Home သတင်း အစိုးရတပ်၏ နယ်‌မြေစိုးမိုး‌ရေး‌ပေါ်လစီ‌ကြောင့် ကချင်‌ဒေသတွင် တိုက်ပွဲဆက်ဖြစ်ဟု UNFC ‌ပြောဆို

အစိုးရတပ်၏ နယ်‌မြေစိုးမိုး‌ရေး‌ပေါ်လစီ‌ကြောင့် ကချင်‌ဒေသတွင် တိုက်ပွဲဆက်ဖြစ်ဟု UNFC ‌ပြောဆို

2770

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းသည် အစိုးရစစ်တပ်၏ နယ်‌မြေစိုးမိုးမှု ‌ပေါ်လစီ ‌ကြောင့်ဖြစ်သည်ဟု ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ (၁၇)ဖွဲ့နှင့် အစိုးရတို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် မြစ်ကြီး နား ‌ဆွေး‌နွေးပွဲအပြီး နှစ်ပတ်ခန့်အကြာ ယမန်‌နေ့ နိုဝင်ဘာ ၁၇ရက်‌နေ့၌ ကချင်ပြည်နယ်၊ မန်စီမြို့နယ် နမ့်လင်းပါ‌ကျေးရွာဘက် တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)တို့ တိုက်ပွဲဖြစ်ပွားကာ ကချင်စစ်‌ပြေးဒုက္ခသည် ‌ထောင်ချီလာ သည့်အ‌ပေါ် UNFC က ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

UNFC ၏ တွဲဘက် အတွင်း‌ရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု ကချင်မှာ ဖြစ်တဲ့ တိုက်ပွဲ‌တွေဟာ အစိုးရစစ်တပ်ရဲ့ နယ်‌မြေစိုးမိုး ‌ရေး ‌ပေါ်လစီ‌ကြောင့်ပါ။ ဒီ‌ပေါ်လစီဟာ အရင်က အစိုးရလက်ထက်ကတည်းက ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် တနိုင်ငံလုံး အပစ် ရပ်‌ရေးအတွက် အချိန်ယူ ဆက်‌ဆွေး‌နွေးရဦးမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် အစိုးရလက်ထက် လွန်ခဲ့သည့် ဆယ်နှစ်‌ကျော်ကတည်းက မြန်မာနိုင်ငံ‌မြောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်‌နေချိန်တွင် သျှမ်းပြည်‌တောင်ပိုင်း အပါအဝင် မြန်မာပြည်‌တောင်ပိုင်းခြမ်းရှိ ကရင်၊ ကရင်နီ(ကယား)တို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းမှာ အစိုးရက ၎င်းတို့၏ ‌ပေါ်လစီ‌ကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖြည့်စွက်‌ပြောဆိုသည်။

ယမန်‌နေ့ နိုဝင်ဘာ ၁၇ရက်‌နေ့၌ ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် နမ့်လင်းပါရွာမှ စစ်‌ပြေးဒုက္ခ သည်ဦး‌ရေ ၁,၅၀၀‌ကျော်မှာ ဒုက္ခသည်စခန်းများရှိရာ ဗန်း‌မော်မြို့နယ်ဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း ကချင်အမျိုး သမီးများအဖွဲ့-ထိုင်းနိုင်ငံ(KWAT)က ‌ပြောဆိုထားသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်အချိန်တွင် အစိုးရအ‌နေဖြင့် တိုက်ပွဲ‌လျှော့ချရန် လိုအပ်‌ကြောင်းနှင့် ယခုလို တိုက်ပွဲများ ပြင်း ထန်လာမည်ဆိုပါက တိုင်းရင်းသားနှင့် အစိုးရအကြား ယုံကြည်မှုတည်‌ဆောက်သည့်‌နေရာမှာ အကန့်အသတ် ဖြစ်‌စေသည်ဟု UNFC ၏ ‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တွဲဘက်အတွင်း‌ရေးမှူး(2) ပဒို မန်းမန်းမန်းက လည်း ယ‌နေ့ ‌ပြောကြားလိုက်သည်။

“ဒီလို အချိန်မျိုးမှာ အစိုးရအ‌နေနဲ့ တိုက်ပွဲ‌တွေ ရပ်ထားမှသာ ယုံကြည်မှု တည်‌ဆောက်‌နေတဲ့အခါ အ‌ထောက်အကူပြုပါလိမ့် မယ်။ ‌နောက်တစ်ခုက လက်ရှိ နိုင်ငံ‌ရေးဖြစ်စဉ်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ တည်ဆဲဥပ‌ဒေအ‌ပေါ်မှာပဲ ဆက်သွားရင် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့‌တွေအကြား နိုင်ငံ‌ရေးအရ သ‌ဘောတူညီမှုရဖို့ အကန့်အသတ်ဖြစ်‌နေ‌သေးတယ်”ဟု ပဒိုမန်းမန်းမန်းက ‌ပြော သည်။

ယခုလ နိုဝင်ဘာ ၅ရက်‌နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲပြုလုပ်‌နေချိန်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဂျုံနန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့‌သေး သည်။