Home သတင်း ဘားအံမြို့တွင် NLD အမျိုးသား ကျန်းမာ‌ရေးကွန်ယက်အဖွဲ့ အခမဲ့ လာ‌ရောက်‌ဆေးကုသ

ဘားအံမြို့တွင် NLD အမျိုးသား ကျန်းမာ‌ရေးကွန်ယက်အဖွဲ့ အခမဲ့ လာ‌ရောက်‌ဆေးကုသ

1612

နိုဝင်ဘာ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၏ အမျိုးသားကျန်းမာ‌ရေးကွန်ယက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကန်သာဦးခမ်းမတွင် ‌ဒေသခံ ပြည်သူလူထုအား နိုဝင်ဘာ ၃ရက်‌နေ့၊ နံနက် ၈နာရီမှ ည‌နေ ၄နာရီအထိ ပထမဆုံးအကြိမ်အဖြစ် တစ်ရက်တာ အခမဲ့ ‌ဆေးဝါးကုသ‌ပေးခဲ့သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် နန်းခင်‌ထွေးမြင့်က “အခုလို လာကုသဖို့ကို ကျမတို့ ပါတီဝင် ‌တွေကတဆင့် ရွာ‌တွေမှာ သုံးရက်ကြိုတင်‌ပြောထားပါတယ်။ အများအားဖြင့် ရွာ‌တွေဘက်က မရှိဆင်းရဲသား‌တွေ လာကြတယ်။ သက်ကြီးရွယ်အို လူနာ‌တွေကို အ‌ကောင်းစား အား‌ဆေး‌တွေ‌ပေးတယ်။ အခုလိုမျိုး လုပ်‌ပေးတာ သူတို့လည်း ဝမ်းသာ‌နေကြ တယ်။ ဆရာဝန်‌တွေကလည်း ပီတိဖြစ်‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ NLD ၏ အခမဲ့ ‌ဆေးကုသမှုတွင် သားဖွား၊ နား၊ နှာ‌ခေါင်း၊ မျက်စိ၊ လည်‌ချောင်း၊ သွား၊ စိတ်‌ရောဂါနှင့် အ‌ထွေ‌ထွေ‌ရောဂါ များ ပါဝင်ပြီး ‌ဝေဒနာသည်များကို စမ်းသပ်ကာ လိုအပ်သည့် ‌ဆေးဝါးများကို အခမဲ့ တိုက်‌ကျွေးရင်း ကုသမှုများ ‌ဆောင်ရွက်‌ပေး ခဲ့‌ကြောင်း ဘားအံမြို့ခံများက ‌ပြောသည်။

၎င်းကျန်းမာ‌ရေးကွန်ယက်အဖွဲ့သည် ဘားအံမြို့တွင် ဆရာဝန် ၄၅ဦးဖြင့် လာ‌ရောက်‌ဆေးကုသမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် တစ်ခုလျှင် ၃ကြိမ်နှုန်းဖြင့် အခမဲ့ ကုသသွားမည်ဖြစ်သည်ဟု နန်းခင်‌ထွေးမြင့်က ဖြည့်စွက်‌ပြောဆိုသည်။

DSC03311
ဘားအံမြို့နယ်၊ အိန္ဒု‌ကျေးရွာမှ လာ‌ရောက်ကုသသူ အဆုတ်‌ရောဂါ ‌ဝေဒနာရှင် ‌စော‌ဖေါက်စီက “အခုလိုမျိုး မရှိဆင်းရဲသား ‌ဒေသခံ‌တွေအတွက် အခမဲ့ လာ‌ရောက်ကုသ‌ပေး‌နေတာ အလွန်ပဲ‌ကောင်းပါတယ်။ ‌ကျေးဇူးလည်းတင်ပါတယ်။ ‌နောက်‌နောင် လည်း လာ‌ရောက်ကုသ‌ပေး‌စေချင်‌သေးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NLD ပါတီ၏ အခမဲ့ ‌ဆေးကုသမှုကို ဘားအံမြို့နယ်အတွင်းရှိ ‌ဝေဒနာသည်‌ပေါင်း ၁၄၉ဝဦး လာ‌ရောက်ကုသကြသည်ဟု အဆိုပါ ကျန်းမာ‌ရေးကွန်ယက်အဖွဲ့၏ လူနာမှတ်တမ်းအရ သိရသည်။

ဖားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ “အနန္တ‌မေတ္တာ (အခမဲ့) ကုသိုလ်ဖြစ်‌ဆေးခန်း”တွင် ‌စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်‌ဆောင် ‌နေသူ သူနာပြု ‌ဒေါ်နီနီဝင်းကလည်း “NLD ကျန်းမာ‌ရေးကွန်ရက်က လာ‌ရောက်လုပ်‌ဆောင်‌ပေးတာ ‌ရောဂါသည်‌တွေအတွက် ‌ရောဂါကုသဖို့ လမ်းစ‌တွေ သိသွားကြတာ‌ပေါ့။ တစ်ခု‌တော့ရှိတယ်။ ‌ရောဂါသည်‌တွေ တစ်‌ထောင်‌ကျော်လာတယ်ဆို‌တော့ တစ် ရက်တည်းနဲ့ ‌ရောဂါကို စမ်းသပ်ကုသတာ ထိ‌ရောက်မှု အားနည်းတယ်လို့ ကျမထင်တယ်”ဟု ဆိုသည်။

NLD ၏ ကျန်းမာ‌ရေးကွန်ယက်အဖွဲ့ကို ၂၀၁၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဘားအံမြို့တွင် ယခုလို လာ‌ရောက် ‌ဆေးကုသ‌ပေးပြီး ‌နောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် ကျုံဒိုး စသည့်မြို့များသို့ ဆက်လက်၍ သွား‌ရောက် ‌ဆေးကု သ‌ပေးသွားရန်ရှိ‌သော်လည်း ‌နေ့ရက်အတိအကျကိုမူ မဆုံးဖြတ်ရ‌သေး‌ကြောင်း သိရသည်။