Home သတင်း KUPC ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲ ကရင်အဖွဲ့အစည်း‌ပေါင်းစုံ တက်‌ရောက်

KUPC ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲ ကရင်အဖွဲ့အစည်း‌ပေါင်းစုံ တက်‌ရောက်

2484

‌အောက်တိုဘာ ၂၆ရက်။ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ(KUPC)မှ ကြီးမှူးပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာလူထု‌တွေ့ဆုံပွဲတစ်ရပ်ကို ယ‌နေ့၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ‌သောင်ရင်းခန်းမတွင် ကျင်းပကာ ကရင်အမျိုးသားအဖွဲ့အစည်း ‌ပေါင်းစုံတက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်‌ခေါင်း‌ဆောင်များ၊ ဘာသာ‌ရေးဆိုင်ရာ ပုဂ္ဂိုလ် များ၊ ကရင်လွှတ်‌တော်အမတ်များ၊ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ၊ ကရင်ပြည်နယ်အစိုးရမှ ကရင်ဝန် ကြီးများ၊ ‌ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြဝတီ၊ သံ‌တောင် ‌ကျောက်ကြီး စသည့်မြို့နယ်များမှ ‌ဒေသခံ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ‌ရောက် ကရင်အမျိုးသား ကိုယ်စားလှယ်များအပါအဝင် စုစု‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

၎င်း‌တွေ့ဆုံပွဲသို့ တက်‌ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေး တာဝန် ခံ ပဒို‌စောအားတိုးက “အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေး၊ စည်းလုံးညီညွတ်‌ရေးဆိုတာ သ‌ဘောထားမှန်ဖို့လို တယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့သီးခံခွင့်လွတ်ကြဖို့ လိုတယ်။ အ‌ပေါ်ယံ အထင်မှားပြီး စည်းလုံးညီညွတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီက‌နေ့ကစပြီး ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို ဦးတည်ပြီး‌တော့ လုပ်ကြပါလို့ ကျ‌နော်‌ပြောလိုပါတယ်”ဟု ‌ပြောသည်။

နံနက် ၉ နာရီမှ ည‌နေ ၃နာရီခွဲအထိ ပြုလုပ်သည့် ယင်း‌တွေ့ဆုံပွဲတွင် ကရင်‌တော်လှန်‌ရေးသမိုင်း၊ ကရင် လက်နက်ကိုင်အဖွဲ့များ၏ အ‌ခြေအ‌နေနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ဖြစ်စဉ်နှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသကဲ့သို့ လက်ရှိမြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ကရင်နိုင်ငံ‌ရေးပါတီ၏ အ‌ခြေအ‌နေနှင့် ကရင်စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် (KUPC)၏ ကြိုးပမ်းမှုများကို တင်ပြခဲ့ကြသည်။

ထို့အပြင် ‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသည့် ကိုယ်စားလှယ်များ၏ အမြင်သ‌ဘောထား ဆန္ဒနှင့် အကြံပြုချက် များကို တင်ပြ‌ဆွေး‌နွေး၊ ‌မေးမြန်းမှုများကို သက်ဆိုင်ရာအဖွဲ့အစည်း၊ ပါတီ‌ခေါင်း‌ဆောင်များမှ ရှင်းလင်း‌ဖြေ ကြားခဲ့ကြသည်။

