Home သတင်း ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်‌ရေးရန် လက်မခံဟု ‌ကေအဲန်ယူကို ကာချုပ်‌ပြောဆို

၂၀၀၈ ဖွဲ့စည်းပုံကို အသစ်‌ရေးရန် လက်မခံဟု ‌ကေအဲန်ယူကို ကာချုပ်‌ပြောဆို

1958

‌အောက်တိုဘာလ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံ တွင် လက်ရှိအသုံးပြု‌နေသည့် ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အသစ်‌ရေးရန်ထက် ပြင်သင့်သည့်အဆင့် သာရှိသည်ဟု ‌နေပြည်‌တော်၌ ‌တွေ့ဆုံစဉ် မြန်မာအစိုးရ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ‌ပြောဆိုခဲ့‌ကြောင်း (‌ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း က ‌ပြောသည်။

“သူက ၂၀၀၈ ဖွဲ့စည်းပုံထပ်‌ရေးဖို့က ကျ‌နော်တို့ လက်ခံဖို့ မဖြစ်နိုင်ဘူး။ ဒီဖွဲ့စည်းပုံ အတည်ပြုထားပြီဖြစ်တယ်။ ဒါ‌ပေမယ့် ပြင် ဆင်‌ရေးမယ်ဆိုရင်‌တော့ ဖြစ်နိုင်‌သေး တယ်လို့ ‌ဆွေး‌နွေးသွားခဲ့ပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က ‌ပြောဆိုမှုကို ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ပြန်လည်‌ပြောပြသည်။

ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမှုတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော ‌ဂျော်နီ၊ စစ်‌ထောက်ချုပ် ဒုဗိုလ်ချုပ်‌စောအိုင်းဇက်၊ ပဒို‌စောတာဒိုမှူး၊ ပဒို‌စော‌ရွှေ‌မောင်း ပါဝင်သည့် ‌ကေအဲန်ယူအဖွဲ့ဝင် (၉)ဦးသည် စက်တင်ဘာ ၂၆ရက်‌နေ့က နယ်စပ်မှ ထွက်ခွာ၍ အစိုးရတပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်နှင့် မ‌တွေ့ဆုံမီ ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ၌ အစိုးရ၏ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ (UPWC)၏ ဒုဥက္ကဌ ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်‌သောအဖွဲ့နှင့် ၂၇ရက်‌နေ့က ‌တွေ့ဆုံခဲ့သည်။

ယင်း‌တွေ့ဆုံမှုတွင် လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေနှင့် ပတ်သက်၍ နှစ်ဖက်တပ်အကြား အပြန်အလှန် ယုံကြည်မှု တည်‌ဆောက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ‌ရှေ့ဆက် အဆင့်ဆင့်‌ဆောင်ရွက်သွား‌ရေး၊ ‌ကေအဲန်ယူ ‌ဒေသအတွင်း အစိုးရဘက်မှ ယာယီချထားသည့် စခန်းများကို ဆက်ထားသင့်မသင့်နှင့် ဖွဲ့စည်းပုံပြင်ဆင်‌ရေး စသည်တို့ကို နှစ်ဦးနှစ်ဖက် ‌ဆွေး‌နွေးခဲ့ခြင်းသာဖြစ်ပြီး ဆုံးဖြတ်ချက်များ တစုံတရာ မရှိခဲ့‌ကြောင်း သိရသည်။

Meet with Burma Army GOC Min Ag Hlaing 9
ပဒို‌စောကွယ်ထူးဝင်းက “ဦး‌အောင်မင်းတို့နဲ့ ကျ‌နော်တို့‌တွေ့ဆုံတဲ့အခါ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ ‌ပြောတယ်။ ‌နောက် ဦး‌အောင်မင်းက နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌တွေ ဆက်လုပ်သွားဖို့နဲ့ အခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီ၊ ဒီ‌ကေဘီ‌အေ စတဲ့ တိုင်းရင်းသားအဖွဲ့နဲ့ ‌တွေ့ဆုံခဲ့တဲ့ အ‌ခြေအ‌နေ‌တွေ ကျ‌နော်တို့ကို ရှင်းပြတယ်”ဟု ‌ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ကဲ့သို့ပင် သမ္မတဦးသိန်းစိန်အ‌နေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်သင့်‌ကြောင်း‌ပြောဆိုမှုရှိရာ ၎င်းမှာ
၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မ‌တော်၏ အာဏာသိမ်းမှုဖြစ်လာပါက အစိုးရအုပ်ချုပ်‌ရေးပိုင်း၏ အခန်းကဏ္ဍ ‌ပျောက်ကွယ်သွား နိုင်‌သော‌ကြောင့်ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်တစ်ဦးက သုံးသပ်‌ဝေဖန်လိုက်သည်။

သို့‌သော် ယင်းကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရာတွင် အဓိပ္ပါယ်အမျိုးမျိုး သက်‌ရောက်‌စေ‌သော စကားလုံးများ အစားထိုးခြင်း ဖြစ်တတ်၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အသစ်‌ရေးဆွဲသွားသင့်‌ကြောင်း ‌ကေဝိုင်အို ကိုရီးယားဌာနခွဲမှ စကက်နက်မိုးက သူ၏အမြင်ကို ယခု လို ‌ပြောသည်။

“အနာဂတ်အတွက် လုံခြုံစိတ်ချရ‌အောင် လာမဲ့ ၂၀၁၅ မတိုင်ခင် နိုင်ငံတကာက အ‌တွေ့အကြုံရင့် ဥပ‌ဒေပညာရှင်‌တွေ၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့‌ခေါင်း‌ဆောင်‌တွေ၊ လွှတ်‌တော်အတွင်းအပြင်က ‌ခေါင်း‌ဆောင်‌တွေနဲ့ အ‌ကျေအလည် ‌ဆွေး‌နွေးပြီး ဖွဲ့စည်းပုံကို အသစ်‌ရေးဆွဲမှသာ တိုင်းရင်းသားပြည်သူအားလုံးအတွက် ‌ရေရှည်အာမခံချက်ရှိမဲ့ ဥပ‌ဒေပြဌာန်းသွားနိုင်မယ်။”ဟု ဆိုသည်။