Home တွေ့ဆုံမေးမြန်းခန်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် နှင့် ‌တွေ့ဆုံ‌မေးမြန်းခန်း

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် နှင့် ‌တွေ့ဆုံ‌မေးမြန်းခန်း

1296

“ကျမတို့ ‌တောင်းဆိုတဲ့ ‘စစ်တပ်‌တွေ ပြန်လည်ဆုတ်ခွာ‌ပေးဖို့’ ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်‌ဆောက်ဖို့အတွက်ပဲ ဖြစ်တယ်။” ဆိုတဲ့
ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်ရဲ ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် အမြင်

အစိုးရဘက်က ‌တောင်းဆို‌နေတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး (Nationwide Ceasefire) နှင့် ပတ်သက်ပြီး‌တော့ ကျမတစ် ‌ယောက်အမြင်နဲ့ဆိုရင် ကျမတို့ ‌သေချာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အ ခတ်ရပ်စဲ‌ရေးဟာ ပထမဦးဆုံး ကျမတို့ ‌ကေအဲန်ယူနဲ့ တိုင်းရင်းသား‌တွေက ‌ဆွေး‌နွေးဖို့အတွက် စတင် ‌တောင်းဆိုတဲ့အထဲမှာ ပါဝင်‌နေပါတယ်။ ကျမတို့ လိုလား‌တောင်းဆိုတာက အစိုးရအ‌နေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ကြောင်း ‌ကြေညာဖို့အတွက်နဲ့ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဖြစ်ပွား‌နေတဲ့ ပစ်ခတ်မှု‌တွေကို ရပ်ဆိုင်းဖို့ပါ။

သို့‌ပေမယ့် အခု အစိုးရ ‌တောင်းဆို‌နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဟာ တိုင်းရင်းသား‌တွေအားလုံး သွား‌ရောက်လက် မှတ်‌ရေးထိုးဖို့အတွက် ဖြစ်‌နေတယ်။ အပစ်အခတ်ရပ်စဲ‌ရေးကို ပြည်နယ်အဆင့် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့‌တွေက ‌နေပြည်‌တော်မှာ ‌အောက်တိုဘာလအတွင်း လက်မှတ်သွားထိုးရမှာ ဖြစ်တယ်။ အရင် ပြည်နယ်အဆင့် လက်မှတ်‌ရေးထိုးတုန်း က လုပ်‌ဆောင်ရမယ့် စစ်ဘက်ဆိုင်ရာလိုက်နာရမည် ကျင့်ဝတ်စည်းကမ်း‌တွေကို ကျမတို့ မလိုက်နာ‌သေးတာ အများကြီး ရှိပါ ‌သေးတယ်။ စစ်ဘက်ဆိုင်ရာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ တပ်‌နေရာပြန်လည်ချထား‌ရေး၊ တပ်‌နေရာ သတ်မှတ်‌ရေး စတာ‌တွေဟာ ကျမတို့ ဘာမှမလုပ်ရ‌သေးဘူး။ ဒါ‌ကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးလုပ်ဖို့အတွက် ကျမတို့ ပထမအဆင့် သ‌ဘောတူ ညီပြီး လက်မှတ်‌ရေးထိုးထားတဲ့ ကိစ္စရပ်‌တွေကို အ‌ကောင်အထည်‌ဖော်‌ဆောင်ဖို့ အရင် လိုအပ်တယ်လို့ ကျမ မြင်ပါတယ်။

ပြင်ဆင်မှုဆိုင်ရာ
သူတို့(အစိုးရစစ်တပ်)ရဲ့ ကြိုတင်ပြင်ဆင်မှု‌တွေနဲ့ ပတ်သက်ပြီး မပြည့်စုံ‌သေးဘူးလို့ ကျမမြင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ပြီးခဲ့ တဲ့ ဇူလိုင်လအတွင်းမှာ ကျမတို့ (Technical Team)က အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း (Code of Conduct)နဲ့ ပတ်သက်ပြီး သွား‌ရောက်‌တွေ့ဆုံရာမှာ အစိုးရဘက်က အကြမ်း‌ရေးဆွဲထားတာရှိတယ်လို့ ‌ပြောတယ်။ ဒါ‌ပေမယ့်လည်း မပြီး‌သေးတဲ့အတွက် ချမပြနိုင်‌သေးဘဲ ‌ရေးဆွဲလို့ ပြီးစီးခဲ့တဲ့အခါကျမှ ထုတ်ပြမယ်လို့ ‌ပြော‌ပေမယ့် အခုချိန်ထိ ထုတ်‌ဖော်ပြသတာ မရှိ‌သေးပါဘူး။ ဒီကိစ္စကို ‌ရေးဆွဲဖို့အတွက် ကျမတို့ ‌ကေအဲန်ယူက အချိန်‌တွေ အများကြီး အကုန်ခံခဲ့ပြီး ထပ်တလဲလဲ အကြမ်း‌ရေးဆွဲ၊ တင်ပြထားပြီးပါပြီ။

