Home ထိပ်တန်းသတင်း အားလုံးအတွက် ငြိမ်းချမ်း‌ရေး လိုလားဟု KNLA ဒုစစ်ဦးစီးချုပ် ထုတ်‌ဖော်‌ပြောဆို

အားလုံးအတွက် ငြိမ်းချမ်း‌ရေး လိုလားဟု KNLA ဒုစစ်ဦးစီးချုပ် ထုတ်‌ဖော်‌ပြောဆို

1482

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်း‌ရေးနှင့် တန်းတူအခွင့်အ‌ရေးရရှိရန် အခြားတိုင်းရင်းသား များနှင့် ‌ရှေ့ဆက်လက်တွဲသွားလို‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA)မှ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ထုတ်‌ဖော်‌ပြောကြား လိုက်သည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၏ လိုင်ဇာဌာနချုပ်ရှိ ယ‌နေ့ ‌အောက်တိုဘာ ၃ဝ ရက်‌နေ့၊ တိုင်းရင်းသားလူမျိုးများညီလာခံ စတင်ကျင်းပ‌နေချိန်၌ KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက လက်ရှိ၎င်း‌နေထိုင်ရာ ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသ KNU တပ်မဟာ(၅)တွင် ယခုလို ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒီညီလာခံက‌နေ အ‌ပေါင်းလက္ခဏာ‌ဆောင်မယ့် ရလဒ်တခုခုရရှိလိမ့်မယ်လို့ ကျ‌နော်‌မျှော်လင့်ပါတယ်။ တိုင်း ရင်းသားလူမျိုးများအားလုံးအ‌နေနဲ့ တူညီတဲ့အသံတစ်သံတည်းထွက်ဖို့ လိုပါတယ်။ ဘာ‌ကြောင့်လဲဆိုရင် ကျ‌နော်တို့အားလုံးက တိုင်းပြည်တပြည်ထဲမှာ တန်းတူညီမျှစွာ ‌နေထိုင်သွားကြရမှာ ဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ‌ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တစ်ခုလုံးသည် တပြည်လုံးရှိ တိုင်းရင်းသားလူမျိုးများအတွက် မျှတမှုရှိရန် လို‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေးသည် လူတစ်စု၊ နှစ်စုစာမဟုတ်ဘဲ မြန်မာပြည်သူလူထုအားလုံးအတွက် ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်လက်‌ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးအတွက် ရည်ရွယ်၍ KIO လိုင်ဇာဌာနချုပ်၌ ယ‌နေ့ ‌အောက်တိုဘာ ၃ဝရက်မှ နိုဝင်ဘာ ၁ရက်‌နေ့အထိ သုံးရက်ကြာ ကျင်းပမည့် ၎င်းတိုင်းရင်းသားလူမျိုးများညီလာခံတွင် UNFC အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ၁၇ဖွဲ့ တက်‌ရောက်လျှက်ရှိပြီး KNU ကိုယ်အစားလှယ်အဖြစ် ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးနှင့် အ‌ထွေ‌ထွေအတွင်းအ‌ရေးမှူး ပဒို ‌စောကွယ်ထူးဝင်းတို့ တက်‌ရောက်ခဲ့ကြသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက “တိုင်းရင်းသား‌တွေအ‌နေနဲ့ လက်နက်ကိုင်တိုက်ပွဲ‌တွေ တိုက်ခဲ့‌ပေ မယ့် အ‌ဖြေမထွက်ခဲ့ဘူး။ နိုင်ငံ‌ရေးပြဿနာဖြစ်လို့ နိုင်ငံ‌ရေးနည်းအရပဲ ‌ဖြေရှင်းမှဖြစ်မယ်။ မတူညီတာ‌တွေ ရှိ‌ကောင်းရှိနိုင်‌ပေမယ့် ညီညွတ်ဖို့ အ‌ရေးကြီးတယ်။ Unity and diversity ဖြစ်‌အောင် လုပ်ရမယ်။ အဲဒီလို မဖြစ်လို့က‌တော့ ‌အောင်မြင်မှာ မဟုတ်ဘူး”ဟု လိုင်ဇာဌာနချုပ်၌ ယ‌နေ့စတင်ပြုလုပ်သည့် ယင်းညီလာခံတွင် ‌ပြောကြားခဲ့သည်ဟု ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

သို့‌သော် ယင်းတိုင်းရင်းသားလူမျိုးများညီလာခံတွင် ‘ဝ’ ပြည် ‌သွေးစည်းညီညွှတ်‌ရေး တပ်မ‌တော်(UWSA)နှင့် ၎င်း၏ မဟာမိတ်အဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုက‌ရေစီ မဟာမိတ်တပ်မ‌တော်(NDAA)တို့ တက်‌ရောက်နိုင်ခြင်း မရှိ‌ကြောင်း သိရသည်။

ဆက်လက်၍ ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ယခုလို သမိုင်းဝင် တိုင်းရင်းသားလူမျိုးများညီလာခံသို့ တက်‌ရောက်သွားသူ တိုင်းရင်းသား‌ခေါင်း‌ဆောင်အားလုံးအတွက် ဝမ်းသာ‌ကြောင်းနှင့် ညီလာခံတွင် အ‌ကောင်းဆုံး ‌ဆွေး‌နွေးသွားကြမည်ဟု ‌မျှော်လင့်‌ကြောင်း ဖြည့်စွက်‌ပြောဆိုသည်။

KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲသည် ယခင်က ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသရှိ KNU တပ်မဟာ(၅)၏ တပ်မဟာမှူးဖြစ်ခဲ့ပြီး လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် စည်းရုံး‌ပြောဆိုရန် ခက်ခဲသူတစ်ဦးဟု မြန်မာအစိုးရက ယူဆ‌ကြောင်း သတင်းထွက်‌ပေါ်လျှက်ရှိသည်။