Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2330

ငြိမ်းချမ်း‌ရေးကို အ‌ရောင်မဆိုးကြ‌စေချင်

တနှစ်‌ကျော်ကြာ လုပ်‌ဆောင်လာခဲ့‌သော ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲ‌ရေးကို အစချီသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ခြေလှမ်းများမှာ မ‌ကောက်‌ကွေ့‌သေး‌သော်လည်း အသွား‌နှေးသလို၊ လမ်းလွဲမလို ဖြစ်‌နေ သည်။ သာဓကပြရ‌သော် ဝန်ကြီးချုပ်ဦးနု၏ “ငြိမ်းချမ်း‌ရေး”ကမ်းလှမ်းချက်များ‌ကြောင့် KNU ‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် မန်းဂျိန်းထွန်း‌အောင်၊ ဘုန်း‌တော်ကြီးဖရန့်စစ်အာမြတို့သည် အင်းစိန်တိုက်ပွဲများဖြစ်‌နေသည့် ၁၉၄၉ခုနှစ်၊ ဧပြီ (၄)ရက်‌နေ့က ရန်ကုန်သို့ တက်လာခဲ့ကြသည်။ ထိုစဉ် ငြိမ်းချမ်း‌ရေးအတွက် အပစ်အခတ်များ ရပ်စဲထားပြီး ငြိမ်းချမ်း‌ရေးကို လိုလားကြသူများ က (ယခုကဲ့သို့ပင်) ဖဆပလ အစိုးရနှင့် ‌စောဘဦးကြီးတို့အား ငြိမ်းချမ်း‌ရေးအတွက် ‌ထောက်ခံကြိုဆိုကြ‌လေသည်။

ထိုနှစ် ဧပြီလ (၅)ရက်‌နေ့အထိ ငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက် ငါးချက်ကို အစိုးရဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်‌နေဝင်း၊ ဦးဧ‌မောင် နှင့် ဆာဘဦးတို့က လက်မှတ်‌ရေးထိုးခဲ့ကြပြီး KNU ဘက်မှ ‌စောဘဦးကြီးနှင့် မန်းဂျိန်းထွန်း‌အောင်တို့က လက်မှတ်‌ရေးထိုးခဲ့ကြ သည်။ ထို့‌နောက် အင်းစိန်သို့ပြန်‌ရောက်၍ ပြန်လည်‌ပြောကြရာတွင် KNDO ‌ခေါင်း‌ဆောင် ‌စောဟန်တာသာ‌မွှေးနှင့် မန်းဘဇန်တို့ က “ဒီငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက် (၅)ချက်ဟာ တကယ်‌တော့ လက်နက်ချခိုင်းတဲ့သ‌ဘောမို့ ကျုပ်တို့လက်မခံနိုင်ဘူး”ဟု ကန့်ကွက်ခဲ့ကြသဖြင့် ‌စောဘဦးကြီးက “ငါက‌တော့ KNU ဥက္ကဋ္ဌအ‌နေနဲ့ လက်မှတ်ထိုးခဲ့ပြီးပြီး။ ဒါ‌ပေမယ့် မင်းကို မတရားအ သင်း ‌ကြေငြာခံထားရတဲ့ KNDO ဥက္ကဋ္ဌတစ်‌ယောက်အ‌နေနဲ့ မင်းပဲ ရန်ကုန်တက်ပြီး ဖဆပလအစိုးရနဲ့ ထပ်‌ဆွေး‌နွေးကွာ”ဟု KNDO ဥက္ကဋ္ဌ မန်းဘဇန်ကို KNU ဥက္ကဋ္ဌကြီး ‌စောဘဦးကြီးက အကြံ‌ပေးခဲ့သည်။