ကရင်နယ်ခြား‌စောင့်တပ်၏ အကြံ‌ပေးအရာရှိ တစ်ဦးဖြစ်သူ ‌ဒေါက်တာ‌စော‌ဌေးမြင့်က“ KUPC ကို ဖွဲ့စည်း ကတည်းက ကျ‌နော်တို့ BGF က သုံးဦးပါဝင်တယ်။ အဲဒီ‌တော့ နိုင်ငံ‌တော်က ချမှတ်ထားတဲ့ အ‌ခြေခံ ဥပ‌ဒေ နဲ့အညီ ကိုယ်ပြည်သူ‌တွေကို ‌စောင့်‌ရှောက်နိုင်သ‌လောက်၊ ငြိမ်းချမ်း‌ရေးအတွက် ပံ့ပိုးနိုင်သ‌လောက် ပါဝင်တာဖြစ်တယ်။ ကျ‌နော်တို့သည် ကရင်အမျိုးသားများဖြစ်တယ်။ ကရင်အမျိုးသားများ၏ ငြိမ်းချမ်းမှု ၊ တိုးတက်မှုဟာ ကျ‌နော်တို့ တာဝန်ဖြစ်တယ်။ ဒါ‌ကြောင့်မို့လို့ ပါဝင်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်းမှာပင် ယ‌နေ့‌တွေ့ဆုံပွဲတွင် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးအတွက် တစ်ခုတည်း‌သော ကရင့်အလံ‌တော်‌အောက်တွင် ကရင်ဟူ‌သော မျိုးချစ်စိတ်ဓာတ်ဖြင့် မျိုးနွယ်စုအရ၊ ကိုးကွယ်မှုအရ၊ ကျား မကွဲ ပြားမှုအရ ဘာသာစကား၊ စာ‌ပေ ယဉ်‌ကျေးမှုထုံးတမ်းအရ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု မရှိ‌စေရန် လုံးဝလိုအပ် ‌ကြောင်းနှင့် ကရင့်လက်နက်ကိုင်များ ညီညွတ်‌ရေးအတွက် ကရင်အမျိုးသားအကျိုးစီးပွား‌ရှေ့ ရှုကာကွယ်‌သော ‌စောဘဦးကြီး မူ‌လေးချက်ကို လက်ကိုင်ပြု‌သော ကရင့်အမျိုးသားတပ်မ‌တော် ဖြစ်ရန် တည်‌ဆောက်ရမည် အပါအဝင် သ‌ဘောထား ၅ချက်ကို ရယူနိုင်ခဲ့သည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေကိုယ်စားလှယ်အဖြစ်တက်‌ရောက်လာသူ ဗိုလ်မှူး ‌စောဝိထူးက“ကျ‌နော်တို့ ကရင်လူမျိုး အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ အတူတူပါပဲ။ ကျ‌နော်တို့‌တွေ အဖွဲ့‌တွေကွဲ‌နေကြ‌ပေမယ့်လည်း ကျ‌နော်တို့ ‌လျှောက် ‌နေတဲ့လမ်းဟာ တစ်လမ်းတည်းဖြစ်သလို ရည်ရွယ်ချက်လည်း အတူတူပါပဲ။ ကျ‌နော်တို့ ကိုယ့်ကိုယ်ကို ကရင်မှန်းသိရင် သူ့အလိုလို အဆင်‌ပြေသွားမှာပါ”ဟု ‌ပြောသည်။

ယ‌နေ့‌တွေ့ဆုံပွဲတွင် KNU မှ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌စောအားတိုး၊ ပဒို‌စောသမိန်ထွန်း၊ ကရင် နယ်ခြား‌စောင့်တပ်မှ အကြံ‌ပေးပုဂ္ဂိုလ် ‌ဒေါက်တာ‌စော‌ဌေးမြင့်၊ BGF အမှတ် ၁၀၂၂တပ်မှူး၊ ဗိုလ်မှူး မုတ်သုန်၊ DKBA ကိုယ်စားလှယ် ဗိုလ်မှူး ‌စောဝိထူး၊ KNU/KNLA-PC ကိုယ်စားလှယ် ဗိုလ်ကြီး ‌စော‌နေစိုးမြ စသည့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တက်‌ရောက်ခဲ့ကြသည်။

IMG_1338

၎င်းအပြင် ပဲခူးတိုင်း ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌စောဂျူးပလီစံလှ၊ မွန်ပြည်နယ် တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌စော‌အောင်‌ကျော်မင်း၊ ကရင်ပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီး ‌စောဆာ့‌လော်လာ ဖလုံ-စ‌ဝေါ်ဒီမို ကရက်တီပါတီ ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုးတို့ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ မြဝတီ မဲဆန္ဒနယ်အမှတ် (၁) လွှတ်‌တော်အမတ် ဦး‌စောချစ်လှိုင် စသည့် ကရင်ဝန်ကြီးများနှင့် နိုင်‌ရေးပါတီ‌ခေါင်း ‌ဆောင်တို့လည်း တက်‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသား အဖွဲ့အစည်း‌ပေါင်းစုံပါဝင်‌သော KUPC ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၉-၃ဝရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကရင်‌ရေးရာအစည်းအ‌ဝေးတွင် ‌ကော်မတီဝင် ၃၇ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ခုနှစ် ‌မေလ ၁၈-၁၉ရက်‌နေ့တွင် ရန်ကုန်မြို့ ‌ရွှေသံလွင်ကွန်ဒို (Hope International) သင်တန်းခန်းမ၌ ထပ်မံ ကျင်းပပြုလုပ်သည့် အစည်းအ‌ဝေးတွင် အဖွဲ့ဝင် ၅၄ဦးဖြင့် တိုးချဲ့ဖွဲ့ စည်းခဲ့သည်။
ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်‌ရေး၊ ငြိမ်းချမ်း‌ပျော်ရွှင်‌ရေးနှင့် ကရင့်အနာဂါတ် သာယာလှပ‌ရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ကရင်စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ လူထု‌တွေ့ဆုံပွဲကို လှိုင်းဘွဲမြို့နယ် ၊ ဘားအံမြို့နယ်၊ သထုံမြို့၊ ပဲခူးမြို့၊ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။