ဒါ့အပြင် ဩဂုတ်လက ‌ကေအဲန်ယူ ဥက္ကဌနဲ့ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးတို့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် (တပ်မ‌တော်ကာ ကွယ်‌ရေးဦးစီးချုပ်)ကို သွား‌ရောက်‌တွေ့ဆုံရာမှာ မပြီး‌သေးဘူးလို့ တင်ပြခဲ့ပြန်တယ်။ သူတို့က ဗိုလ်ချုပ်သက်နိုင်ဝင်းကို ဆွဲခိုင်း ထားတဲ့ အကြမ်းတစ်ခုလည်း မပြီး‌သေးဘူးလို့ ‌ပြောတယ်။ ဒါ့‌ကြောင့် အစိုးရအ‌နေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲ‌ရေး လုပ်‌ဆောင်ဖို့ ကြိုတင်ပြင်ဆင်မှုက လုံ‌လောက်မှု မရှိ‌သေးတာ ‌ပေါ်လွင်‌နေပါတယ်။ ကျမတို့ဖက်က အမှန်တကယ် ကြို တင်ပြင်ဆင်မှု‌တွေ လုပ်‌ဆောင်‌နေသလို ပြန်လည်ပြင်ဆင်မှု‌တွေလည်း အကြိမ်ကြိမ် လုပ်‌ဆောင်ခဲ့ပြီးပြီမို့ အခု သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုကို ‌စောင့်‌နေရတဲ့ အ‌ခြေအ‌နေမှာ ရှိ‌နေပါတယ်။

KNLA နဲ့ အစိုးရတပ် သ‌ဘောထား
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် ကျမတို့ရဲ့ KNLA ဘက်က အမြင်သ‌ဘောထား‌တွေက‌တော့ ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ဘက်ဆိုင်ရာ အစည်းအ‌ဝေးမှာ ဆုံးဖြတ်ချက် ၈ချက် ဆုံးဖြတ်ထားပြီးဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်‌တွေ ထဲမှာ အထူးသဖြင့် စစ်တပ်ရဲ့ ‌နေရာ၊ စစ်တပ်‌နေရာ ပြန်လည်ချထား‌ရေးကိစ္စကို လက်မှတ်မ‌ရေးထိုး‌သေးခင်မှာ အရင်ဆုံး လုပ်ရ မယ်၊ အရင်ဆုံး သ‌ဘောတူညီရမယ်။ အဲဒါက (၈)ချက်ထဲက တစ်ချက်ပါပဲ။ ဒါကို ကျမတို့ တင်ပြရမှာ ဖြစ်သလို လုပ်လည်းလုပ် ‌ဆောင်ရမှာ ဖြစ်ပါတယ်။

ကျမ‌ပြောခဲ့တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘယ်လိုပဲ သ‌ဘောထားရှိပါ‌စေ၊ အချိန်အတိုင်းအတာတစ် ခုအ‌နေနဲ့ သတ်မှတ်ပြီး ပြီး‌အောင်လုပ်မယ်လို့ ‌ပြော‌ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ရဲ့ တင်ပြချက်အရ စစ်တပ် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)ကို သူတို့‌ရေးဆွဲလို့ မပြီး‌သေးတဲ့အ‌ပေါ်မှာ သူတို့ရဲ့ ကြိုတင်ပြင်ဆင် မှု အဆင်သင့် မဖြစ်‌သေးတာ‌တွေက ကျမတို့ အ‌လေးထား စဉ်းစားရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။

