Home ထိပ်တန်းသတင်း ‌ညောင်‌လေးပင်မြို့နယ် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေသင်ကြား‌ရေး ခက်ခဲမှုရှိ‌နေ‌သေး

‌ညောင်‌လေးပင်မြို့နယ် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေသင်ကြား‌ရေး ခက်ခဲမှုရှိ‌နေ‌သေး

2450
(‌ညောင်‌လေးပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်‌တော်ကိုယ်စားလှယ် ‌စောလင်း‌အောင်)

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ညောင်‌လေးပင်မြို့နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများတွင် ကရင်စာ‌ပေသင်ကြား‌ရေး‌ကော်မတီ ဖွဲ့စည်း ပြီး ‌ကျောင်းချိန်ပြင်ပ၌ ကရင်စာ‌ပေ သင်ကြား‌နေ‌သော်လည်း အခက်အခဲရှိ‌နေ‌သေး‌ကြောင်း ‌ညောင်‌လေးပင်မြို့နယ် ပညာ‌ရေးမှူး ဆရာမကြီး ‌နော်ချစ်‌မေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခက်အခဲရှိတာက ‌ကျောင်းတစ်‌ကျောင်းမှာဆို ဆရာကိုင်ဖို့ ပြဌာန်းစာအုပ်တစ်အုပ်စီပဲ ရှိတယ်။ ‌ကျောင်းသား‌တွေကို မ‌ပေး နိုင်‌သေးဘူး။ ‌နောက်ပြီး ‌ကျောင်းမှာရှိတဲ့ ကရင်ဆရာ၊ဆရာမ တစ်ချို့ ကရင်စာမတတ်တာ‌တွေရှိ‌တော့ ကရင်စာတတ်တဲ့‌ကျေးရွာ ‌တွေက ဆရာဆရာမ‌ခေါ်ပြီး‌တော့ လုပ်အား‌ပေးအ‌နေနဲ့ သင် ကြား‌နေရတာ‌တွေ ရှိတယ်။”ဟု ၎င်း‌ကော်မတီ၏ ဥက္ကဌလည်းဖြစ် သူ ဆရာမကြီး‌နော်ချစ်‌မေက ‌ပြောသည်။

‌ညောင်‌လေးပင်မြို့နယ်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း‌ကျောင်း‌ပေါင်း ၂၇‌ကျောင်းမှ ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၀၈၃ဦးကို ကရင်ဆရာ၊ ဆရာမ ၃၇ဦးက ‌ကျောင်းဆင်းချိန် ၃နာရီခွဲမှ ၄နာရီအထိ နာရီဝက်ကြာ ကရင်စာ‌ပေသင်ကြားသည့် အစီအစဉ်ကို ပဲခူးတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူဗလီစံလှက ဦး‌ဆောင်ကာ ယခုနှစ် ဇွန်လ ၁ရက် ‌နေ့(‌ကျောင်းဖွင့်ရက်)မှ စတင် သင်ကြား‌ပေးလာခဲ့ခြင်းဖြစ်သည်။

‌ညောင်‌လေးပင်မြို့နယ်တွင် လက်ရှိ အဓိကထား သင်ကြား‌ပေး‌နေသည့် ကရင်စာ‌ပေမှာ ၁၉၆၆ခုနှစ်က အစိုးရ ပြဌာန်းထားသည့် မှုလတန်းအဆင့် စ‌ကောကရင် သင်ရိုးညွန်းတမ်းသာဖြစ်ပြီး ကရင်လူမျိုးမဟုတ်သူများလည်း စိတ်ပါဝင်စားပါက သင်ယူနိုင် ‌ကြောင်း သိရသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီး‌နောက် အစိုးရ‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေ သင်ကြားနိုင်ရန် တရားဝင် ခွင့်ပြုထားခြင်း မရှိ‌သေးသဖြင့် ယခုလုပ်‌ဆောင်‌နေသည့် ကရင်စာ‌ပေသင်ကြား‌ရေးမှာ ခက်ခဲ‌နေ‌သေး‌ကြောင်း ၎င်းစာ‌ပေသင်ကြား‌ရေး‌ကော်မတီ နာယက ‌ညောင်‌လေးပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်‌တော်ကိုယ်စားလှယ် ‌စောလင်း‌အောင်ကလည်း ‌ပြောသည်။

‌စောလင်း‌အောင်က “အစိုးရက သင်ဖို့မူရှိတယ်။ သင်ရိုးညွှန်းတမ်းလည်း ဆွဲပြီးသွားပြီ။ တိုင်းရင်းသားလူမျိုးအလိုက် ဆရာ၊ ဆရာမ‌တွေခန့်ပြီး သင်‌ပေးဖို့လည်း မူရှိတယ်။ ဒါ‌ပေမဲ့ တရားဝင် ခွင့်ပြုထားတာ မရှိ‌သေးတဲ့အတွက် ကျယ်ကျယ်ပြန်ပြန့်နဲ့ သင်ကြားနိုင်ဖို့ အခက်အခဲ‌လေး‌တွေ‌တော့ ရှိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ကရင်စာ‌ပေသင်ကြား‌နေခြင်းကို ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းပညာ‌ရေးမှူးနှင့် သက်ဆိုင်ရာ မြို့နယ်ပညာ‌ရေးမှူး ထံ အသိ‌ပေးပြီးမှသာ လုပ်‌ဆောင်ခြင်းဖြစ်ပြီး အခြား‌သော မြို့နယ်များတွင် ရပ်မိရပ်ဖများက ကရင်စာ‌ပေသင်ကြားရန် လိုလား ကြ‌သော်လည်း မြို့နယ်ပညာ‌ရေးမှူးများ၏ စိုးရိမ်မှုများ‌ကြောင့် သင်ကြားရန် အခက်အခဲများ ရှိ‌နေ‌သေး‌ကြောင်း လွှတ်‌တော်ကိုယ် စားလှယ် ‌စောလင်း‌အောင်က ဆက်လက် ‌ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဒိုက်ဦး၊ ‌ကျောက်တံခါး၊ ‌ကျောက်ကြီး စသည့်မြို့နယ်များ၌လည်း ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေ သင်ကြားနိုင်ရန်အတွက် အဆိုပါ‌ကော်မတီထံ ချိတ်ဆက်မှုရှိသည်။ ကရင်လူမျိုး အများဆုံး ‌နေထိုင်လျက်ရှိသည့် ပဲခူးတိုင်း‌ဒေသကြီးတွင် အခြားတိုင်းရင်းသားများဖြစ်‌သော မွန်၊ ပအိုဝ်း၊ ချင်း၊ သျှမ်း လူမျိုးများရှိ‌သော်လည်း ၎င်းတို့၏ စာ‌ပေ များကို ‌ကျောင်းချိန်ပြင်ပတွင် သင်ကြားနိုင်ခြင်း မရှိ‌သေး‌ပေ။