Home သတင်း ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်‌တော်‌ဆေးခန်းအတွက် ဘတ်‌ငွေတစ်သိန်းလှူဒါန်း

ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်‌တော်‌ဆေးခန်းအတွက် ဘတ်‌ငွေတစ်သိန်းလှူဒါန်း

1524
(Photo-MTC) ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်‌တော်‌ဆေးခန်းအတွက် ဘတ်‌ငွေတစ်သိန်းလှူဒါန်းမှတ်တမ်းပုံ

‌အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ အခမဲ့‌ဆေးကုမှု ‌ပေး‌နေ‌သော မယ်‌တော်‌ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women’s League of the Republic of China -Taiwan)က ထိုင်းဘတ်‌ငွေတစ် သိန်းနှင့် အသုံးအ‌ဆောင်ပစ္စည်းများကို ယမန်‌နေ့က ‌ပေးအပ်လှူဒါန်းခဲ့သည်။

၎င်းအလှူ‌ငွေဘတ်တစ်သိန်းနှင့်အတူ ဆန် ၂ဝအိတ်၊ ခြင်‌ထောင် ၄ဝလုံး၊ ဖျာ ၁၀ဝချပ်၊ ‌စောင်အထည် ၁၀ဝတို့ကို လာ‌ရောက်လှူ ဒါန်းခြင်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်းရှိ ‌ထောက်ပံ့ပို့‌ဆောင်‌ရေးဌာနမှ ကြီးကြပ်သူ ‌စောလွယ်ထူးက ‌ပြောသည်။

ထိုသို့ ‌ပေးအပ်လှူဒါန်းရာတွင် ထိုင်းနိုင်ငံ၌ အ‌ခြေစိုက်သည့် လူမှု‌ရေး အ‌ထောက်အကူပြုလုပ်ငန်းများကို လုပ်‌ဆောင်‌နေ‌သော Taipei Overseas Peace Service (TOPS)မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၃ဦးမှတဆင့် လာ‌ရောက်‌ပေးအပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်က “ထိုင်ဝမ်အမျိုးသမီးအဖွဲ့အစည်းဟာ ထိုင်း-မြန်မာနယ်စပ်တစ် ‌လျှောက်မှာ အကူအညီ‌ပေး‌နေတဲ့ အဖွဲ့ဖြစ်သလို ‌ဆေးခန်းကိုလည်း လိုအပ်တာ‌တွေ လှူဒါန်းတာမျိုး ရှိပါတယ်။ အခုဒီလိုလာ ‌ရောက်လှူဒါန်းတာကလည်း တနှစ်တစ်ကြိမ် ပုံမှန် လာ‌ရောက်လှူဒါန်းခြင်းမျိုးပဲ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းသည် အလှူရှင်အချို့၏ ‌ထောက်ပံ့‌ငွေ ဖြတ်‌တောက်မှု‌ကြောင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၌ ‌ဆေးခန်း၏လုပ်ငန်း အားလုံး လည်ပတ်နိုင်ရန် ထိုင်းဘတ်‌ငွေ ၁၈သန်းခန့်ရရှိရန် လိုအပ်သည်အထိ ‌ငွေ‌ကြေးအခက်အခဲများရှိခဲ့‌ကြောင်း မယ်‌တော် ‌ဆေးခန်းဝက်ဘ်ဆိုဒ်တွင် ‌ဖော်ပြထား‌သော်လည်း လတ်တ‌လောအချိန်၌ အဖွဲ့အစည်းလိုက်‌ရော၊ တစ်ဦးချင်းပါ လာ‌ရောက်လှူ ဒါန်း‌ပေး‌နေသည့်အတွက် အခက်အခဲ ကြီးကြီးမားမား မရှိ‌သေး‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောသည်။

သူမက “အခက်အခဲက‌တော့ ‌နေရာထိုင်ခင်းနဲ့ လူနာ‌တွေအတွက် စား‌သောက်စရိတ်၊ ‌ဆေးဝါးလုံ‌လောက်‌အောင် စီမံရတဲ့အခက် အခဲ စတာ‌တွေပါပဲ။ အဲဒါကလည်း နှစ်စဉ် ပုံမှန် ကြုံ‌တွေ့‌နေရတာ‌တွေပါပဲ။ အခု လာလှူဒါန်းတဲ့‌ငွေ‌တွေကို မယ်‌တော်‌ဆေးခန်းအ တွက်နဲ့ ‌ရောဂါလာကုတဲ့ လူနာ‌တွေအတွက်ပါ အကျိုးရှိဖို့ စီမံခန့်ခွဲသုံးစွဲသွားမှာပါ။”ဟု ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းသို့ ယခုတစ်ကြိမ် ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ် ကိုယ်စား လာ‌ရောက်လှူဒါန်း‌သော (TOPS) မှာ ၁၉၉၆ခုနှစ်မှစ ၍ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်က‌လေးများ၏ ပညာ‌ရေးနှင့် ဖွံ့ဖြိုးမှုအစီအစဉ်များကို လုပ်‌ဆောင်‌နေ‌သော အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။