Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် တိုင်းရင်းသားအ‌ရေး ‌ပြောကြား‌ပေး လိုဟု BNI ‌ပြောဆို

‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် တိုင်းရင်းသားအ‌ရေး ‌ပြောကြား‌ပေး လိုဟု BNI ‌ပြောဆို

1561
ဒီလှိုင်းဂျာနယ်မှ သတင်း‌ထောက်က ‌မေးမြန်း‌နေစဉ်

‌အောက်တိုဘာ ၂၈ရက်။ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် တိုင်းရင်းသားအ‌ရေးနှင့် ပတ်သက်၍ ‌ပြောသင့်‌ပြောထိုက် သည်များကို ‌ပြောကြားရန် လို‌ကြောင်း နိုင်ငံတကာမြန်မာ့သတင်း- BNI ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ နိုင်ကဆုမွန်က ‌ပြောကြားလိုက် သည်။

‌အောက်တိုဘာ ၂၈ရက်‌နေ ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library ၌ BNI ၏ မြန်မာ့ငြိမ်းချမ်း ‌ရေး‌စောင့်ကြည့်‌ရေးအဖွဲ့က “ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွား‌ရေး အ‌ခြေအ‌နေ” အစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲသို့ လာ‌ရောက်သတင်းယူသူ ဒီလှိုင်းစာ‌စောင်မှ သတင်း‌ထောက်တစ်ဦးက ‌ဒေါ်‌အောင်ဆန်းစုကြည် အ‌ပေါ် မည်သို့သ‌ဘောထားရှိ‌ကြောင်း ‌မေးမြန်းမှုကို တုန့်ပြန်‌ဖြေကြားလိုက်ခြင်းဖြစ်သည်။

“ကျ‌နော်က ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပန်ကြားချင်တာက သူမရဲ့ အ‌ခြေအ‌နေက တစ်ကယ့်ကို ထိလွယ်ရှလွယ်တဲ့ အခါမျိုးလို့ ယူဆပါတယ်။ ဒါ‌ပေမဲ့လည်း ကျ‌နော်တို့ တိုင်းရင်းသား‌တွေဘက်မှာ ဝင်ရပ်ပြီး‌တော့မှ ‌ပြောသင့်‌ပြောထိုက်တဲ့စကား၊ ‌နောက် ငြိမ်း ချမ်း‌ရေးကို ‌ကောင်းမွန်စွာ ဦးတည်သွားတဲ့စကား အဲ့လိုမျိုးကဏ္ဍကိုလည်း သူ့ကို လုပ်ကိုင်‌စေချင်ပါတယ်။”ဟု BNI အဖွဲ့ဝင် လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆုမွန်က ‌ပြောကြားသည်။

ထို့အပြင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် လူထုအ‌ပေါ် အနစ်နာခံခဲ့သည့် ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည့်အတွက် ‌လေးစား‌ကြောင်း၊ သို့‌သော် လွှတ်‌တော်နိုင်ငံ‌ရေးသို ့ဝင်‌ရောက်သွားချိန်တွင် ဒီပလို‌မေစီအများကြီး သုံးသွားသည်ကို‌တွေ့ရ‌ကြောင်း၊ သတိရှိရှိနှင့် လုပ်‌နေရသည်ကို မိမိတို့နားလည်‌ကြောင်း၊ သူမ၏ အ‌မေရိကန် ခရီးစဉ်နှင့် တိုက်ဆိုင်‌နေသည့် ကချင်ပြည်နယ် စစ်ပွဲတွင် ကချင် လူထု၏ ခံစားချက်ကို ခရီးစဉ်တစ်ခုလုံးတွင် တစ်ခွန်းတစ်ပါဒမျှ ထုတ်‌ဖော်မ‌ပြောသည့်အ‌ပေါ် ကချင်လူထုများ စိတ်မ‌ကောင်းဖြစ် ရသည်ဟု ကချင်မိတ်‌ဆွေများက ‌ပြောဆို‌ကြောင်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

အလားတူ လက်ရှိ BNI ၏ ဖွံ့ဖြိုးတိုးတက်‌ရေးအရာရှိ နန်း‌ဖော့‌ဂေကလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်အား အမျိုးသမီး‌ခေါင်း‌ဆောင် တစ်ဦးအ‌နေနှင့်‌သော်လည်း‌ကောင်း၊ တိုင်းပြည်‌ခေါင်း‌ဆောင်တစ်ဦးအ‌နေဖြင့် ‌လေးစား‌ကြောင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေ ဖြင့် ပါတီမူအရ တစိုက်မတ်မတ် လုပ်ကိုင်သွားသလို လွှတ်‌တော်တွင် တိုင်းရင်းသား‌ရေးရာ နားလည်စွာဖြင့် ကိုယ်စားပြုကာ တင်ပြ‌ပေးရန်လို‌ကြောင်း ၎င်းသတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

အဆိုပါ တိုက်တွန်းချက်များနှင့် ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားအားလုံးအ‌ပေါ် တန်းတူစိတ်ထားရှိသကဲ့ သို့ စာနာ‌ထောက်ထားမှုရှိသည်ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင် နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကချင်တိုင်းရင်းသား‌တွေအ‌ပေါ်မှာ မစာနာ၊ ကိုယ်ချင်းမစာတာ ‌ဒေါ်‌အောင်ဆန်းစုကြည်က လုံးဝမရှိပါဘူး။ အ‌ခြေအ‌နေတစ်ရပ် ‌ကြောင့်သာ ကိုယ့်မှာ လုပ်ပိုင်ခွင့်၊ ‌ပြောပိုင်ခွင့်မရှိလို့သာ မ‌ပြောရမလုပ်ရတာ ရှိရင်ရှိလိမ့်မယ်။ အဲ့ဒါကို ‌ဒေါ်‌အောင်ဆန်းစုကြည် က အကြိမ်ကြိမ် အခါခါ ရှင်းပြပြီးပါပြီး။”ဟု နန်းခင်‌ထွေးမြင့်က ‌ပြောဆိုသည်။