ထို့‌ကြောင့် KNDO ဥက္ကဋ္ဌ မန်းဘဇန် ဦး‌ဆောင်၍ ‌မေ (၅)ရက်‌နေ့တွင် ရန်ကုန်ကိုလာပြီး ဖဆပလ အစိုးရအဖွဲ့နှင့် ဆက်လက် ‌ဆွေး‌နွေးကြပြန်သည်။ ဖဆပလအဖွဲ့နှင့် မန်းဘဇန်တို့ မ‌ဆွေး‌နွေးခင်မှာ အိနိ္ဒယသံအမတ်ကြီး မစ္စတာ‌ရော့နဲ့ မစ္စစ်ဘ‌မောင်ချိန် (‌ဒေါက်တာစံစီဖိုးသမီး)တို့က စည်းရုံးကြသည်။ မစ္စစ်ဘ‌မောင်ချိန်က “မန်းဘဇန် မင်းစဉ်းစားကွာ။ ခင်ဗျားတို့ လက်နက်‌တွေအပ် ပြီးရင် ကရင်ပြည်နယ်အ‌ရေးကို ဆက်လုပ်‌ပေါ့။”လို့ စည်းရုံးသည့်အတွက် မန်းဘဇန်က “ခင်ဗျားကို ကရင်အချင်းချင်းမို့ ကျ‌နော် တစ်ခု‌ပြောမယ်၊ ကျွန်‌တော်တို့ ကရင်ပြည်နယ်ကို သူတို့ ဘယ်နည်းနဲ့မှ ‌ပေးမှာမဟုတ်ဘူး။ ကရင်ပြည်နယ်ရဖို့က လက်နက်ကိုင် တိုက်ပွဲမှတပါး အခြားမရှိ‌တော့ဘူး”ဟု ‌ပြောသည့်အတွက် KNDO ဥက္ကဋ္ဌ မန်းဘဇန် ထပ်မံ ‌ဆွေး‌နွေးမည့် “ငြိမ်းချမ်း‌ရေး” ‌ဆွေး ‌နွေးပွဲ ပျက်သွားရ‌လေသည်။

သို့ဖြစ်၍ KNU ဥက္ကဋ္ဌ‌စောဘဦးကြီး လက်မှတ်‌ရေးထိုး သ‌ဘောတူထား‌သော အင်းစိန်ငြိမ်းချမ်း‌ရေး သ‌ဘောတူညီချက်ကို KNDO ‌ခေါင်း‌ဆောင်များ လက်မခံ‌သော‌ကြောင့် ၁၉၄၉၊ ဧပြီ (၈)ရက်‌နေ့စွဲဖြင့် ဖဆပလ အစိုးရထံ ‌တောင်းဆိုချက်များအဖြစ် (၁)‌လော ‌လောဆယ် အ‌ခြေအ‌နေတွင် အပစ်အခတ်ရပ်စဲထားရန် (၂)ဖဆပလအစိုးရနှင့် KNU ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကို ချင်း၊ ကချင်၊ မွန် စ‌သော တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့်အတူ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ ပါဝင်‌သော ကျယ်ပြန့်သည့် ‌ဆွေး‌နွေးပွဲတစ်ရပ် အဖြစ် ကျင်းပသွားရန်ဟု အချက်နှစ်ချက်ကို ‌တောင်းဆိုရာ ဖဆပလအစိုးရက အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သော‌ကြောင့် ‌နောက်ဆုံးတွင် ယာယီ အပစ်အခတ်ရပ်စဲထား‌သော အင်းစိန်တစ်ဝိုက် တိုက်ပွဲများ ပြန်လည် စတင်သည့်အတွက် ပြည်သူများ ‌မြေဇာပင် ဖြစ်ခဲ့ရ‌လေသည်။

ယင်းသို့ နှစ်‌ပေါင်းများစွာ ခါးသီးခံခဲ့ရပြီး ယခုအခါ ပြည်သူအများ ‌တောင်းတ‌နေကြ‌သော ဒီမိုက‌ရေစီနိုင်ငံ‌တော် ထူ‌ထောင်နိုင် ‌ရေးသို့ ‌လျှောက်လှမ်း‌နေ‌သော‌ကြောင့် လာမည့် ‌ရွေး‌ကောက်ပွဲအတွက် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြင့် ‌ရေးဆွဲသွားကာ “မူ နှင့် လူ” တစ်သားတည်း ဖြစ်မည်ဆိုပါက ပြည်သူများက ငြိမ်းချမ်း‌ရေးကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်မည်ဖြစ် သည်။ ထို့‌ကြောင့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးဆိုသည်မှာ (အ‌ခြေခံဥပ‌ဒေကို ပြင်သည်ဖြစ်‌စေ အသစ်‌ရေးဆွဲသည်ဖြစ်‌စေ) ဒီမိုက ‌ရေစီသ‌ဘောအရ ပြည်သူများ ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် တစ်ပါတီ တစ်အာဏာ စနစ်ဆိုးကာလကဲ့သို့ ငြိမ်းချမ်း‌ရေးကို အ‌ရောင် မဆိုးကြရန်နှင့် ငြိမ်းချမ်း‌ရေး သမိုင်းစာမျက်နှာများအား သင်ခန်းစာယူသွားကြပါရန် တိုက်တွန်းနှိုး‌ဆော်လိုက်ရပါသည်။