Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် လူထု‌ဆေး‌ပေးခန်းတစ်ခု ‌ကေအဲန်ယူ ဖွင့်လှစ်

‌ကော့ကရိတ်မြို့နယ်တွင် လူထု‌ဆေး‌ပေးခန်းတစ်ခု ‌ကေအဲန်ယူ ဖွင့်လှစ်

2126
Photo-KIC (မဲ့ကနဲ‌ကျေးရွာ ‌ဆေး‌ပေးခန်းဖွင့်ပွဲ)

နိုဝင်ဘာ ၂၁ရက်၊၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

‌ကော့ကရိတ်မြို့နယ်၊ နို့ဖိုး‌ကျေးရွာအုပ်စုရှိ မဲ့ကနဲ(မဲကနယ်)‌ကျေးရွာတွင် ‌ဒေသခံ‌ကျေးလက်လူထုကို ကျန်းမာ‌ရေး ‌စောင့်‌ရှောက် နိုင်‌ရေးအတွက် ယမန်‌နေ့က ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ‌ကျေးလက်‌ဆေး‌ပေးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။

မဲ့ကနဲ‌ကျေးရွာ အပါအဝင် ၎င်း‌ဒေသအနီးရှိ ‌ကျေးရွာများမှာ နှစ်‌ပေါင်းများစွာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ကင်းကွာခဲ့သည်ကို ဖြည့်ဆည်း‌ပေးရန်အတွက် ‌ဒေသခံလူထုက တင်ပြလာမှုအ‌ပေါ် ‌ဆေး‌ပေးခန်းတည်‌ဆောက်ကာ ဖွင့်လှစ်လိုက်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် အတွင်း‌ရေးမှူး ‌စောအယ်‌ကော်‌သောက ယခုလို ‌ပြောသည်။

ပဒို‌စောအယ်‌ကော်‌သောက “‌ကျေးရွာလူထု‌တွေဟာ မြဝတီမြို့အထိ ‌ဆေးခန်းသွားမယ်ဆိုရင် ‌ဝေးတယ်‌လေ။ ဒါ‌ကြောင့် နို့ဖိုး ‌ကျေးရွာအုပ်စုထဲမှာ ‌ဆေးခန်းတစ်လုံးလုံး တည်‌ဆောက်ဖို့ ကျ‌နော်တို့ တာဝန်ရှိသူ‌တွေထဲက တိုင်ပင်ပြီး ဒီ‌ဆေးခန်းကို တည် ‌ဆောက်ဖြစ်သွားတာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ့ကနဲ‌ဆေး‌ပေးခန်း ယခုလို မဖွင့်လှစ်မီ တစ်လခန့်က ‌ကျေးရွာအတွင်းရှိ ‌ဆေးဆရာ၊ ဆရာမများနှင့် ‌ကေအဲန်ယူ ဗဟို ကျန်းမာ ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)တို့ ပူး‌ပေါင်း၍ ‌ကျေးရွာလူထုများကို အခမဲ့ ‌ဆေးဝါး‌ပေး‌ဝေမှုနှင့် ‌ဆေးကုသမှုအချို့ စတင် လုပ်‌ဆောင်ခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

ယမန်‌နေ့ မဲ့ကနဲ‌ဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ KDHW တာဝန်ခံ ပဒို‌စောအဲ့ကလူ‌ရွှေဦး၊ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် အတွင်း‌ရေးမှူး ‌စောအယ်‌ကော်‌သော၊ တပ်မဟာ(၆) စစ်‌ကြောင်းမှူး ဗိုလ်မှူး‌စောလမင်း၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း (BMA)၊ မြဝတီခရိုင်အတွင်းရှိ အစိုးရ၏ စစ်ဘက်၊ အုပ်ချုပ်‌ရေးဘက်နှင့် နယ်ခြား‌စောင့်တပ်တို့မှ တာဝန်ရှိသူအချို့ အပါအဝင် ‌ဒေသခံလူထု စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယင်းဖွင့်ပွဲအခမ်းအနား တက်‌ရောက်ခဲ့သူ ‌ဒေသခံ ‌စောဆဲခူထီးက “‌ကေအဲန်ယူက အခုလို ကျ‌နော်တို့‌ဒေသခံ‌တွေအတွက် ‌ဆေးခန်း‌ဆောက်‌ပေးတာ အရမ်းဝမ်းသာတယ်။ အရင်တုန်းကဆိုရင် ဖျားနာတဲ့အခါ မြဝတီ၊ ဒါမှမဟုတ်ရင် ထိုင်းဘက်နိုင်ငံကို အ‌ဝေးကြီး သွားကုရတယ်။ အခုဆိုရင် အထူးသဖြင့် ကိုယ်ဝန်‌ဆောင်အမျိုးသမီးအတွက် ‌တော်‌တော်‌ကောင်းတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မဲ့ကနဲ‌ကျေးရွာတွင် ‌ဆေး‌ပေးခန်းတည်‌ဆောက်ဖွင့်လှစ်ပြီး‌နောက် နို့ဖိုး‌ကျေးရွာအုပ်အတွင်းရှိ နို့ဖိုးရွာနှင့် ထီးမူးထာ့ရွာများ၌လည်း အလားတူ ‌ဆေး‌ပေးခန်း တည်‌ဆောက်သွားနိုင်ရန် ‌ဆောင်ရွက်သွားမည်ဟု အဆိုပါ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် အတွင်း ‌ရေးမှူးက ဆက်လက် ‌ပြောဆိုသည်။

မဲ့ကနဲ‌ဆေး‌ပေးခန်းကို ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့က စတင် တည်‌ဆောက်ခဲ့ရာ ၎င်းမှာ ‌ကေအဲန်ယူ နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေး ကာလအတွင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်တွင် ပထမဦးဆုံး တည်‌ဆောက်ဖွင့်လှစ်နိုင်သည့် ‌ဆေးခန်းတစ်ခုဖြစ်‌ကြောင်း သိရသည်။