Home သတင်း မြဝတီမြို့နယ်ရှိ ရွာ ၁ဝရွာကို လမ်းစဉ်နှင့် လက်ရှိနိုင် ငံ‌ရေး ‌ကေအဲန်ယူ ချပြ‌ဆွေး‌နွေး

မြဝတီမြို့နယ်ရှိ ရွာ ၁ဝရွာကို လမ်းစဉ်နှင့် လက်ရှိနိုင် ငံ‌ရေး ‌ကေအဲန်ယူ ချပြ‌ဆွေး‌နွေး

1880

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ‌မောခီး‌ကျေးရွာအုပ်စုရှိ ရွာ ၁ဝရွာ ကို ‌ကေအဲန်ယူက ၎င်းတို့၏ လမ်းစဉ်နှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို စက်တင်ဘာလ တတိယပတ်အတွင်း ရှင်းလင်းချပြ ‌ဆွေး‌နွေးသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်ရင်း(၂၀၁)မှ ဒုဗိုလ်မှူးကြီး‌စောဘူး‌ဖော ဦးစီး၍ ‌မောခီး‌ကျေးရွာအုပ်စုအတွင်းရှိ ကနဲ‌လေး၊ လယ်‌ခေါ်၊ အူးဖူးထာ့၊ ထီးဆဲလယ်၊ ‌မောခီး၊ ‌မောဖိုးကလိုး၊ ‌ကော်ဆဲ၊ က‌လော်‌ဝေါ်၊ ‌ဖောဘူးလာ့ထာ့နှင့် ကွီးချဲ‌ဖော စသည့်ရွာများမှ ရွာသူရွာသားများကို စက်တင်ဘာလ ၂၂ရက်‌နေ့မှစတင်ကာ အလုပ်ရုံ‌ဆွေး‌နွေးပွဲပုံစံဖြင့် ‌ခြောက်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ဒုဗိုလ်မှူးကြီး‌စောဘူး‌ဖောက “ကျ‌နော်တို့ လူထုအများစုဟာ ‌ကေအဲန်ယူ သွား‌နေတဲ့လမ်းစဉ် ‌သေချာမသိကြဘူး။ ‌ကေအဲန်ယူ ဟာ လက်နက်ကိုင်‌နေတာ တစ်ခုတည်းမဟုတ်ဘဲ လူထု‌တွေကို နိုင်ငံ‌ရေးမှာ ဦး‌ဆောင်တယ်ဆိုတာ သူတို့သိ‌အောင် ရှင်းပြ တယ်။ ‌နောက် အခုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ဘယ်အဆင့်ထိ ‌ရောက်‌နေပြီလဲဆိုတာ လူထုကို ရှင်းပြတယ်”ဟု ‌ပြော သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌မောခီး‌ကျေးရွာအုပ်စုအတွင်း လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ အုပ်ချုပ်‌ရေးနှင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ တပ်သားများ အပါအဝင် (‌ကေဝိုင်အို)ကရင်လူငယ်အစည်းအရုံး၊ (‌ကေဒဗလျူအို) ကရင်အမျိုးသမီးအစည်းအ ရုံး အဖွဲ့ဝင်များနှင့် ‌ဒေသခံ ‌ကျေးရွာလူထု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် ‌ဖောဘူးလာ့ထာ့ရွာသူ ‌နော်လားတူးက “ကျမတို့က ‌ကေအဲန်ယူရဲ့ လမ်းစဉ်နဲ့ အခု သူတို့ သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ဘယ်အ‌ခြေအ‌နေရှိလဲဆိုတာ သိချင်တာရယ်၊ ဘယ်လိုအပိုင်းမှာ ပံ့‌ပေးနိုင်မလဲဆိုတဲ့အပိုင်းမှာ ဒီ‌ဆွေး‌နွေးပွဲကို လာတက်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မောခီး‌ကျေးရွာအုပ်စုတွင် ‌ကေအဲန်ယူအ‌နေဖြင့် ယခင်က လွတ်လွတ်လပ်လပ် သွားလာမရသည့်အချိန်က လူထုအတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲများ လာ‌ရောက်ပြုလုပ်မှု မရှိခဲ့‌သော်လည်း ယခုလို အချိန်မျိုးတွင် လာ‌ရောက်နိုင်သည့်အ‌ပေါ် များစွာ အကျိုး ရှိ‌ကြောင်း သူမက ဆက်‌ပြောသည်။

‌ကေအဲန်ယူသည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး မပြုလုပ်မီက လူထုအား လွတ်လပ်စွာ ‌ပြောဆိုခွင့် မရရှိ‌သော်လည်း ယခုလို သွားလာလှုပ်ရှား‌နေချိန်တွင် ကရင်‌ဒေသခံလူထုများ အမြင်ကျယ်လာပြီး နိုင်ငံ‌ရေးအ‌တွေးအ‌ခေါ် မြင့်မားလာ‌စေ‌ရေးအ တွက် လုပ်နိုင်သည့် အတိုင်းအတာဖြင့် လူထုစည်းရုံး‌ရေးများ ‌ဆောင်ရွက်‌နေခြင်းဖြစ်သလို အလားတူ ‌ဆွေး‌နွေးပွဲကို ‌ရှေ့ဆက် လုပ်‌ဆောင်သွားနိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။