Home သတင်း ဖားအံမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်‌ရေးနှင့် အသစ်‌ရေးရန် NLD ‌ဆွေး‌နွေး

ဖားအံမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်‌ရေးနှင့် အသစ်‌ရေးရန် NLD ‌ဆွေး‌နွေး

1260
Photo - KIC
‌အောက်တိုဘာ ၆ရက်၊၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ နန်းခင်‌ထွေးမြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်‌ရေးဆွဲရန်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမတွင် ပြည်သူများနှင့် ‌အောက်တိုဘာ ၆ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် NLD က ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတင်ပြပြီး ပြင်ဆင်ခြင်း၏ ‌ကောင်းကျိုး၊ ဆိုးကျိုးများနှင့် အသစ်ပြန်လည်‌ရေးဆွဲခြင်း၏ ‌ကောင်းကျိုးဆိုးကျိုးများကို နှိုင်းယှဉ်ပြီး ပြည်သူများကို ‌တွေ့ဆုံရှင်း လင်းကာ ဆန္ဒ‌ကောက်ခံခဲ့ခြင်းဖြစ်သည်။

နန်းခင်‌ထွေးမြင့်က “ဒီ‌ဆွေး‌နွေးပွဲမှာ တက်‌ရောက်လာတဲ့ ပြည်သူ ၉ဝရာခိုင်နှုန်း‌ကျော်က ပြင်ဆင်ရန်အတွက်ကိုပဲ ဆန္ဒရှိ‌နေကြ တာကို ‌တွေ့ရတယ်။ အသစ်‌ရေးမယ်ဆိုရင် အစိုးရကလည်း လက်ခံဖို့ နည်းတာ‌ပေါ့။ ပြည်သူ‌တွေက အဲလို မြင်ကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာကြသည့် ပြည်သူအများစုက ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပါရှိသည့် အထူးသဖြင့် စစ်တပ် ၂၅ရာခိုင်နှုန်း၊ သမ္မတ ‌ရွေးချယ်မှုနှင့် သမ္မတဖြစ်ရမည့် အရည်အချင်းဆိုင်ရာ အချက်များကို ပြည်သူများအ‌နေဖြင့် ပြင်လို ‌ကြောင်း နန်းခင်‌ထွေးမြင့်က ဖြည့်စွက်‌ပြောဆိုသည်။

၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် NLD အဖွဲ့ဝင်များ အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ မွန်နိုင်ငံ‌ရေးပါတီနှစ်ခုနှင့် ဖားအံ မြို့ခံပြည်သူ များ စုစု‌ပေါင်း ၉၈ဦး တက်‌ရောက်‌ဆွေး‌နွေးကြကာ အပြန်အလှန် အ‌မေးအ‌ဖြေ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ဖားအံမြို့ခံ ဦး‌စော‌ရော်နက “၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေမှာ ပြင်ဆင်ရမယ့် အချက်များတဲ့အ တွက် ပြင်ဆင်ရာမှာ အဖွဲ့အစည်း‌တွေ၊ လူတစ်ဦးချင်း အခွင့်အ‌ရေး‌တွေကို တန်းတူမှုရရှိ‌အောင် ‌ရေးဆွဲသင့်တယ်။ ဒါ့အပြင် ပြင် ဆင်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်‌ရေးဆွဲတာပဲဖြစ်ဖြစ် NLD အပြင် တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေနဲ့ ပြည်သူ‌တွေ စု‌ပေါင်းပြီး ပြင်ဆင်ရင် ပို‌ကောင်းမယ်။”ဟု ‌ပြောသည်။

NLD နှင့် လူထု‌တွေ့ဆုံပွဲအ‌ပေါ် ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ ဦးမန်း‌အောင်ပြည်စိုးက၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်လိုသည်ဖြစ်‌စေ၊ အသစ်ပြန်‌ရေးဆွဲလိုသည်ဖြစ်‌စေ အခက်အခဲများရှိ‌ကြောင်းနှင့် ၎င်းတို့ပါတီအ ‌နေဖြင့် လက်ရှိအချိန်တွင် တစုံတရာ ဆုံးဖြတ်ချက်မချရ‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး‌နောက် ကရင်ပြည်နယ်၌ နန်းခင်‌ထွေးမြင့်မှ ဦး‌ဆောင်၍ စစ်အစိုးရလက် ထက်က ‌ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရန် ယခုလို ပြည်သူလူထုနှင့် ‌တွေ့ဆုံကာ ဆန္ဒသ‌ဘောထား ‌ကောက်ခံမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။