Home သတင်း ‌ကော်သူး‌လေ ကျန်းမာ‌ရေးဌာန (KDHW) အစိုးရနှင့် ပူး‌ပေါင်း လုပ်‌ဆောင်ရန် နှုတ်ကတိ သ‌ဘောတူ

‌ကော်သူး‌လေ ကျန်းမာ‌ရေးဌာန (KDHW) အစိုးရနှင့် ပူး‌ပေါင်း လုပ်‌ဆောင်ရန် နှုတ်ကတိ သ‌ဘောတူ

2227

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်း အရုံး(KNU)၏ဌာနတစ်ခုဖြစ်‌သော ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW) က ကရင်ပြည်နယ်အတွင်း၌ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများကို အစိုးရကျန်းမာ‌ရေးဌာနများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် နှုတ်ကတိ သ‌ဘောတူညီမှု ရရှိခဲ့ကြသည်။

အစိုးရ၏ ကျန်းမာ‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး ‌ဒေါက်တာ‌ဒေါ်သိန်းသိန်း‌ဌေး ဦး‌ဆောင်သည့် အဖွဲ့ဝင် ၅ဦးနှင့် KDHW ဌာနမှူး ‌စော အယ်ကလူ‌ရွှေဦး ဦး‌ဆောင်သည့် ၇ဦးပါ အဖွဲ့သည် ‌နေပြည်‌တော်ရှိ ကျန်းမာ‌ရေးဝန်ကြီးဌာနရုံးတွင် စက်တင်ဘာ ၃ဝရက်‌နေ့က တစ်နာရီခွဲကြာ ‌တွေ့ဆုံခဲ့ပြီး‌နောက် နှစ်ဖက်သ‌ဘောတူညီချက် ၆ချက် ရရှိခဲ့ခြင်းဖြစ်သည်။

KDHW ဌာနမှူး ‌စောအယ်ကလူ‌ရွှေဦးက “KNU နယ်‌မြေအတွင်း ပြည်သူ‌တွေရဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်း‌တွေကို အစိုး ရနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ အခုလို သ‌ဘောတူညီမှုရရှိသွားတာဖြစ်တယ်။ ‌လော‌လောဆယ် ပထမတစ်ချက်ဖြစ်တဲ့ ဖားအံမြို့မှာ KDHW ကျန်းမာ‌ရေးလုပ်ငန်း ညှိနှိုင်း‌ဆောင်ရွက်‌ရေးရုံး ထားရှိဖို့ကို ဒီနှစ်မကုန်ခင် အပြီးလုပ်‌ဆောင်ဖို့ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ဦးနှစ်ဖက် သ‌ဘောတူခဲ့သည့်အချက်များမှာ ဖားအံမြို့၌ KDHW ကျန်းမာ‌ရေးလုပ်ငန်းညှိနှိုင်း‌ဆောင်ရွက်‌ရေးရုံးထားရှိ‌ရေး၊ က‌လေးသူငယ်များ၏ ကာကွယ်‌ဆေး တိုးချဲ့လုပ်‌ဆောင်‌ရေး၊ ငှက်ဖျား‌ရောဂါ ထိန်းချုပ်‌ရေး၊ မျိုးဆက်ပွားနှင့် က‌လေးကျန်းမာ‌ရေး အစီအစဉ်များ တိုးချဲ့လုပ်‌ဆောင်‌ရေး၊ ပြည်သူလူထု၏ ကျန်းမာ‌ရေး သတင်းအချက်အလက်များ နှီး‌နှောဖလှယ်‌ရေးနှင့် ကျန်းမာ ‌ရေးလုပ်သားများအား အသိအမှတ်ပြု‌ရေးတို့ ဖြစ်သည်။

ကျန်းမာ‌ရေးလုပ်ငန်းနှင့်ပတ်သက်၍ KDHW နှင့် လုပ်‌ဆောင်သည့်အခါ အစိုးရအ‌နေဖြင့် ကရင်ပြည်နယ် ကျန်းမာ‌ရေးဌာနမှတ ဆင့် ကူညီလုပ်‌ဆောင်သွားမည်ဟု ‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သည့် အစိုးရ ကျန်းမာ‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ ‌ရောဂါနှိမ်နင်း ‌ရေးဌာန၏ ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်ပြည်နယ် ကျန်းမာ‌ရေးဌာနက‌နေ ကာကွယ်‌ဆေး တိုက်‌ကျွေးတာတို့၊ ငှက်ဖျား‌ရောဂါ‌ဆေး တိုက်‌ကျွေးတာတို့၊ ကျန်းမာ ‌ရေးလုပ်သားများ သင်တန်း‌တွေ ပြုလုပ်တာတို့၊ အမျိုးသမီးဆိုင်ရာ ကျန်းမာ‌ရေးသားဖွားတို့ကို KDHW နဲ့ အတူတကွ ဝိုင်းဝန်းကူ ညီ ပါဝင်လုပ်‌ဆောင်‌ပေးဖို့ ရှိတယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် KDHW နှင့် အစိုးရကျန်းမာ‌ရေးဌာနတို့သည် နှစ်ဖက်ရရှိထားသည့် သ‌ဘောတူညီမှုအတိုင်း ဆက်လက် လုပ်‌ဆောင် သွားနိုင်‌ရေးအတွက် တစ်လလျှင် တစ်ကြိမ် ပုံမှန်‌တွေ့ဆုံသွားမည်ဟုလည်း သိရသည်။ အစိုးရကျန်းမာ‌ရေးဌာနနှင့် ‌တွေ့ဆုံသည့် အဆိုပါ‌ဆွေး‌နွေးပွဲတွင် KDHW နှင့်အတူ ‌လေ့လာသူအဖြစ် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWT နှင့် မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA)မှ ကိုယ်စားလှယ် ၂ဦးစီ ပါဝင်ခဲ့ကြသည်။

KDHW သည် ပြီးခဲ့သည့် ၂၀၁၂၊ စက်တင်ဘာလမှ ၂၀၁၃၊ ‌မေလအထိ ပြည်နယ်၊ ခရိုင်စသည့် အစိုးရကျန်းမာ‌ရေးဌာနတာဝန်ရှိ သူများနှင့် ၆ကြိမ်တိုင်တိုင် ‌တွေ့ဆုံခဲ့‌သော်လည်း အစိုးရကျန်းမာ‌ရေးဝန်ကြီးဌာနမှ ဝန်ကြီးအဆင့်ရှိသူ ဒုဝန်ကြီးနှင့် ယခု ‌တွေ့ဆုံမှု မှာ ပထမဆုံးအကြိမ်ဖြစ်သည်။