Home ထိပ်တန်းသတင်း ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်တွင် ကရင့်ယဉ်‌ကျေးမှု‌ဖော်ပြခြင်း အားနည်းလာ

ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်တွင် ကရင့်ယဉ်‌ကျေးမှု‌ဖော်ပြခြင်း အားနည်းလာ

2282

နိုဝင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အစိုးရမှ ဦးစီးပြီး ဖားအံမြို့ရှိ သီရိကွင်း(ပြည်နယ်ကွင်း)အတွင်း ယမန်‌နေ့ နိုဝင်ဘာ ၇ရက်‌နေ့က ကျင်းပ‌သော (၅၈)ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ပွဲတွင် ကရင်ရိုးရာယဉ်‌ကျေးမှုများ၊ ဓ‌လေ့ထုံးတမ်းများ ‌ဖော်ပြမှုများ အားနည်းလာသည်ဟု မြို့ခံကရင်လူထုက ‌ပြောဆို‌နေကြသည်။

ယခုနှစ် ကရင်ပြည်နယ်‌နေ့တွင် ကရင်ယဉ်‌ကျေးမှု ရိုးရာဓ‌လေ့များကို ပြသထားခြင်း မရှိသ‌လောက်ဖြစ်ပြီး ယာဉ်ထိန်းရဲဌာန ပြခန်း၊ အမျိုးသမီး‌ရေးရာ၊ မိခင်နှင့်က‌လေး‌စောင့်‌ရှောက်‌ရေးပြခန်း၊ စိုက်ပျိုး‌ရေးနှင့် ဆည်‌မြောင်းဌာနပြခန်း၊ စက်မှုပြခန်း၊ သစ် ‌တောဌာနပြခန်း စသည့် အစိုးရဌာနဆိုင်ရာ ပြခန်းများနှင့် Save the Children, World Vision – Myanmar ပြခန်းများသာရှိ‌နေ ပြီး ရိုးရာယဉ်‌ကျေးမှုပြခန်းမှာ ‌နေရာအကျယ်နှင့် သရုပ်ပြ ‌ဖော်ပြမှုအားနည်း‌ကြောင်း အမျိုးသားလွှတ်‌တော်အမတ် ‌စော‌အောင် ‌ကျော်နိုင်က ‌ပြောသည်။

၎င်းက “ဒီနှစ် ကရင်ရိုးရာယဉ်‌ကျေးမှုပြခန်းက ကျဉ်းကျဉ်း‌လေးပဲ ‌နေရာ‌ပေးထားတယ်။ ပိုက်ဆံပိုရတဲ့ ‌ဈေးဆိုင်‌တွေကို‌တော့ ‌နေရာများများ‌ပေးတယ်‌လေ။ ‌ဈေးဆိုင်‌လေးတစ်ဆိုင်ဟာ ‌သောင်းဂဏန်းအထိ အခွန်‌ပေး‌ဆောင်ရ‌တော့ အကျိုးအမြတ်ပိုရ တယ်။ အရက်ဆိုင်၊ ဘီယာဆိုင်တို့ဆို အားလုံး ၈ဝရာခိုင်နှုန်း‌လောက် ရှိမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်ပြည်နယ်ပွဲတွင် ‌ငွေ‌ကြေး‌ထောက်ပံ့မှုများ မရှိသဖြင့် ဒုံးအဖွဲ့ ၁၂ဖွဲ့သာ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ရသည်ဟု ပြည်နယ် အစိုးရက ‌ပြောဆို‌သော်လည်း ပြည်နယ်ပွဲနှင့်အတူ အလှကုန်၊ လူသုံးကုန်နှင့် စား‌သောက်ကုန်ပစ္စည်းများ ‌ရောင်းချသည့် ကုန်စည်ပြပွဲကိုပါ ပူးတွဲကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဖားအံမြို့ခံ စဘီကျင်ဦးက “ဒီနှစ် ကရင်ပြည်နယ်‌နေ့ဟာ ကရင်ပြည်နယ်‌နေ့နဲ့ မတူ‌တော့ဘဲ ကုန်စည်‌ကြော်ငြာနဲ့ အစိုးရဌာနဆိုင် ရာ ‌ကြော်ငြာတဲ့ပွဲ‌တော်‌နေ့ ဖြစ်‌နေတယ်‌လေ။ ပြည်နယ်‌နေ့အတွက် ‌ကောက်ခံရရှိတာ‌တွေက ကျပ်သိန်း‌ထောင်ချီတယ်။ အဲဒါ ‌တွေ ဘယ်ကို‌ရောက်သွားလဲ ‌မေးစရာဖြစ်တယ်။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်‌နေ့ပွဲ‌တော်သည် အစဉ်အလာအားဖြင့် ပြည်နယ်အစိုးရက ဦးစီးကျင်းပသည်ထက် ကရင်အမျိုးသားများ၊ အပစ် ရပ်ကရင်အဖွဲ့များ၊ ပြည်နယ်သူပြည်နယ်သားများနှင့် ပြည်နယ်အစိုးရများက စု‌ပေါင်းကျင်းပသင့်ပြီး ပြည်နယ်အစိုးရအ‌နေဖြင့် လမ်းညွှန်မှု‌ပေးရန်သာ ဖြစ်သင့်ရာ ယခုလို ရိုးရာယဉ်‌ကျေးမှု ‌ဖော်ပြမှုများ အားနည်းလာသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိ‌ကြောင်း ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက ‌ပြောသည်။

