Home ထိပ်တန်းသတင်း ကရင်စာ‌ပေတစ်ခုတည်းဖြစ်လာရန် မလွယ်‌သေးဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ပြော

ကရင်စာ‌ပေတစ်ခုတည်းဖြစ်လာရန် မလွယ်‌သေးဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ပြော

1992

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

စည်းလုံးညီညွှတ်‌ရေးကို ‌ရှေးရှုပြီး ကရင်အမျိုးသားတစ်ရပ်လုံးအတွက် တစ်ခုတည်း‌သော ကရင်အမျိုးသား စာ‌ပေ ဖြစ်‌ပေါ်လာရန် မလွယ်ကူ‌သေး‌ကြောင်း ကရင်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြတ်က ယမန်‌နေ့က ‌ပြောကြား လိုက်သည်။

ဖားအံမြို့နယ်၊ ကြာအင်း‌ပေါ်‌တော်မူ ဘုန်း‌တော်ကြီး‌ကျောင်းတွင် ‌အောက်တိုဘာ ၁ဝရက်‌နေ့က ဆရာ‌တော်အရှင်ဆန္ဒသာရ ဦးစီး ပြုလုပ်‌သော ဒုတိယအကြိမ် စ‌ကောကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု အကြိုသင်တန်းဆင်းပွဲအခမ်းအနား ‌စော‌အေးမြတ်က ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်ခုတည်း‌သော စာ‌ပေဖြစ်ဖို့ ကရင်လူထု‌တွေက ဆန္ဒရှိကြပါတယ်။ ဒါ‌ပေမယ့် ကရင်အမျိုးသား‌တွေကြားမှာ သာဘာစကားနဲ့ ကိုးကွယ်တဲ့ ဘာသာ‌တွေ ကွဲပြားခြားနာမှု အများကြီးရှိတယ်။ ‌နောက် လက်ရှိ ကရင်မျိုးနွယ်စု‌တွေဟာ ‌ဒေသအလိုက် သူ့နည်း သူ့ဟန်နဲ့ စာ‌ပေ‌တွေရှိတဲ့အတွက် တစ်ခုတည်းဖြစ်‌အောင် လုပ်ဖို့ မလွယ်‌သေးပါဘူး”ဟု ‌စော‌အေးမြတ်က ‌ကေအိုင်စီသို့ ‌ပြော သည်။

တစ်မျိုးသားလုံး လက်ခံနိုင်မည့် ကရင်စာ‌ပေကို တီထွင်ရန်ဖြစ်‌စေ၊ ရှိနှင့်ပြီး ကရင်စာ‌ပေတစ်ခုခုကို အတည်ပြုရန်ဖြစ်‌စေ အခက် အခဲရှိ‌ကြောင်းနှင့် လုပ်‌ဆောင်မည်ဆိုပါကလည်း ကရင်‌ဒေသအားလုံးသို့ ကွင်းဆင်းကာ လူထု၏ ဆန္ဒသ‌ဘောထားများကို ‌ကောက်ခံရမည်ဖြစ်သလို သက်ဆိုင်ရာ ကရင်စာ‌ပေ‌ခေါင်း‌ဆောင်များနှင့်လည်း ‌တွေ့ဆုံညှိနှိုင်းရမည်ဖြစ်၍ အချိန်ယူဦးမည်ဖြစ် ‌ကြောင်း သူက ဆက်‌ပြောသည်။

တစ်ခုတည်း‌သော ကရင်စာ‌ပေဖြစ်‌ပေါ်လာနိုင်‌ရေးနှင့် ပတ်သက်၍ ၎င်းစ‌ကောကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု အကြိုသင်တန်းမှ သင်တန်းမှူးတစ်ဦးဖြစ်သူ ‌စောဆာ့စ‌ပေါ်က “ကရင်စာ‌ပေကို တစ်ခုတည်း အတည်ထားဖို့ဆိုရင် အင်မတန်‌ကောင်းတဲ့ အရာပါ။ ‌လော‌လောဆယ် အဲဒါ‌တွေ မလုပ်နိုင်‌သေးခင်မှာ ကရင်စာ‌ပေတစ်ခုခု‌တော့ တတ်သင့်တယ်။ ဒါ‌ကြောင့် ဒီသင်တန်းကို ဖွင့်ရတာ ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုစ‌ကောကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု အကြိုသင်တန်းဆင်းပွဲတွင် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်နှင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့၊ သံဃာ‌တော်များ၊ သင်တန်းသူ သင်တန်းသားများ အပါအဝင် ‌ဒေသခံစုစု‌ပေါင်း လူ ၃၀၀‌ကျော် တက်‌ရောက်ခဲ့ ကြသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုသင်တန်းကို တက်‌ရောက်သင်ကြားသည့် ‌စောသန်း‌ထွေးက “ကျ‌နော် က မွန်ပြည်နယ်မှာ‌နေ‌တော့ ကရင်အ‌ကြောင်းအရာ‌တွေကို ဒီသင်တန်းတက်‌ရောက်မှပဲ သိရတယ်။ ပထမဦးဆုံးအကြိမ် ကရင် စာကို သင်ကြားခွင့်ရတာပါ။ ကရင်စာ‌ပေတစ်ခုတည်း ဖြစ်‌ပေါ်လာနိုင်ရင်‌တော့ ပို‌ကောင်းတယ်”ဟု ‌စောသန်း‌ထွေးက‌ပြောသည်။
DSC03234
ဒုတိယအကြိမ် စ‌ကောကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု အကြိုသင်တန်းတွင် မွန်ပြည်နယ် ဘီးလင်မြို့နယ်၊ ကျိုက်ထုံမြို့နယ်၊ ‌ပေါင်မြို့ နယ်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ဖားအံမြို့နယ်များရှိ ရွာ‌ပေါင်း ၄၆ရွာမှ ကရင်လူငယ်‌မောင်မယ် ၄၉ဦး တက်‌ရောက်သင် ကြားခဲ့ကြသည်။

ယခုပြုလုပ်သည့် စ‌ကောကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု အကြိုသင်တန်းမှာ ကရင်စာ‌ပေနှင့် ဘာသာစကားများ မ‌ပျောက်ပျက်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တစ်လသင်၊ တစ်လနားဖြင့်သင်ကြားကာ လာမည့်လများ၌ ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်း တွင် ယခင်ထက် ပိုမိုတက်‌ရောက်သင်ကြားနိုင်ရန် လုပ်‌ဆောင်သွားမည်ဟု သင်တန်းမှူး ‌စောဆာ့စ‌ပေါ်က ‌ပြောသည်။