အဲဒါ‌ကြောင့် အ‌ခြေအ‌နေတစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ကျမတို့ လုပ်‌ဆောင်ခဲ့တဲ့အရာ‌တွေ၊ ကျမတို့ နှစ်ဘက် သ‌ဘောတူ ထားတဲ့ ကတိကဝတ်အချို့ကို အစိုးရဘက်က လိုက်နာ‌ဆောင်ရွက်မှု မရှိ‌သေးတာရှိတယ်။ ပြီးစီး‌အောင် လုပ်‌ဆောင်ရမယ့်ဟာကို မလုပ်‌ဆောင်ဘဲနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးအတွက် သွား‌ရောက်လက်မှတ်‌ရေးထိုးမယ်ဆိုရင် အရင်က ကျမတို့ လက်မှတ်‌ရေးထိုးခဲ့တာဟာ အာမခံချက် ဘယ်‌လောက်ရှိပြီလဲဆိုတာကလည်း ကျမတို့ ‌ကေအဲန်ယူအတွက်ဖြစ်‌စေ၊ တိုင်းရင်းသား‌တွေအတွက်ဖြစ်‌စေ စဉ်းစားချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဖြစ်လာနိုင်‌သော စိုးရိမ်မှု
‌နောက်တစ်ခုက ‌လော‌လောဆယ်မှာ တိုက်ပွဲ‌တွေ မရပ်တန့်‌သေးပါဘူး။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ‌နေ့တိုင်းလိုလို ပစ်ခတ် မှု‌တွေ ဖြစ်ပွား‌နေသလို စစ်‌ပြေးဒုက္ခသည်‌တွေလည်း ‌နေ့စဉ်လိုလို ‌ပြေးလွှား‌နေရဆဲဆိုတာကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲ‌တွေ ရှိ‌နေတုန်းပဲဆိုတာ ကျမတို့ ‌ပြောလို့ရတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ကျင့်ဝတ်‌တွေကို မလုပ်နိုင်‌သေးတဲ့အတွက် ကျမတို့ ‌ကေအဲန်ယူနယ်‌မြေအတွင်းမှာလည်း အလားတူ ဖြစ်ပွားမှု‌တွေရှိ‌သေးသလို မလိုက်နာမှု‌တွေလည်း ရှိပါတယ်။ ဒါ‌ကြောင့် ကချင်ပြည်နယ်ဘက် တိုက်ပွဲ‌တွေ ဖြစ်ပွား‌နေဆဲအချိန်မှာ ‌ကေအဲန်ယူတစ်ဖွဲ့တည်းဖြစ်‌စေ၊ ‌ကေအဲန်ယူနှင့် အခြားအဖွဲ့‌တွေဖြစ်‌စေ သွား‌ရောက် လက်မှတ်‌ရေးထိုးမယ်ဆိုရင် ကြီးမားတဲ့ စိုးရိမ်မှု‌တွေ ဖြစ်လာ‌စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အရင်တုန်းက ကြုံ‌တွေ့ခဲ့ရတဲ့ အဖြစ်အပျက်‌တွေအရ ကျမတို့ တိုင်းရင်းသား‌တွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ အကွဲအပြဲဖြစ်‌အောင် လုပ်‌ဆောင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီပုံစံအတိုင်းသာ ဆက်ပြီးဖြစ်မယ်ဆိုလို့ရှိရင် ကျမတို့ တိုင်းရင်းသား‌တွေအကြားမှာ အမြင်မတူညီတာ‌တွေနဲ့ အကွဲအပြဲ‌တွေ ဖြစ်လာ‌စေပြီး တစ်ဖက်နဲ့တစ်ဖက် အမြင်မှားတာ‌တွေလည်း ဖြစ်‌ပေါ်လာနိုင်ပါတယ်။

