုပါ‌ဘောလုံးကွင်းကို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့က ရပ်ရွာဖွံ့ဖြိုး‌ရေးအတွက် ‌မြေကွက် ၁၁ ကွက်ချကာ ကျပ်‌ငွေသိန်း ၃၀၀‌ကျော်ဖြင့် ဝယ်လိုသူ ‌ဒေသခံများထံ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က ‌ရောင်းချခဲ့ခြင်းနှင့် ပတ်သက်၍ အိန္ဒဲ‌ကျေးရွာအုပ်စု၊ ‌နောင်လုံဌာန်ပတိုင်ဘုန်းကြီး‌ကျောင်း၌ ‌ဆွေး‌နွေးပွဲ ကျင်းပပြီး တက်‌ရောက်လာသူ ‌ဒေသခံ ၄၈၂ဦးက ၎င်းတို့ လက်မှတ်ထိုး တိုင်ကြားထား‌သောစာကို ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာထံသို့ ‌ပေးအပ်လိုက်ခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ သ‌ပြေကုန်းရွာသား ‌စောကြည်လင်းက “အုပ်ချုပ်‌ရေးမှူးအဖွဲ့က ကွင်း‌ရောင်းဖို့ ရွာသားဘက်က ဘာ တစ်ခုမှ မသိဘူး။ ဝယ်လိုက်တဲ့သူ‌တွေ ခြံစည်းရိုးလာခတ်မှသာ အ‌ခြေအ‌နေသိရတယ်။ အခုကွင်းကို အရင် မိရိုးဖလာအတိုင်း ပြန်ထားဖို့နဲ့ ‌နောင်မျိုးဆက်‌တွေ ကစားနိုင်‌အောင် တရားဝင်ကွင်းဖြစ်ဖို့ ‌ဖြေရှင်းသွားချင်လို့ တင်ပြတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

သို့‌သော် ‌ကျေးရွာပိုင် ‌ဘောလုံးကွင်း‌ရောင်းခဲ့ရသည့် အ‌ကြောင်းရင်းမှာ ကိုယ်ထူကိုယ်ထစနှစ်ဖြင့် ‌ကျေးရွာမီးလင်း‌ရေးအတွက် လုပ်‌ဆောင်ခဲ့စဉ်တွင် ‌ငွေ‌ကြေးမလုံ‌လောက်သဖြင့် ‌ရောင်းရခြင်းဖြစ်‌ကြောင်း အိန္ဒဲ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောထွန်း‌အောင် က ‌ကေအိုင်စီသို့ ယခုလို ရှင်းလင်း‌ပြောဆိုသည်။

“ကျ‌နော်တို့ မီးလင်း‌ရေးလုပ်‌ဆောင်ခဲ့တုန်းက ‌ငွေမ‌လောက်ဘူး။ ‌ငွေကျပ်သိန်းသုံးဆယ်‌ကျော် လိုအပ်တယ်။ အတိုးနှုန်း ၅ကျပ်နဲ့ သွား‌ချေးယူတယ်။ ဒါ‌ကြောင့် ဒီကွင်းကို ‌ရောင်းရတာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသား‌တွေကို အစည်းအ‌ဝေး‌ခေါ်တယ်။ သူတို့မလာဘူး။”ဟု အုပ်ချုပ်‌ရေးမှူး ‌စောထွန်း‌အောင်က ‌ပြောသည်။

ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာက ‌နောင်လုံ ‌အောင်သာယာ ‌ဘောလုံးကွင်းကိစ္စနှင့် ပတ်သက်၍ အ‌ကောင်းဆုံးအ‌ဖြေ‌ပေါ် လာ‌အောင် ချက်ချင်း မဆုံးဖြတ်နိုင်‌သေး‌ကြောင်း၊ ‌နောက်ထပ် ‌ဆွေး‌နွေးပွဲများ ထပ်မံ ပြုလုပ်သွားရန် လိုအပ်‌ကြောင်း၊ အုပ်ချုပ် ‌ရေးမှူးနှင့် ‌ဒေသခံများအကြား အချင်းချင်း တိုင်ပင်၍ ‌ဖြေရှင်းနိုင်လျှင် အ‌ကောင်းဆုံးဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားခဲ့ သည်။

ယင်း‌ဆွေး‌နွေးပွဲတွင် အမျိုးသားလွှတ်‌တော်အမတ် ‌စောသိန်း‌အောင်နှင့် ‌စော‌အောင်‌ကျော်နိုင်၊ ပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနဝန် ကြီး‌စောကြည်လင်းနှင့် ‌ဒေသခံ စုစု‌ပေါင်း (၂၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဖားအံမြို့နယ်၊ အိန္ဒဲ‌ကျေးရွာအုပ်စုအတွင်း၌ တမိုင်၊ ‌ကော့ခမိတ်၊ ‌ကော့ဝမ်း၊ သ‌ပြေကုန်း၊ လိုင်ကား‌ချောင်းနားရွာနှင့် ‌ပြေလယ်ဦး အပါအဝင် ရွာ ၁၃ရွာရှိ‌ကြောင်း သိရသည်။