Home သတင်း ပညာ‌ရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၂ချက်ကို ‌ကော့ကရိတ်မြို့နယ် KED ချမှတ်

ပညာ‌ရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၂ချက်ကို ‌ကော့ကရိတ်မြို့နယ် KED ချမှတ်

2243

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပညာ‌ရေးဌာန(KED)၏ လက်‌အောက်ခံ ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့ နယ် ‌ဒေါနအ‌ရှေ့ဘက်ခြမ်းအ‌ခြေပြု KED အဖွဲ့က ‌ဒေသအတွင်းရှိ ပညာ‌ရေးအဆင့်အတန်း မြင့်မားလာ‌ရေးနှင့် ‌ရှေ့ဆက်လုပ်‌ဆောင်မည့် ပညာ‌ရေးလုပ်ငန်းများအတွက် ဆုံးဖြတ် ချက် ၁၂ချက်ကို ချမှတ်လိုက်သည်။

အဆိုပါ KED အဖွဲ့မှ ဦးစီး၍ ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ် ‌လေး‌ဝေါ်‌ဒေသ၌ ‌အောက်တိုဘာ ၁ဝရက်မှ ၁၁ရက်‌နေ့အထိ ပြုလုပ်‌သော ပညာ‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တွင် ထိုဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက် ၁၂ချက်တွင် KED နှင့် အစိုးရပညာ‌ရေးဌာနတို့ အမြန်ဆုံး‌တွေ့ဆုံ‌ရေး၊ KNU ‌ဒေသရှိ အစိုးရတွဲဖက် KED ‌ကျောင်း များ၌ ကရင်အလံလွှင့်ထူနိုင်‌ရေး၊ ကရင်စာ‌ပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားနိုင်‌ရေး၊ ပညာ‌ရေးအ‌ထောက်အကူ‌ပေး‌သော အဖွဲ့အစည်းများအ‌နေဖြင့် KED ၏ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ အဆင့်ဆင့်တင်ပြပြီးမှသာ လုပ်ငန်းများလုပ်‌ဆောင်‌ရေး၊ ‌ကျောင်းသားများကို အသိအမှတ်ပြု‌ပေး‌ရေးနှင့် ချိတ်ဆက်ပညာသင်ကြားနိုင်‌ရေး စသည့်အချက်များ ပါဝင်သည်။

ထိုပညာ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲတွင် ဒူးပလာယာခရိုင်၊ မြို့နယ်အတွင်းရှိ အသီးသီးမှ ပညာ‌ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကလို့ထူး ‌ဘောကရင်အဖွဲ့အစည်း(KKO)၊ ကရင်အ‌ခြေပြုအဖွဲ့ကွန်ရက်မှ တာဝန်ရှိသူများ စုစု‌ပေါင်းလူဦး‌ရေ ၇၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး KED နှင့် အစိုးရပညာ‌ရေးဌာန၏ လက်ရှိအ‌ခြေအ‌နေနှင့် ‌ရှေ့ဆက် သွားမည့်လုပ်ငန်းများ၊ သင်ရိုးညွန်းတမ်းများ၊ KED ပညာ‌ရေး ဆိုင်ရာ ‌ထောက်ပံ့မှုများနှင့် ‌ကျောင်းဆရာ၊ ဆရာမ အရည်အချင်း မြှင့်တင်‌ရေးတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် ကရင်အ‌ခြေပြုအဖွဲ့ကွန်ရက်မှ ‌ပြောခွင့်ရသူ ‌စောဖိုးကွီက “အခုပြုလုပ်တဲ့ ပညာ‌ရေးဆိုင်ရာ ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲဟာ ‌ဒေါနအ‌ရှေ့ခြမ်းမှာရှိတဲ့ KED ရဲ့ ပညာ‌ရေး‌ကျောင်းများအတွက်သာ ကိုယ်စားပြုတာ ဖြစ်တယ်။ ‌ဆွေး‌နွေးပွဲရဲ့ ဆုံး ဖြတ်ချက်ကို‌တော့ သက်ဆိုင်ရာ KED (ဗဟို)ကို တင်ပြသွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် KED (ဗဟို)တာဝန်ခံ ပဒို‌စောလား‌စေးက “သူတို့ချမှတ်ထားတဲ့ထဲမှာ အစိုးရပညာ‌ရေးဌာနတို့ အမြန်ဆုံး ‌တွေ့ဆုံ‌ရေးပါ တယ်။ ကျ‌နော်တို့အ‌နေနဲ့ ‌တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။ အခုက ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ဆက်စပ်‌နေ‌တော့ ဒါ‌တွေကို အ‌ကောင်အထည် ‌ဖော်ဖို့ ဖြည်းဖြည်းချင်းနဲ့ တစ်ဆင့်ချင်း သွားရမှာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
Photo 2
ကရင်ပြည်နယ် ‌ဒေါနအ‌ရှေ့ခြမ်း အပါအဝင် ‌ကော့ကရိတ်မြို့နယ်တစ်ခုလုံးတွင် KED မှ မှုလတန်း၊ အလယ်တန်း၊ အထက်တန်း အပြင် အထက်တန်းလွန်ပညာ‌ရေးအထိ စာသင်‌ကျောင်း‌ပေါင်း ၉၂‌ကျောင်း ဖွင့်လှစ်ထားလျှက်ရှိသည်ဟု ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ဘက်ခြမ်းအ‌ခြေပြု KED က ဆိုသည်။

KED သည် ၂၀၀ဝခုနှစ်မှစ၍ မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း မြို့နယ် ၂၄ခုနှင့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ဒုက္ခသည်စခန်း ၇ခု မှ ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း သုံးသိန်းငါး‌သောင်း(၃၅၀,၀၀၀)‌ကျော်ကို ပညာ‌ရေးဆိုင်ရာ အ‌ထောက်အပံ့များ ‌ပေးအပ်လုပ် ‌ဆောင်လျှက်ရှိသည်ဟု သိရသည်။