Home သတင်း မဲ‌ဆောက်တွင် ကမ္ဘာ့ဒီမိုက‌ရေစီ လူငယ်များ‌နေ့ကျင်းပ

မဲ‌ဆောက်တွင် ကမ္ဘာ့ဒီမိုက‌ရေစီ လူငယ်များ‌နေ့ကျင်းပ

1802

‌အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ယခုနှစ်ကျ‌ရောက်သည့် ၁ဝကြိမ်‌မြောက် ကမ္ဘာ့ဒီမိုက‌ရေစီလူငယ်များ‌နေ့ အခမ်းအနားတစ်ရပ်ကို မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)နှင့် တိုင်းရင်းသားလူငယ်များအင်အားစု(NYF)တို့က ဦးစီး၍ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၌ ယ‌နေ့ ပြုလုပ်ကျင်းပခဲ့သည်။

ကမ္ဘာတဝှမ်းမှ လူငယ်များ၊ ‌ကျောင်းသားများသည် ဒီမိုက‌ရေစီ‌ရေးအတွက် လှုပ်ရှားရင်း ‌ဘေးဒုက္ခမျိုးစုံ ကြုံ‌တွေ့‌နေရ‌သော ‌ကျောင်းသား လူငယ်များအား စိတ်ဓါတ်ခွန်အားရရှိ‌စေရန် မိမိတို့၏ ‌သွေးစည်းညီညွှတ်‌ရေးကို ပြသခြင်းအားဖြင့် စု‌ဝေး‌ဆွေး‌နွေးရန် ရည်ရွယ်၍ အခမ်းအ နား ပြုလုပ်ရခြင်းဖြစ်‌ကြောင်း SYCB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်ဆန်းက ‌ပြောသည်။

“ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ငြိမ်းချမ်း‌ရေး စတာ‌တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ လှုပ်ရှားမှုထဲမှာလည်း လူငယ်‌တွေက ပါဝင်ဖို့ဆိုရင် ဒီလို‌နေ့ထူး‌နေ့မြတ်မှာ အမြင်ဖလှယ်တာ‌တွေ လုပ်သင့်တယ်။ ဒါ‌ကြောင့် ဒီလိုအခမ်းအနားကို ကျ‌နော်တို့ လုပ်တာပါ။”ဟု ‌နော်ဆန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကမ္ဘာ့ဒီမိုက‌ရေစီလူငယ်များ‌နေ့ အခမ်းအနားတွင် SYCB နှင့် NYF အဖွဲ့ဝင်လူငယ်များ အပါအဝင် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)၊ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)နှင့် ဖိတ်ကြားထား‌သော မဟာမိတ်အဖွဲ့များမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း လူ ၄ဝခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်ခဲ့သည့် UNFCအတွင်း‌ရေးမှူး(၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက “နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံ‌ရေး‌ပြောင်းလဲလာ‌အောင် တွန်းအား‌ပေးနိုင်တာက လူငယ်‌တွေလည်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်‌ရေးရ‌အောင် စတင် ကြိုးပမ်းခဲ့တာလည်း လူငယ်ပဲ။ ကမ္ဘာ့လူ ဦး‌ရေ‌တွေထဲမှာလည်း လူဦး‌ရေအများဆုံးဟာ လူငယ်ပါ။ ဒါ‌ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံ‌ရေး ‌ပြောင်းလဲဖို့ဆိုရင် လူငယ်ရဲ့ကဏ္ဍဟာ အင်မ တန် အ‌ရေးကြီးတယ်။”ဟု ‌ပြောသည်။

ယ‌နေ့ထုတ်ပြန်သည့် SYCB နှင့် NYF တို့၏ ပူးတွဲ‌ကြေညာချက်ထဲတွင် တိုင်းရင်းသားလူမျိုးစုများ ‌နေထိုင်ရာနယ်စပ်‌ဒေသများရှိ ‌ကျောင်း သားလူငယ်များသည် ပညာ‌ရေးနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုတို့ မရရှိဘဲ ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်‌ကျော်‌နေရသလို အစိုးရစစ် တပ်မှ ဆက်လက် ထိုးစစ်ဆင်မှုများ‌ကြောင့် လူ့အခွင့်အ‌ရေးမျိုးစုံ ချိုး‌ဖောက်ခံ‌နေရ‌ကြောင်း ‌ဖော်ပြထားသည်။

ကမ္ဘာ့ဒီမိုက‌ရေစီလူငယ်များ‌နေ့ အခမ်းအနားမှတ်တမ်းပုံ
ကမ္ဘာ့ဒီမိုက‌ရေစီလူငယ်များ‌နေ့ အခမ်းအနားမှတ်တမ်းပုံ

၎င်း‌ကြေညာချက်၌ နိုင်ငံ‌ရေးလူငယ်‌ကျောင်းသားများ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွှတ်‌ပေး‌ရေး၊ ‌ကျောင်းသားလူငယ်များ အား ဆက်လက်ဖမ်းဆီး‌နေမှု ရပ်တန့်‌ရေး၊ တိုင်းရင်းသား‌ဒေသရှိ ထိုးစစ်များကို ရပ်တန့်‌ပေး‌ရေး၊ ပင်လုံစိတ်ဓါတ်ကို အ‌ခြေခံ‌သော ညီလာ ခံတစ်ရပ် ကျင်းပ‌ပေး‌ရေးနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ပေါ်ထွန်‌ရေး အချက် ၅ချက်ကို ဦးသိန်းစိန်အစိုးရထံ ‌တောင်းဆိုထားသည်။

မြန်မာတိုင်းရင်းသား လူငယ်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား‌သော SYCB နှင့် NYF သည် ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့ဒီမိုက‌ရေစီလူငယ်များ ‌နေ့ကို နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဖွဲ့သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၂ရက်‌နေ့က မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်နယ်များ နှင့် တနသင်္ာရီတိုင်းတို့တွင် ‌ဒေသခံလူထုအား တိုင်ပင်မှုမရှိဘဲ မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများ ပူး‌ပေါင်းလုပ်ကိုင်‌သော မဟာစီမံ ကိန်းကြီး ၉ခုနှင့်ပတ်သက်၍ “အပစ်ပယ်ခံ”အမည်ရှိ အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်ခဲ့‌သေးသည်။