Home သတင်း အစိုးရ တပ်‌ပြောင်း‌ရွှေ့‌ရေး KNU နှင့် ‌အောက်တိုဘာလကုန် တွင် ‌ဆွေး‌နွေးမည်

အစိုးရ တပ်‌ပြောင်း‌ရွှေ့‌ရေး KNU နှင့် ‌အောက်တိုဘာလကုန် တွင် ‌ဆွေး‌နွေးမည်

1912
Photo-KIC(၂၀၁၂ စက်တင်ဘာ ၄ရက်က ‌ကေအဲန်ယူနှင့် အစိုးရ တပ်‌ပြောင်း‌ရွှေ့‌ရေး ‌ဆွေး‌နွေးစဉ်)
‌အောက်တိုဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေအတွင်း မြန်မာအစိုးရ၏ တပ်‌နေရာ‌ပြောင်း‌ရွှေ့‌ရေးကိစ္စ အ‌ကောင်အထည် ‌ဖော်သွားရန် ယခု‌အောက်တိုဘာလ ၂၈ရက်‌နေ့တွင် KNU နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးကြရန် ယမန်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နှစ်ဖက် အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ကြသည်။

KNU ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ ဦး‌ဆောင်‌သော အဖွဲ့ဝင် ၆ဦးသည် အစိုးရ၏ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်-ရတခ တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ G-1 ဒုဗိုလ်မှူးကြီးဘုန်း‌အောင်မြင့်၊ တပ်မ(၂၂)ဗျူဟာမှူး ဗိုလ်မှူးကြီးကံ‌မောင်ဦးတို့နှင့် ဖားအံမြို့ရှိ တပ်မ(၂၂) ခမ်းမ‌ဆောင်၌ ယမန်‌နေ့ညက တစ်နာရီ‌ကျော် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ဘာဆုံးဖြတ်ချက်မှ ချတာမရှိဘူး။ အလွတ်သ‌ဘောပဲ‌လေ။ အစိုးရဘက်က သူတို့တပ် ‌ပြောင်း‌ရွှေ့ဖို့ ကိစ္စကို မနှစ်ကတည်းက ကျ‌နော်တို့ တင်ပြထားပြီးပြီ။ လုပ်‌ဆောင်ဖို့က သူတို့ တပ်ချုပ်ကပဲ ညွှန်ကြားစီစဉ်ရမှာမို့ ဒါကို တိုင်းမှူးနဲ့ အလွတ်‌ဆွေး‌နွေးတာပါ။ ‌အောက်တိုဘာလ ၂၈ရက်မှာ ‌ဆွေး‌နွေးသွားမဲ့သ‌ဘော သူတို့‌ပြောတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

DSC00231
အဆိုပါ‌တွေ့ဆုံမှုအပြီးတွင် KNU စစ်ဦးစီးချုပ်နှင့်အဖွဲ့သည် ယ‌နေ့မနက်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် ‌ခေတ္တ သွား‌ရောက်‌တွေ့ဆုံကာ နယ်စပ်သို့ ပြန်‌ရောက်လာခဲ့ပြီး ယင်းသို့ အလွတ်သ‌ဘော ‌ဆွေး‌နွေးလာသည်များကို ဗဟို‌ခေါင်း‌ဆောင် များထံ တင်ပြသွားမည်ဖြစ်‌ကြောင်း ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ဆက်လက်‌ပြောဆိုသည်။

အစိုးရစစ်တပ်၏ တပ်မ(၂၂)တာဝန်ရှိသူများနှင့် ‌တွေ့ဆုံခဲ့သည့် KNU အဖွဲ့တွင် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီနှင့်အတူ G-3 ဗိုလ်မှူး‌စော တာမလာ‌သော၊ ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ တပ်မဟာ(၃)မှူး ဗိုလ်မှူးချုပ်‌စောအဲ့ကလူသိန်း၊ တပ်မဟာ(၂) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဒဲ ဖိုးနှင့် ဗိုလ်မှူး‌စောဒီးကွယ်တို့ဖြစ်သည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ရက်‌နေ့က ‌နေပြည်‌တော်သို့ သွား‌ရောက်ကာ အစိုးရအဖွဲ့နှင့် တပ်အကြီးအကဲများကို ‌တွေ့ဆုံခဲ့ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးအပြင် တပ်‌နေရာ‌ပြောင်း‌ရွှေ့ထား‌ရေးကိုပါ ‌ဆွေး‌နွေးခဲ့ရာ မြန်မာအစိုးရ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က တစ်လအတွင်း စီစဉ်လုပ်‌ဆောင်‌ပေးသွား မည်ဟု တုန့်ပြန်‌ပြောဆိုခဲ့‌ကြောင်း ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ‌ပြောသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလက ဘားအံမြို့တွင် ‌ကေအဲန်ယူနှင့် အစိုးရတို့ တတိယအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ၌ ‌ကေအဲန်ယူ၏ တပ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များက ၎င်းတို့နယ်‌မြေအတွင်း အစိုးရတပ်များကို ‌ပြောင်း‌ရွှေ့‌နေရာချသွားရန် တင်ပြ‌ဆွေး‌နွေးခဲ့ သည်။