Home ထိပ်တန်းသတင်း အယ်ဒီတာအာ‌ဘော်

အယ်ဒီတာအာ‌ဘော်

2005

၁၇/၁ ကို ပယ်ဖျက်‌ရေး ခဲယဉ်း‌နေ‌သေးသ‌ရွေ ့

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်မှတ်‌ရေးထိုးရရှိထားသည့် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေး ပိုမိုခိုင်မာ‌စေရန်အတွက် ၁၉၀၈ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် မတရားအသင်း အက်ဥပ‌ဒေကို ပြင်ဆင် ဖြည့်စွက်ရန်နှင့် ပယ်ဖျက်ရန် ရှိမရှိ နိုဝင်ဘာလ(၁)ရက်‌နေ့တွင် မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းဘိုး ‌အောင်က ပြည်သူ့ဆန္ဒအရ တင်ပြ‌မေးမြန်းသည်ကို ပြည်ထဲ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်‌ကျော်‌ကျော်ထွန်းက ပယ်ဖျက်ရန်မသင့်‌ကြောင်း ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကို အ‌ခြေခံမူ ၈ချက်ဖြင့် ‌ဆွေး‌နွေး‌နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မတရားအသင်း အက်ဥပ‌ဒေကို
မပယ်ဖျက်သင့်သကဲ့သို့ ‌ပြောင်းလဲလာ‌သော အ‌ခြေအ‌နေများနှင့်အညီ နိုင်ငံ‌တော်လုံခြုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ် ‌အေးချမ်း‌ရေးတို့အတွက် မတရားအသင်း အက်ဥပ‌ဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်သွားမည်ဖြစ်‌ကြောင်းကိုပါ ၎င်းက ဆက်လက် ‌ပြောကြားခဲ့သည်။

လက်ရှိ လွှတ်‌တော်အစည်းအ‌ဝေးများ တက်‌ရောက်‌နေကြ‌သော ပြည်သူ့လွှတ်‌တော်အမတ် အများစုအပြင် မြန်မာနိုင်ငံအတွင်းရှိ လူထုအ‌ခြေပြုအဖွဲ့များ၊ လူ့အခွင့်အ‌ရေးလှုပ်ရှားသူများ၊ ဥပ‌ဒေပညာရှင်များနှင့် နိုင်ငံ့အ‌ရေး ‌လေ့လာ‌စောင့်ကြည့်‌နေသူ များကလည်း ၎င်းဥပ‌ဒေမှာ မရှိသင့်‌တော့‌ကြောင်း တူညီသည့် အမြင်သ‌ဘောထားများ ရှိ‌နေကြသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလ(၄)ရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့‌သော ‌ကေအဲန်ယူနှင့် အစိုးရ ပြည် တွင်းငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်‌ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲတွင် သမ္မတဝန်ကြီးရုံး ဦး‌အောင်မင်းက (၁၇/၁)ပုဒ်မကိုဖျက်ရန် လုံးဝမဖြစ်နိုင်ဘဲ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများအား မသက်‌ရောက်‌စေ‌ရေးကို ရည်ရွယ် ‌ကြောင်း၊ (၁၇/၁)ပုဒ်မဆိုသည်မှာ ဖျက်လို့မရသည်မှာ နိုင်ငံ‌တော်က ချမှတ်ထားသည့် ပြစ်ဒဏ်ချမှတ်ချက် ပုဒ်မတစ်ခုဖြစ် သည့်အတွက်ဟု မဆို်င်းမတွ ‌ပြောကြားခဲ့သည်။

အများသိ ‌ပြောကြားခဲ့‌သော ဤရှင်းလင်းချက်အရ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ထင်သာမြင်သာစွာ မပါဝင်‌သော အသင်းအဖွဲ့ များနှင့် ပြည်သူလူထုများအတွက်မူ လက်ရှိ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ ဝင်များနှင့် ပတ်သက်ဆက်ဆံမိရုံဖြင့် သက်‌ရောက်နိုင်ဖွယ်ရှိ‌နေသည်။ လက်ရှိအ‌ခြေအ‌နေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ဦးသိန်းစိန်အစိုးရတို့ ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေးမှသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆီသို့ ဦးတည်‌နေသည့် အခါသမယ ဖြစ်‌နေ‌ပေသည်။

ယင်းသို့ ထိုအပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တရားမဝင် အဖွဲ့အစည်းများအဖြစ်မှ ပယ်ဖျက်‌ကြောင်း အစိုးရအ ‌နေဖြင့် တိုင်းသိပြည်သိ ကမ္ဘာသိ ‌ကြေညာ၊ ပြဌာန်းခြင်း မလုပ်‌ဆောင်သ‌ရွေ့ ၎င်းအဖွဲ့များနှင့် ‌ပြောဆို၊ ထိ‌တွေ့၊ ကူညီ၊ ဆက် သွယ်လုပ်‌ဆောင်‌နေသူများအတွက်မူ ထိုပုဒ်မမှာ ‌နောက်‌ကျောကို ဓါးဖြင့်‌ထောက်ထားသည့်ပမာ ဖြစ်‌နေ‌ပေသည်။ သို့ဖြစ်ရာ တစ်နိုင်ငံလုံး ငြိမ်းချမ်း‌ရေးနှင့် ဒီမိုက‌ရေစီ တိုးတက်ဖြစ်ထွန်း‌ရေးသို့ ဦးတည်သွားမည်ဆိုလျှင် မတရားအသင်း အက်ဥပ‌ဒေ ပုဒ်မ (၁၇/၁)နှင့် ပုဒ်မ(၁၇/၂)များကို ပယ်ဖျက်ကာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စိတ်နှလုံးလွတ်လပ်မှုကို ‌ဆောင်ကြဉ်းနိုင် မည်ဖြစ်ပါ‌ကြောင်း တိုက်တွန်းလိုက်ရ‌ပေသည်။