တိုင်းရင်းသားအဖွဲ့ အနည်းငယ်သာ သွား‌ရောက်လက်မှတ်‌ရေးထိုးမယ်ဆိုရင် တနိုင်ငံလုံးအတွက် ငြိမ်းချမ်း‌ရေးမဟုတ်သလို အပစ်အခတ် ရပ်စဲ‌ရေးအတွက်လည်း မဟုတ်‌သေးဘူးလို့ ကျမမြင်ပါတယ်။ ဒါ‌ကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကို ကျမတို့ သွား‌ရောက်လက်မှတ်‌ရေးထိုးဖို့ ဆိုတာက တိုင်းရင်းသားအဖွဲ့‌တွေ အကုန်လုံး မပါဝင်‌သေးတာမို့ အခုအ‌ခြေအ‌နေမှာ မဖြစ်နိုင်‌သေးသလို၊ ဖြစ်လည်းမဖြစ်သင့်‌သေးပါဘူး။ ဒါ‌ကြောင့် အားလုံးအကျိုး‌ကျေးဇူးနဲ့ တိုင်းရင်းသား‌တွေ အကျိူး‌ကျေးဇူးအ တွက် ကျမတို့ တိုင်းရင်းသား‌တွေအားလုံး အ‌ခြေအ‌နေ အစစ်အမှန်ကို ‌စောင့်ကြည့်ဖို့က သင့်‌တော်တဲ့ လမ်း‌ကြောင်းတစ်ခုပဲလို့ ကျမအ‌နေနဲ့ မြင်ပါတယ်။ အပစ်အခတ် ရပ်စဲ‌ရေးရယ်လို့ ကျမတို့ ‌ပြော‌နေပြီဆိုရင် တနိုင်ငံလုံးမှာ အပစ်အခတ်‌တွေ အကုန်လုံး ရပ်စဲသွားမယ်။ ပြီး‌တော့ တနိုင်ငံလုံး ‌သေနတ်သံ‌တွေလည်း အကုန်လုံး တိတ်ဆိတ်‌နေရမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲ‌ရေးဖြစ်‌စေ၊ တနိုင်ငံလုံး ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုမှာဖြစ်‌စေ၊ ကျမတို့ဘက်က စိတ်ရင်း‌စေတနာ အရင်းခံနဲ့ အားကြိုး မာန်တက် ကြိုးပမ်းလုပ်‌ဆောင်‌နေပါတယ်။ ဒါ‌ကြောင့် အခုကျမတို့ သွား‌နေတဲ့လမ်း‌ကြောင်းကို အလဟဿ မဖြစ်‌စေချင်ဘူး။ ဘယ်အချိန် လုပ်‌ဆောင်ရမလဲ၊ ဘယ်အချိန်ပြီးစီး‌အောင် လုပ်ရမလဲဆိုတာကလည်း အချိန်အကန့်အသတ်နဲ့ သတ်မှတ်ထားတာ မရှိပါဘူး။ တိုင်းရင်းသား‌တွေအကုန်လုံး ပါဝင်ပြီး တနိုင်ငံလုံး အတိုင်းအတာကို တစ်ခါတည်း လက်မှတ်ထိုးသွားမှသာ တိုင်းရင်း သား‌တွေ အားလုံးအတွက် အာမခံချက်ဖြစ်သလို တနိုင်ငံလုံးအတွက်လည်း ဖြစ်ပါတယ်။

ကျမတို့ အမှန်တကယ် လိုလား‌တောင်းတ‌နေတာက စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်နိုင်ဖို့။ ဒါ‌ကြောင့် အခု ခိုင်မာတဲ့ အပစ် အခတ်ရပ်စဲ‌ရေးကို ကျမတို့ တိတိကျကျနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ‌လျှောက်လှမ်းလုပ်‌ဆောင်သွားချင်ပါတယ်။ ဒါမှ ကျမတို့သွား‌နေ တဲ့လမ်း‌ကြောင်းဟာ အကျိုး‌ကျေးဇူးရှိပြီး ပြည်သူလူထု‌တွေအတွက် ယုံကြည်မှု‌တွေ သယ်‌ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ကျမ တို့ အခု လုပ်‌ဆောင်‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေးကို ပြည်သူ‌တွေအတွက် ဘယ်‌လောက်အကျိုး‌ကျေးဇူးရသလဲဆိုတာကို ကျမ တို့အ‌နေနဲ့ အ‌လေးထားစဉ်းစားဖို့ လိုအပ်လာပါတယ်။

အခု အစိုးရ‌တောင်းဆိုတဲ့ ‌နောက်တစ်ဆင့်တက်လှမ်းဖို့ ဆက်သွားမယ်ဆိုလို့ရှိရင် အရင်လုပ်ထားတဲ့ ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် လက်မှတ်‌ရေးထိုးထားတာတဲ့ ကိစ္စရပ်‌တွေကို ပြီးစလွယ် လုပ်‌ဆောင်သလို ဖြစ်သွားမယ်။ အရင်က အစိုးရ နဲ့ သ‌ဘောတူညီထားတဲ့ ကတိကဝတ်‌တွေကို အခုထက်ထိ ဘာမှမလုပ်ရ‌သေးဘဲ ‌နောက်တဆင့် ဆက်သွားမယ်ဆိုရင် ကျမတို့ လုပ်ထားခဲ့တာ‌တွေဟာ ဘာအကျိုး‌ကျေးဇူးမှမရှိဘဲ အလဟဿ ဖြစ်သွားတာနဲ့ တူပါတယ်။ အဲဒါ‌ကြောင့် အခုအချိန်မှာ ကျမတို့ အဓိကထားပြီး စဉ်းစားလုပ်‌ဆောင်ရမှာ ဖြစ်ပါတယ်။

