Home သတင်း အာရှလမ်းမကြီး‌ဖောက်လုပ်မှုတွင် မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်မရ

အာရှလမ်းမကြီး‌ဖောက်လုပ်မှုတွင် မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်မရ

1490
Photo-JACBA (အာရှအ‌ဝေး‌ပြေးလမ်း ‌ဖောက်လုပ်‌ရေးစီမံကိန်း လုပ်ငန်း‌နေရာ)

နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီနှင့် ‌ကော့ကရိတ်မြို့နယ်အကြား ‌ဒေါန‌တောင်‌ခြေတွင် ‌ဖောက်လုပ်‌နေ‌သော အာရှအ‌ဝေး‌ပြေးလမ်းမကြီးမှ မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်သမားဥပ‌ဒေအရ ‌နေ့စားခ ထိုင်းဘတ်‌ငွေ ၃၀ဝနှုန်း မရရှိဘဲ အလုပ်လုပ်‌နေကြရသည်။

မြဝတီမြို့နယ်အတွင်းရှိ အာရှလမ်းမ‌ဖောက်လုပ်သည့်‌နေရာသို့ နိုဝင်ဘာ ၁၁ရက်‌နေ့က သွား‌ရောက်‌လေ့လာခဲ့ပြီး အလုပ်သမား ၅ဝခန့်နှင့် စကား‌ပြောဆိုရာမှ လုပ်အားခ အပြည့်မရရှိမှုကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

“အလုပ်စခိုင်းတုန်းက ထိုင်းဥပ‌ဒေသတ်မှတ်နှုန်းအတိုင်း ‌နေ့စားခ‌ပေးမယ်။ အချိန်ပိုဆိုရင် တစ်နာရီ ၅၆ဘတ်၊ စက်ယန္တရားယာဉ် ‌မောင်းတဲ့ မြန်မာ‌တွေကို ဘတ် ၃၀ဝအထက် ‌ပေးမယ်‌ပေါ့။ ‌နောက်ပြီး တနဂင်္‌နွေနားရက်မှာလုပ်ရင် ပုံမှန်ထက် နှစ်ဆ‌ပေးပြီး ‌နေမ ‌ကောင်းဖြစ်ရင် လုပ်အားခမဖြတ်ဘူးလို့ ‌ပြောခဲ့‌ပေမဲ့ ခုတနှစ်‌ကျော်လာတာ‌တောင် အပြည့်မရ‌သေးဘူးလို့ ‌ပြောကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အာရှလမ်းမကြီး ‌ဖောက်လုပ်သည့်လုပ်ငန်းတွင် လမ်း‌ဖောက်သူအလုပ်သမား စုစု‌ပေါင်း လူဦး‌ရေ ၃၀ဝခန့်ရှိရာ အလုပ်ကြမ်း သမားများက ‌နေ့စားခအဖြစ် ဘတ် ၁၈ဝမှ ၂၅ဝဘတ်အထိသာ ရရှိကြပြီး ယင်းသို့ လုပ်အားခ အပြည့်မ‌ပေး‌သော ထိုင်းကုမ္ပဏီ မှာ ယခုစီမံကိန်းတွင် ပါဝင်‌သော Sky Construction Co, ltd ဖြစ်သည်။

ထို့အပြင် စက်ယန္တရားယာဉ်ကြီး‌မောင်းသူ ထိုင်းနိုင်ငံသားများက ‌နေ့စားခဘတ် ၇၀ဝမှ ၁၀၀ဝအထိ ရရှိကြ‌သော်လည်း မြန်မာ ယန္တရားယာဉ်ကြီး‌မောင်းသူများမှာမူ ‌နေ့စားခ ဘတ် ၃၀ဝနှင့် ထမင်းဖိုး ၅ဝဘတ်သာရရှိ‌ကြောင်း သိရသည်။

ယင်းသို့ သတ်မှတ်ချက် လုပ်အားခအပြည့် မရရှိမှုအ‌ပေါ် ‌အောက်တိုဘာလက အာဆီယံအ‌ဝေး‌ပြေးလမ်း လုပ်ငန်းခွင်သို့ ‌ရောက် ရှိခဲ့သည့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိ ‌ဒေါ်မြစန်းဝင်းထံ အ‌ခြေအ‌နေများ တင်ပြခဲ့‌သော်လည်း ယခုအချိန်ထိ တုံ့ပြန်မှု တစုံတရာ မရရှိ‌သေး‌ကြောင်း အဆိုပါမြန်မာအလုပ်သမားများက ‌ပြောသည်။

အာရှလမ်းမကြီး‌ဖောက်သည့် အလုပ်သမားကိုလင်းက “တနဂင်္‌နွေ‌နေ့မှာ အလုပ်လုပ်ရင် နှစ်ရက်စာရမယ်လို့ မူလက‌ပြောတယ်။ လက်‌တွေ့မှာ တစ်ရက်ခွဲစာပဲ‌ပေးပြီး အလုပ်မဆင်းရင် ၂ရက်စာ ‌ငွေဖြတ်တယ်။”ဟု ရှင်းပြ‌ကြောင်း ဦးမိုးကြိုးက ပြန်လည်‌ပြောဆို သည်။

Sky Construction Co, ltd ၏ လုပ်အားခကို စာချုပ်စာတမ်းမရှိဘဲ အလွတ်သ‌ဘော‌ပြောကာ အပြည့်မ‌ပေးခြင်းနှင့် ပတ်သက်၍ လက်ရှိလမ်း‌ဖောက်လုပ်‌နေသည့် အလုပ်သမားအချို့က စု‌ပေါင်းလက်မှတ်‌ရေးထိုးကာ (JACBA)မှတဆင့် ‌နေပြည်‌တော်ရှိ အလုပ်သမားဝန်ကြီးဌာန(ဗဟို)ရုံးနှင့် နိုင်ငံ‌တော်သမ္မတရုံးသို့ တိုင်ကြား‌ဆောင်ရွက်‌ပေးသွားမည်ဟု ဦးမိုးကြိုးက ဆိုသည်။

ကရင်ပြည်နယ်အတွင်း လက်ရှိ အာရှလမ်းမကြီး ‌ဖောက်လုပ်ရာနယ်‌မြေသည် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ထိန်း ချုပ်ထားသည့်အတွက် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်က ‌ဖောက်လုပ်ခဲ့မှုကို ‌ကေအဲန်ယူက တားမြစ်ခဲ့ရာမှ ဦးသိန်းစိန်အစိုးရတက်လာပြီး ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် ‌ကေအဲန်ယူနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးပြီး‌နောက် ၎င်းလမ်းစီမံကိန်းကို ပြန် လည် အ‌ကောင်အထည်‌ဖော်လာခြင်း ဖြစ်သည်။ အဆိုပါလမ်းစီမံကိန်း ပြီးစီးသွားပါက မြဝတီမြို့မှ ‌ကော့ကရိတ်မြို့အထိ ကားဖြင့် သွားလာလျှင် တစ်နာရီခန့်သာကြာ‌တော့မည်ဟု သိရသည်။