Home သတင်း ‌ကျေးရွာပိုင်ရာဘာခြံကို အာဏာပိုင်နှင့်‌ပေါင်းကာ အပိုင်သိမ်းရန် ကြိုးစား

‌ကျေးရွာပိုင်ရာဘာခြံကို အာဏာပိုင်နှင့်‌ပေါင်းကာ အပိုင်သိမ်းရန် ကြိုးစား

2861
Photo-KIC (ဂျို့‌ချောင်း‌ကျေးရွာပိုင် ရာဘာခြံ)

နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဂျု့ိ‌ချောင်း‌ကျေးရွာပိုင် ရာဘာခြံ ၂၃ဧက‌ကျော်ကို ‌ရွှေဂွန်းရွာသူ အမျိုးသမီးတစ်ဦးက ‌မြေစာရင်း အာဏာပိုင်တစ်ဦးနှင့် ပူး‌ပေါင်းကာ သူမပိုင်ခြံအဖြစ် သိမ်းဆည်းရန် ကြိုးစား‌နေသည်ဟု ၎င်းရွာသူရွာသားများက ‌ပြောသည်။

ဂျို့‌ချောင်း‌ကျေးရွာပိုင်ဆိုင်သည့် ကွင်းအမှတ် (1455-ဃ)ကို ၁၉၉၅ခုနှစ်တွင် ရွာသူရွာသားများက ခုတ်ထွင်ရှင်းလင်းပြီး ရာဘာ ပင်များကို စိုက်ပျိုးခဲ့သည်။ ရာဘာ‌စေးထွက်‌သောအခါ ‌ကျေးရွာဘုန်း‌တော်ကြီးက ဒကာဖြစ်သူ၏သမီး ‌ရွှေဂွန်းရွာသူ မစိုးမိုးအား ရွာသားများ၏သ‌ဘောတူညီမှုဖြင့် ရာဘာခြစ်ရန်အတွက် ၂၀၀၅ခုနှစ်တွင် အပ်နှံခဲ့ရာမှ ယခုလို အပိုင်သိမ်းရန် ကြိုးစားလာခြင်း ဖြစ်‌ကြောင်း ဂျို့‌ချောင်းရွာ အုပ်ချုပ်‌ရေးမှူး မန်းစံဦးက ‌ပြောသည်။

“ရာဘာခြံကို ၃ပုံမှာ ၂ပုံ ယူမယ်လို့ သူမက ‌ပြောတယ်။ ရွာသား‌တွေက‌တော့ လက်မခံဘူး။ အများပိုင်‌မြေကို အများပိုင်ခြံ‌မြေအ ဖြစ်နဲ့ပဲ ရွာသား‌တွေက ထားချင်တယ်။ ရာဘာထွက်လို့ ‌ရောင်းရတဲ့‌ငွေကို အလုပ်သမားခရှင်းပြီး ကျန်တာ ‌ကျေးရွာရန်ပုံ‌ငွေအ ဖြစ် ‌ပေးခိုင်းထားတယ်။”ဟု မန်းစံဦးက ‌ပြောသည်။

သို့‌သော် မစိုးမိုးသည် ၂၀၁၁ခုနှစ်မှစ၍ ‌ကျေးရွာရန်ပုံ‌ငွေ မသွင်းသည့်အပြင် ထိုရာဘာခြံ‌ပေါင်း (၂၃.၅၀)ဧကကို သူမတစ်ဦး တည်း ပိုင်ဆိုင်နိုင်ရန် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ ၁၁ရက်‌နေ့က မစိုးမိုးသည် ရွာသားများနှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးကို အသိ‌ပေးခြင်းမရှိဘဲ လာ‌ရောက်တိုင်းတာသွားခဲ့သည်။

ထိုရာဘာခြံမှာ ‌ကျေးရွာပိုင်ခြံအမည်ဖြင့် လှိုင်းဘွဲမြို ့၊ ‌မြေစာရင်းဦးစီးဌာနက နှစ်စဉ် ‌ပြေစာ ထုတ်‌ပေးခဲ့‌သော်လည်း ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၂ရက်‌နေ့တွင် မြို့နယ်‌မြေစာရင်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးဝင်းက မစိုးမိုးနှင့်အတူ ဂျို့‌ချောင်းဘုန်းကြီး‌ကျောင်း သို့ ‌ရောက်ရှိလာပြီး ရွာသားများ ကိုင်‌ဆောင်ထားသည့် ရာဘာခြံ‌ပြေစာမှာ တရားမဝင်ဟု ‌ပြောဆိုသွားခဲ့သည်။

ဂျို့‌ချောင်းရွာသား ‌စောထိန်ဝင်းက “ဒီပြဿနာကို ‌ဖြေရှင်းဖို့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနဲ့ ကျ‌နော်တို့ရွာသား‌တွေ မစိုးမိုးကို စာနဲ့အ ကြိမ်ကြိမ်‌ခေါ်‌ပေမဲ့ သူမလာဘူး‌လေ။ အဲဒါ‌ကြောင့် ဒီ‌ကျေးရွာပိုင်ရာဘာခြံကို သူ့ကိုလုပ်ပိုင်ခွင့်ပိတ်ဖို့ ဌာနဆိုင်ရာကိုပဲ အ‌ကြောင်း ကြားစာ တင်ထားတယ်။”ဟု ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ လှိုင်းဘွဲမြို့နယ်၊ ‌မြေစာရင်းဦးစီးမှူး ဦးမင်း‌ဝေအား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ၎င်းက “ဒီကိစ္စကို ကျ‌နော်တို့ ဘာမှမလုပ်‌ဆောင်ရ‌သေးဘူး။ ကွင်းဆင်း စစ်‌ဆေးရဦးမယ်။”ဟု တုန့်ပြန်‌ပြောဆိုသည်။

၅,၉၃၅ဧက ကျယ်ဝန်း‌သော ဂျို့‌ချောင်း‌ကျေးရွာသည် လှိုင်းဘွဲမြို့၏ အ‌နောက်ဘက်တွင်တည်ရှိပြီး အိမ်‌ခြေ ၄၂၇လုံးနှင့် စုစု‌ပေါင်း လူဦး‌ရေ ၃,၅၇၂ဦးရှိသည်။