Home သတင်း ထန်းတပင်မြို့နယ်တွင် ရဲဝန်ထမ်း ပစ်ခတ်၍ လယ်သမားတစ်ဦး ‌ဆေးရုံတင်ထားရ

ထန်းတပင်မြို့နယ်တွင် ရဲဝန်ထမ်း ပစ်ခတ်၍ လယ်သမားတစ်ဦး ‌ဆေးရုံတင်ထားရ

1726

နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ပဲခူးတိုင်း‌ဒေသကြီး၊ ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်‌နေသည့် တ‌ပြေးရွာသား လယ်သမား တစ်ဦးကို ရဲဝန်ထမ်း ဆယ်ဦးခန့်က ပိုင်နက်ကျူးလွန်မှုဖြင့် နိုဝင်ဘာ ၁၃ရက်၊ နံနက်၁၁နာရီ၌ လက်ထိပ်ခတ် သွား‌ရောက်ဖမ်း ဆီးလာခဲ့ပြီး ‌သေနတ်ဖြင့် ပစ်ခတ်မှု‌ကြောင့် လက်ရှိ ‌တောင်ငူ‌ဆေးရုံတွင် တင်ထားရသည်။

အပစ်ခံရသူသည် အသက် ၃ဝနှစ်အရွယ် ကိုငယ်ဆိုသူဖြစ်ပြီး ၎င်းအား ပိုင်နက်ကျူး‌ကျော်မှု၊ သူတပါးအကျိုး ပျက်စီး‌စေမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူး ဦး‌ဆောင်သည့်အဖွဲ့က ဆိုင်ကယ်များဖြင့် သွား‌ရောက်၍ လက်ထိပ်နှစ်ဆင့် ခတ်ကာ ထု‌ထောင်းထိုးကြိတ် အတင်းဆွဲ‌ခေါ်ရင်း လယ်ကွင်းတစ်‌နေရာတွင် ၎င်း၏‌ခြေ‌ထောက်ကို ပစ်ခတ်ခဲ့ရာမှ ထိုသို့ အခင်း ဖြစ်ပွားခဲ့ဖြစ်သည်။

ကိုငယ် ‌ဆေးရုံတက်ရာတွင် လိုက်လံကူညီ‌ပေးသူ ‌ဒေသခံ ‌စောဒို့ထူးက “‌လော‌လောဆယ် သူ့ကို ‌တောင်ငူ‌ဆေးရုံမှာပဲ ‌ဆေးကု ‌ပေးတယ်။ ညက သူ့‌ခြေ‌ထောက်ကိုက်လို့ တစ်ညလုံး သူအိပ်မရဘူး။ အပစ်ခံရတာ‌တော့ သူ့ညာဘက်‌ခြေသလုံး‌ပေါ့‌နော်။ အရိုး ထိထားလို့ ဖြတ်ရမယ့် အ‌ခြေအ‌နေရှိတယ်။”ဟု ‌ပြောသည်။

မည်သည့်‌သေနတ်အမျိုးအစားဖြင့် ပစ်သည်ကို မသိ‌သော်လည်း ပစ်ခတ်ခဲ့သည့်‌နေရာတွင် ကျည်ခွံ ၅ခု ‌တွေ့ရှိ‌ကြောင်း၊ အပစ် ခံရပြီး‌နောက် ရဲများက ထို‌နေရာမှ ထွက်ခွာသွားသဖြင့် အနီးအနားရှိ မိတ်‌ဆွေများက ‌တောင်ငူ‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ကိုငယ် ‌သေနတ်အပစ်ခံရမှုနှင့် ပတ်သက်၍ အ‌ကြောင်းအရာ အ‌သေးစိတ်သိရန် ထန်းတပင်မြို့နယ်၊ မြို့မ ရဲစခန်းသို့ ‌ကေအိုင်စီမှ ဖုန်းဆက်‌မေးမြန်းခဲ့‌သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့‌ပေ။

ပစ်ခတ်မှုဒဏ်‌ကြောင့် ညာဖက်‌ခြေသလုံးကျိုးသွားသည့် ကိုငယ်အား လိုအပ်ပါက ယ‌နေ့ည‌နေတွင် ‌နေပြည်‌တော် ‌ဆေးရုံကြီးသို့ ဆက်လက် ပို့‌ဆောင်သွားမည်ဟု ‌တောင်ငူ‌ဆေးရုံရှိ ဆရာဝန်များက‌ပြော‌ကြောင်း ‌စောဒို့ထူးက ဖြည့်စွက်‌ပြောဆိုသည်။

ထန်းတပင်မြို့နယ်ရှိ တ‌ပြေး‌ကျေးရွာသား ‌သေနတ်အပစ်ခံရမှုမှာ လယ်ယာ‌မြေ ပိုင်ဆိုင်ခြင်း အငြင်းပွားမှု‌ကြောင့်ဖြစ်ပြီး ပစ်ခတ် သွားသည့် ရဲများအား ‌တောင်ငူရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။