ပုံမှန်အားဖြင့် ကရင်ပြည်နယ်‌နေ့တွင် ကရင့်ဘဝသမိုင်းအ‌ကြောင်း၊ ဓ‌လေ့ရိုးရာအ‌ကြောင်း၊ ကရင်‌ကောက်သစ်စားပွဲ၊ ကရင်နှစ် သစ်ကူးပွဲ၊ ကရင်လက်ချည်ပွဲနှင့် ကရင့်ဒုံးအက ဖြစ်‌ပေါ်လာပုံ၊ ကရင့်စာ‌ပေအ‌ကြောင်း၊ ကရင့်ရိုးရာအဝတ်အစား၊ ထိမ်းမြားလက် ထပ်ခြင်း၊ နတ်စားခြင်းများနှင့် ကရင်‌အောပွဲအ‌ကြောင်းများ စသည်တို့ကို ‌ဖော်ထုတ်ပြသ‌လေ့ရှိခဲ့‌သော်လည်း ယခုနှစ် ယဉ်‌ကျေး မှုပြခန်းနှင့်ပတ်သက်၍ ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြက ယခုလို ‌ပြောသည်။

“ပြခန်းမှာ‌တော့ ကရင်စာ‌ပေ အမျိုးအစား‌တွေ၊ ယဉ်‌ကျေးမှု‌တွေဖြစ်တဲ့ ကရင်တူရိယာအမျိုးမျိုး နဲ့ ရိုးရာဂျက်ခုပ်လုပ်ငန်း‌တွေကို ပြသထားပါတယ်။ ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုပြခန်း ဖြစ်‌မြောက်ဖို့ ဒီနှစ်မှာက ကရင်ပြည်နယ်‌နေ့ ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဆီက ပွဲရန်ပုံ‌ငွေ ၄သိန်းခွဲ အကူအညီ‌တောင်းခံခဲ့ပါတယ်။”ဟု ‌စော‌အေးမြက ‌ပြောသည်။

ကရင်ပြည်နယ်‌နေ့ပွဲ‌တော်ကို ကရင်ပြည်နယ်အစိုးရက နှစ်စဉ် ဦးစီးကျင်းပ‌လေ့ရှိရာ ယခု (၅၈)ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ တွင် ပွဲဖြစ်‌မြောက်‌ရေးအတွက် ‌ကော်မတီအဖွဲ့‌ပေါင်း ၂၀‌ကျော်ဖြင့် ဖွဲ့စည်းလုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး ယခုနှစ် ဖွင့်ပွဲအခမ်းအနားသို့ အပစ်ရပ်တိုင်းရင်းသားများနှင့် နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များ တက်‌ရောက်လာခြင်း မရှိ‌ကြောင်း သိရသည်။