Home သတင်း ပြည်တွင်းအ‌ခြေစိုက်ရုံးဖွင့်ရန်နှင့် အ‌ခြေခံကျန်းမာ‌ရေးသင်တန်း‌ပေးရန် ‌ကော့မူးရာKYO ဆုံးဖြတ်

ပြည်တွင်းအ‌ခြေစိုက်ရုံးဖွင့်ရန်နှင့် အ‌ခြေခံကျန်းမာ‌ရေးသင်တန်း‌ပေးရန် ‌ကော့မူးရာKYO ဆုံးဖြတ်

2048

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လူငယ်အစည်းအရုံး(KYO) ‌ကော့မူးရာအထူး‌ဒေသက မြန်မာပြည်အတွင်း အ‌ခြေစိုက်ရုံး ဖွင့်လှစ်ရန်နှင့် လူထုအ‌ခြေခံ ကျန်းမာ‌ရေးသင်တန်း ထပ်မံ ဖွင့်လှစ်ရန် ‌အောက်တိုဘာလ ၁၂ရက်‌နေ့က ပြုလုပ်‌သော ၎င်းတို့၏ နှစ်လတစ်ကြိမ် ပုံမှန်အစည်း အ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်။

KYO ‌ကော့မူးရာအထူး‌ဒေသ ဥက္ကဌ ‌စောကျန်းပီက “ဒီပုံမှန်အစည်းအ‌ဝေးမှာ အဓိက ဆုံးဖြတ်ချက်ချတာက မြဝတီမြို့နယ်ထဲမှာ ရှိတဲ့ နဒီလင်းမြိုင်နဲ့ ‌ချောင်းဆုံ‌ကျေးရွာ‌တွေမှာ ကျန်းမာ‌ရေးသင်တန်းရယ်၊ ‌ကေဝိုင်အို(‌ကော့မူးရာ)အထူး‌ဒေသရဲ့ ရုံးဖွင့်လှစ်နိုင်ဖို့ ကို ဆုံးဖြတ်ချက်ချခဲ့တယ်။”ဟု ‌စောကျန်းပီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆုံးဖြတ်ချက်အရ မတ်လက KYO ‌ကော့မူးရာအထူး‌ဒေသမှ နဒီလင်းမြိုင်၌ ဖွင့်လှစ်ခဲ့‌သော အ‌ခြေခံလူထုကျန်းမာ‌ရေးသင်တန်း ၆လ ပို့ချ‌ပေးခဲ့ပြီး‌နောက် အလားတူသင်တန်းမျိုး ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သလို ပထမဆုံး ပြည်တွင်းရုံးကိုလည်း အမြန်ဆုံး ဖွင့်လှစ်နိုင်‌ရေးအတွက် ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည်ဟု KYO ‌ကော့မူးရာအထူး‌ဒေသက ဆိုသည်။

အစည်းအ‌ဝေးတွင်KYO ‌ကော်မူးရာအထူး‌ဒေသ၏ အကြံ‌ပေး နာယကကြီး ၉ဦး အပါအဝင် အလုပ်အမှု‌ဆောင်များ၊ ခရိုင်နှင့် မြို့ နယ်ကိုယ်စားလှယ်‌ပေါင်း ၃၅ဦး တက်‌ရောက်၍ ၎င်းတို့၏ လက်ရှိလုပ်‌ဆောင်‌နေမှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည့်အပြင် ဆုံး ဖြတ်ချက်နှစ်ခုကိုလည်း ချမှတ်နိုင်ခဲ့‌ကြောင်း သိရသည်။

၎င်းအဖွဲ့၏ တွဲဖက်အတွင်း‌ရေးမှူး ‌စော‌ဖော့ထိုင်ခလိန်းက “အစည်းအ‌ဝေးမှာ ကျ‌နော်တို့ ဆုံးဖြတ်ချက်အတိုင်း လုပ်ငန်း‌တွေကို ဆက်လက်‌ဆောင်ဖို့‌ပေါ့‌နော်။ ‌နောက်တစ်ခုက KYO (ဗဟို)ရဲ ့ ဦး‌ဆောင်လမ်းညွန်မှုအတိုင်း လူငယ်‌တွေကို ဆက်လက် ပညာ ‌ပေးစည်းရုံးလုပ်‌ဆောင်သွားရန် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ပါတယ်။”ဟု ‌ပြောသည်။

KYO ‌ကော့မူးရာအထူး‌ဒေသသည် KYO (ဗဟို)၏လက်‌အောက်ခံအဖွဲ့တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပြီး ၁၉၆၉ခုနှစ်၊ မတ်လ၂ဝရက်‌နေ့၌‌ကေကားထာ့ရွာအနီးရှိနယ်ခြားကုန်စည်‌ရောင်းဝယ်‌ရေးဂိတ်စခန်းတွင် ‌ကော့မူးရာအထူး‌ဒေသနာမည်ဖြင့် သတ်မှတ်‌ခေါ်ဆိုပြီး‌နောက် ၁၉၇၁ခုနှစ်၊ ‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် KYO ‌ကော့မူးရာအထူး‌ဒေသဖြင့် တရားဝင် စတင်ဖွဲ့စည်းသတ်မှတ်ခဲ့သည်။