Home ထိပ်တန်းသတင်း သမ္မတ၏ ခွဲမထွက်‌ရေးနှင့် အချုပ်အခြာအာဏာ မထိပါး‌ရေး ညွှန်ကြားချက် စိုးရိမ်မှုသာဖြစ်ဟု KNU ဆို

သမ္မတ၏ ခွဲမထွက်‌ရေးနှင့် အချုပ်အခြာအာဏာ မထိပါး‌ရေး ညွှန်ကြားချက် စိုးရိမ်မှုသာဖြစ်ဟု KNU ဆို

1701

နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌တော်မှ ခွဲမထွက်‌ရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး‌စေသည့် အရာများ မလုပ်‌ဆောင်‌ရေးဆိုသည့် အချက် ၂ချက်ကို မ‌ဆွေး‌နွေးရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားထားချက်မှာ စိုးရိမ်မှုတစ်ခု သာဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ‌ပြောကြားလိုက်သည်။

ယမန်‌နေ့ နိုဝင်ဘာ ၁ဝရက်‌နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ၌ အစိုးရပြည်‌ထောင်စုဝန်ကြီးများနှင့် နိုင်ငံ‌ရေးပါတီ များ ‌တွေ့ဆုံခဲ့ရာ၌ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်း‌ကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းက ‌ပြောဆိုခဲ့သည့် သမ္မတ၏ ညွှန်ကြားထားချက်နှင့် ပတ်သက်၍ KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း က ထိုသို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပဒိုမန်းမန်းမန်းက “မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့‌တွေက ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါကို အစိုးရအဆက်ဆက်က ခွဲထွက်‌ရေးပဲလို့ နားလည်ထားတဲ့အ‌ပေါ် အခုလို ထုတ်‌ဖော်‌ပြောလိုက်တာဟာ သူတို့(လက်ရှိအစိုးရ)ရဲ့ စိုးရိမ်‌ကြောင့်ကြမှုအပိုင်းလည်း ဖြစ်ပါလိမ့်မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ‌မျှော်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်သည် ခွဲထွက်‌ရေး မဟုတ်သလို အချုပ်အခြာအာဏာဟူသည်လည်း နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပြီး အားလုံးကာကွယ်ကြရန် တာဝန်ရှိ‌သော သမ္မတ၏ ညွှန်ကြား‌ပြောဆိုထားချက်ကို အထူးမှတ်ချက်‌ပေးရန် မရှိ‌ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

ယမန်‌နေ့က နိုင်ငံ‌ရေးပါတီများနှင့် မြန်မာငြိမ်းချမ်း‌ရေးစင်တာတွင် ‌တွေ့ဆုံခဲ့စဉ် ဦး‌အောင်မင်းက “နိုင်ငံ‌တော်သမ္မတကြီးရဲ့ မူက ‌တော့ လက်နက်ကိုင် ပဋိပက္ခ‌တွေဟာ နိုင်ငံ‌ရေးနည်းအရ မ‌ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလို ဖြစ်လာတယ်ဖြစ်တယ်။ ဒါ‌ကြောင့် နိုင်ငံ‌ရေးအရ ‌ဖြေရှင်းမယ်ဆိုတဲ့မူကို နိုင်ငံ‌တော်သမ္မတကြီးက ဆုပ်ကိုင်ပြီးသားဖြစ်ပါတယ်”ဟု ‌ပြောဆိုခဲ့‌ကြောင်း RFA မြန်မာ ပိုင်းသတင်းတွင် ‌ဖော်ပြထားသည်။

အလားတူ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)၏ နံပါတ်(၂) တွဲဘက်အတွင်း‌ရေးမှူးခွန်ဥက္ကာက လည်း နိုဝင်ဘာ ၄ရက်နှင့် ၅ရက်‌နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက် မှတ်ထိုးနိုင်ရန် ‌ဆွေး‌နွေးသည့်ပွဲတွင် သမ္မတ၏ အဆိုပါ ညွှန်ကြားချက်နှစ်ချက်ကို ထည့်သွင်း‌ပြောဆိုခဲ့‌သေး‌ကြောင်း ‌ပြောသည်။

သူက “ဒီနှစ်ချက်က မြစ်ကြီးနား‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့နဲ့ အစိုးရ ‌ပြောခဲ့‌ပေမဲ့ တရားဝင် ဆုံးဖြတ်တာ‌တွေ‌တော့ မရှိဘူး။ ဖက်ဒ ရယ်တည်‌ဆောက်‌ရေးမူကိုက အတူတကွ ‌ပေါင်းစည်း‌နေထိုင်‌ရေးဖြစ်‌နေ‌တော့ သမ္မတ‌ပြောတဲ့အချက်‌တွေဟာ ‌တွေ့ဆုံ‌ဆွေး‌နွေး ပွဲမှာ မပါလည်းဖြစ်တယ်။ ဒါ‌ပေမယ့် ဒီ‌ပြောဆိုချက်ဟာ တကယ်ဖြစ်လာ၊ မဖြစ်လာဆိုတာပဲ ‌စောင့်ကြည့်မှာ‌ပေါ့။”ဟု ‌ပြောသည်။

ထို့အပြင် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးနိုင်‌ရေး ‌ဆွေး‌နွေးအ ‌ဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို KNU ထိန်းချုပ်နယ်‌မြေတ ‌နေရာတွင် ကျင်းပသွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာ ၃ဝရက်မှ နိုဝင်ဘာ ၁ရက်‌နေ့အထိ ကချင်ပြည်နယ်၊ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်ခဲ့သည့် ပထမအကြိမ် တိုင်းရင်းသားညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ဘုံသ‌ဘောတူညီချက် ၁၁ချက် ရရှိခဲ့သည်။