Home လူငယ့်အသံ လူငယ့်အမြင် ‌စော‌အောင်‌ကျော်သူ၏ စကားလက်‌ဆောင်

‌စော‌အောင်‌ကျော်သူ၏ စကားလက်‌ဆောင်

1972

‌စော‌အောင်‌ကျော်သူ ၃ဝနှစ်
ဝါသနာ ပန်းချီ၊ ဂီတ
ပညာအရည်အချင်း အနုပညာသင်တန်း‌ကျောင်း (state school of fine art Y.G.N)

ကျ‌နော်က ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ အုန်းကုန်း‌ကျေးရွာ ဇာတိပါ။ မိဘ‌တွေက ‌စော‌ကျော်ဝင်းနဲ့ ‌နော်ဝင်း‌ဌေးဖြစ်ပြီး ‌မွေးချင်း ၄‌ယောက်မှာ ကျ‌နော်က အကြီးဆုံးဖြစ်ပါတယ်။ ကျ‌နော်တို့မိသားစုက‌တော့ လယ်ယာလုပ်ငန်းပဲ လုပ်ပါတယ်။ မူလတန်းကို ကျ‌နော် ‌ထောက်ရှာကွင်းမှာ ‌ကျောင်းတက်ခဲ့တယ်။ ပြီး‌တော့ ၈တန်းအထိ ခင်ပြည့်တွဲဖက်အလယ်တန်း‌ကျောင်းနဲ့ အထက်တန်း ကို ၁၉၉၉ခုနှစ်က ဇလွန်အထက်တန်း‌ကျောင်းမှာ တက်ခဲ့ပါတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ဟာ ဗမာအများစု‌နေတဲ့ ရွာ‌လေးမှာ ကြီး ပြင်းလာခဲ့ရတယ်‌လေ။ ကျ‌နော်တို့‌ဒေသတစ်ဝိုက်မှာ ကရင်‌တွေများတာ‌ပေမဲ့ ရွာမှာဆို ဗမာလိုပဲ‌ပြောကြတယ်။ ခု‌ခေတ်လူငယ် ‌လေး‌တွေ စကား၊ စာ‌ပေ တတ်တဲ့သူဆိုတာ တစ်‌ယောက်မှမရှိကြ‌တော့ဘူး။ လူကြီး‌တွေ‌လောက်ပဲ ‌ပြောတတ် ‌ရေးတတ်‌တော့ တယ်။ တစ်ချို့ဆို ကိုယ့်ကိုယ်ကို ကရင်မှန်းမသိကြ‌တော့တဲ့ အ‌ခြေအ‌နေထိ ဖြစ်‌နေတယ်‌လေ။ ဒါ‌ပေမယ့် ကျ‌နော်က‌တော့ ကရင် ဖြစ်ရတာကို ကျ‌နော် ဂုဏ်ယူတယ်။

ကိုယ်ဝါသနာပါရာလုပ်ဖို့ ၂၀၀ဝခုနှစ်မှာ ကျ‌နော် ရန်ကုန်ကို တက်လာတယ်။ ရည်ရွယ်ချက်က ပန်းချီ‌ရေးရင်း သီချင်းဆိုဖို့ပါ။ ရန် ကုန်မှာ အသိမရှိ‌တော့ နယ်ကလာတဲ့သူအဖို့ ပတ်ဝန်းကျင်မတူတာ‌တွေနဲ့ ‌တော်‌တော်‌လေးကို အခက်အခဲရှိတယ်။ အဲဒီနှစ်မှာပဲ ကျ‌နော် ပန်းချီ‌ကျောင်းကို စတက်ခဲ့ပြီး ‌ကျောင်းကအ‌ဆောင်မှာပဲ ‌နေတယ်။ တဖြည်းဖြည်း ‌နေသားကျလာရင်းနဲ့ ၂၀၀၃ခုနှစ်မှာ state school of fine art (Y.G.N) 2003 ပန်းချီ‌ကျောင်းပြီး‌တော့ ဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ကျ‌နော်ဆက်လုပ်ဖြစ်တယ်။ မိဘ ‌တွေကလည်း အား‌ပေးပါတယ်။ ဒီနိုင်ငံမှာက တခြားအလုပ်‌တွေထက်စာရင် ပန်းချီဆရာတစ်‌ယောက်အ‌နေနဲ့ ရပ်တည်ဖို့ အ‌တော်ခက်ခဲပါတယ်။ ‌မောင်နှမထဲမှာ အကြီးဆုံးဖြစ်ပြီး မိသားစုကို ပြည့်ပြည့်စုံစုံ မ‌ထောက်ပံ့နိုင်ခဲ့ဘူး။ ကျ‌နော်‌ရွေးချယ်တဲ့ လမ်းအတွက်လည်း ‌နောင်တမရပါဘူး။ ‌နောက်‌တော့ ကျ‌နော်တို့ လူငယ်‌လေး‌တွေစုပြီး‌တော့ ကရင်လူမျိုး‌တွေချည်း ပါဝင်တဲ့ ကရင်ပန်းချီဆရာအဖွဲ့ ဖွဲ့လိုက်တယ်။ ၂၀၁၁ကစပြီး Karen Diary အမည်နဲ့ ပြပွဲ‌တွေလုပ်ဖြစ်‌တော့ ကရင်မှာလည်း ဒီလိုမျိုး‌တွေရှိ တာ နည်းနည်း လူပိုသိလာတယ်။ ကျ‌နော်တတ်တဲ့ပညာ‌လေးနဲ့ ကိုယ့်လူမျိုးရဲ့စရိုက်၊ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှု‌တွေကို ‌ဖော်ထုတ် ပြီး‌တော့ ကိုယ့်ကရင်‌တွေအတွက် ကျ‌နော် အကျိုးပြုချင်တယ်။

လူငယ်တစ်‌ယောက်အ‌နေနဲ့ ကျ‌နော် စကားလက်‌ဆောင် ပါးချင်တာက ကိုယ့်ကိုယ်ကို ကရင်လူမျိုးပါလို့ ‌ကြွေး‌ကြော်‌နေရုံနဲ့ မပြီး ‌သေးဘူး။ ကျ‌နော်တို့လူမျိုး‌တွေ ပိုတိုးတက်ဖို့အတွက် သူများ‌တွေထက် ပိုကြိုးစားရမယ်။ ဘယ်သူမဆို တစ်‌နေရာ‌တော့ ‌တော် ကြတဲ့သူ‌တွေချည်းပဲ။ ကိုယ်ဘယ်မှာ‌တော်လဲဆိုတာ သိဖို့နဲ့ ကျ‌နော်တို့‌တွေ မတူတဲ့‌နေရာ၊ မတူတဲ့အလုပ်၊ မတူတဲ့ပတ်ဝန်းကျင် မှာ ရှိ‌နေ‌ပေမယ့် ဦးတည်ချက်‌တွေတူ‌နေရင် ကျ‌နော်တို့လိုချင်တဲ့ ‌အောင်မြင်ခြင်းကို တစ်‌နေ့ရမှာပါလို့ ‌ပြောချင်ပါတယ်။