Home ထိပ်တန်းသတင်း မဲ‌ဆောက်သို့သွားမည့် Nok Air ‌လေယာဉ်လက်မှတ် ‌မော်လမြိုင် တွင် ဝယ်ယူနိုင်ပြီ

မဲ‌ဆောက်သို့သွားမည့် Nok Air ‌လေယာဉ်လက်မှတ် ‌မော်လမြိုင် တွင် ဝယ်ယူနိုင်ပြီ

2328

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်နှင့် မွန်ပြည်နယ် ‌မော်လမြိုင်သို့ စက်တင်ဘာလ ၁ရက်‌နေ့က တိုက်ရိုက် စတင်‌ပြေးဆွဲခဲ့သည့် Nok Air ‌လေ‌ကြောင်းခရီးစဉ် လက်မှတ်ကို ‌အောက်တိုဘာလမှစပြီး ‌မော်လမြိုင်မြို့တွင် ဝယ်ယူနိုင်ပြီးဖြစ်‌ကြောင်း ဝန်‌ဆောင်မှု‌ပေး‌နေ သည့် သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက ‌ပြောသည်။

‌အောက်တိုဘာလမှစ၍ ‌လေယာဉ်လက်မှတ် အပါအဝင် ခရီးသွားများအတွက် လိုအပ်သည့် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)၊ ပြည် ဝင်ခွင့်(ဗီဇာ)တို့ကို သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက Nok Air ‌လေ‌ကြောင်းလိုင်းနှင့် ချိတ်ဆက်ထားပြီး ‌မော်လမြိုင်ဘက်မှ ဝန်‌ဆောင်မှု‌ပေး‌နေပြီး ဖြစ်သည်။

“လက်မှတ်က စက်တင်ဘာ ၃ဝက‌နေ ‌မော်လမြိုင်မှာ ‌ရောင်း‌ပေး‌နေပါပြီး။ ဗီဇာ၊ ပတ်စ်ပို့အတွက်လည်း အမြန်ဆုံးရဖို့ ဝန်‌ဆောင် မှု‌ပေး‌နေပါတယ်။ ‌မော်လမြိုင်-မဲ‌ဆောက်က‌နေ ဘန်‌ကောက်ကိုလည်း စီစဉ်‌ပေး‌နေပါတယ်။ လမ်း‌ကြောင်းအားလုံးအတွက် လက်မှတ်က ဒီမှာဝယ်လို့ရတယ်”ဟု သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်း မန်‌နေဂျင်းဒါရိုက်တာ ဦး‌နေ‌ဇော်‌အောင်က ‌ပြော သည်။

‌မော်လမြိုင်-မဲ‌ဆောက် Nok Air ‌လေ‌ကြောင်းလိုင်းသည် စတင် ‌ပြေးဆွဲခဲ့စဉ်က ‌လေယာဉ်လက်မှတ်များကို မဲ‌ဆောက်မြို့တွင် သာ ဝယ်ယူနိုင်ခဲ့ပြီး လက်ရှိ ‌မော်လမြိုင်တွင် စတင် ‌ရောင်းချ‌ပေး‌နေသည့် ‌လေယာဉ်လက်မှတ်မှာ ခရီးစဉ်တစ်‌ကြောင်းလျှင် အ‌မေရိကန်‌ဒေါ်လာ ၅ဝနှင့် ၆ဝအကြား သတ်မှတ်ထားကာ ဝယ်ယူမည့်အ‌ခြေအ‌နေ၊ အချိန်အခါ‌ပေါ်မူတည်ပြီး ‌ဈေးနှုန်း‌ပြောင်းလဲ မှု ရှိနိုင်သည်ဟု သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက ဆိုသည်။

ဘားအံမြို့ခံ အမျိုးသမီးတစ်ဦးက “‌လေယာဉ်နဲ့သွားလာတာက အချိန်သက်သာပါတယ်။ ခုသတ်မှတ်ချက်အရဆို လက်မှတ်က တအား‌ဈေးမကြီး‌ပေမဲ့ ကျမတို့‌တွေသွားမယ်ဆို ကားနဲ့ ‌မော်လမြိုင်ကို အရင်သွားပြီးမှ မဲ‌ဆောက်ဘက်ကို ‌လေယာဉ်စီးသွားနိုင် မယ်‌လေ။”ဟု ဆိုသည်။

Nok Air ‌လေ‌ကြောင်းလမ်း စတင် ‌ပြေးဆွဲခဲ့သည့် စက်တင်ဘာတစ်လအတွင်း မဲ‌ဆောက်မှ ‌မော်လမြိုင်သို့ ခရီးသည် ၃၅၆ဦး ဝင်‌ရောက်ခဲ့ရာ ‌မော်လမြိုင်မှ ထွက်ခွာသူ ၃၂၃ဦးရှိကာ အများစုမှာ ထိုင်းလူမျိုးများဖြစ်ပြီး မြန်မာနှင့် အခြားနိုင်ငံခြားသားများ လည်း ပါဝင်သည်ဟု Nok Air ‌မော်လမြိုင်ရုံးခွဲ၏ ‌ပြောဆိုချက်အရ သိရသည်။

မွန်ပြည်နယ်နှင့် ထိုင်းနယ်စပ်သို့ အလွယ်တကူ သွားလာနိုင်ပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်သို့ ထိုင်းနှင့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များ ပိုမိုဝင်‌ရောက်လာဖွယ်ရှိပြီး လာ‌ရောက်လည်ပတ်သူများလည်း လက်ရှိထက် များပြားလာနိုင်‌ကြောင်း မွန် ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

ယင်းသို့ လာ‌ရောက်လည်ပတ်ကြသူ ထိုင်းခရီးသွားဧည့်သည်များမှာ အဓိကအားဖြင့် ကျိုက်ထီးရိုးဘုရားကို သွား‌ရောက်ဖူး‌မျှော် ကြပြီး ‌မော်လမြိုင်မြို့‌ပေါ်နှင့် မွန်ပြည်နယ်ရှိ အခြားအထင်ကရဘုရားများကိုလည်း ဖူး‌မျှော်နိုင်‌အောင် ခရီးသွားဝန်‌ဆောင်မှုကုမ္ပ ဏီများက စီစဉ်ထားသည်။

မဲ‌ဆောက် အထူးစီးပွား‌ရေးဇုန်နှင့် အာဆီယံစီးပွား‌ရေးအဖွဲ့အစည်း(AEC)တို့အတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် မဲ‌ဆောက်-‌မော်လမြိုင်သို့ ‌ပြေးဆွဲရန် Nok Air ‌လေ‌ကြောင်းလိုင်းကို စီစဉ်ခဲ့ခြင်းဖြစ်သည်။