ကျင့်ဝတ်များကို လိုက်နာ‌ဆောင်ရွက်သင့်
အပစ်အခတ်ရပ်စဲ‌ရေး ကာလအတွင်း စစ်တပ်‌တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း‌တွေကို လုပ်‌ဆောင်ဖို့ ကျမတို့ သ‌ဘော တူညီခဲ့တာကို မလုပ်ရ‌သေးဘဲ ‌နောက်တစ်ဆင့် တက်လှမ်းဖို့ မသင့်‌သေးပါဘူး။ ဥပမာ ပြန်ကြည့်မယ်ဆိုရင် ပထမအဆင့် ကျမ တို့ အပစ်အခတ်ရပ်စဲ‌ရေးတုန်းက ‌ဆွေး‌နွေးခဲ့ရာမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်‌ဆောက်နိုင်‌ရေးအတွက် ကျမတို့ ‌ကေအဲန်ယူနယ်‌မြေ ခရိုင်၊ တပ်မဟာ‌တွေမှာ ဝင်‌ရောက်‌နေရာယူ လှုပ်ရှား‌နေတဲ့ အစိုးရစစ်တပ်‌တွေ ပြန်လည်‌နောက်ဆုတ်‌ပေးဖို့ ‌တွေဟာ စစ်‌ရေးလှုပ်ရှားမှုရှိတဲ့‌နေရာ‌တွေပဲ ဖြစ်တယ်။ စခန်းအ‌သေ လာချထားတဲ့ စစ်တပ်‌တွေ မဟုတ်ဘူး။ ‌ရှေ့တန်းစစ်မျက်နှာ ပြင်မှာ လာ‌ရောက်လှုပ်ရှားပြီး နယ်‌မြေလာ‌ရောက် တိုးချဲ့တဲ့အဖွဲ့နဲ့ စစ်တပ်စခန်းငယ်‌လေး‌တွေကို ဆိုလိုတာပါ။ ကျမတို့ ‌တောင်း ဆိုတဲ့ “စစ်တပ်‌တွေ ပြန်လည်ဆုတ်ခွာ‌ပေးဖို့” ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်‌ဆောက်ဖို့အတွက်ပဲ ဖြစ်တယ်။

အဲဒီ‌နေရာ‌တွေဟာ ပြည်သူ‌တွေ ‌နေထိုင်ရာ၊ လုပ်ကိုင်စား‌သောက်တဲ့‌နေရာ၊ ‌ကျေးရွာ‌တွေ တည်ရှိတဲ့‌နေရာနဲ့ အများပြည်သူ ကိုး ကွယ်ယုံကြည်သက်ဝင်တဲ့ ဘာသာ‌ရေးအ‌ဆောက်အအုံ‌တွေ ရှိတဲ့‌နေရာ‌တွေဖြစ်တယ်။ ဒီကိစ္စ‌တွေကို ၂၀၁၂ခုနှစ်၊ စက်တင်ဘာ လတုန်းက သူတို့ဆီကို ကျမတို့ အ‌သေအချာ တင်ပြ‌တောင်းဆိုခဲ့ပါတယ်။ ဒါကို အစိုးရဘက်က တစုံတရာ လုပ်‌ဆောင်တာ အခု ထိ မ‌တွေ့ရ‌သေးတာမို့ ဒီကိစ္စကို အရင်ပြီး‌အောင် ‌ဆောင်ရွက်ဖို့ လိုပါတယ်။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲ‌ရေးအတွက် အပစ်ရပ် ‌နေစဉ်ကာလအတွင်း စစ်ဘက်ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း‌တွေကို စစ်တပ်အ‌နေနဲ့ လိုက်နာ‌ဆောင်ရွက်ဖို့က အလွန် အ‌ရေးကြီးပါတယ်။

ပဒို‌နော်စီဖိုးရာစိန်သည် ၂၀၀၈ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၄ကြိမ်‌မြောက် ‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲတွင် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် ‌ရွေး‌ကောက်ခံရပြီး ၂၀၁၂ခုနှစ်၊ ဧပြီလနှင့် စက်တင်ဘာလအတွင်း အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရာ၌ ဦး‌ဆောင်ပါဝင်ခဲ့သည်။ ၎င်း‌နောက် ၂၀၁၂ခု နှစ် ၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲအပြီးတွင် ဒုဥက္ကဌအဖြစ် ထပ်မံ ‌ရွေး‌ကောက်ခံရသူ အမျိုးသမီး‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည်။