Home သတင်း မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ရှင်မှ လစာ‌ငွေ‌ပေးရန် ပျက်ကွက်မှုအတွက် တရားရုံးက ဆုံးဖြတ်

မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ရှင်မှ လစာ‌ငွေ‌ပေးရန် ပျက်ကွက်မှုအတွက် တရားရုံးက ဆုံးဖြတ်

1521
စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

workers (photo-jacba)ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့၊ မယ်ပ ၁ဝ ရပ်ကွက်ရှိ M-1 အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား အမျိုးသမီး ၁၉ ဦးကို အလုပ်ရှင် မှ လစာ‌ပေးရန် ပျက်ကွက်မှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲ‌ဆောက်မြို့ အလုပ်သမား ကာကွယ်‌ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် လုပ်အားခပြန်အမ်း‌ငွေကို ယ‌နေ့ ပြန်လည်ရရှိခဲ့သည်။

ထိုသို့ ‌ငွေပြန်လည်ရရှိရန် ဩဂုတ်လ ၃ဝရက်‌နေ့က ကာယကံရှင်အလုပ်သမားများအပါအဝင် မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား အ‌ရေးကို ‌ဆောင်ရွက်‌နေသည့် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ (JACBA)တို့မှ နစ်နာခဲ့ရ‌သော လုပ်အားခများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့်အတူ သက်ဆိုင် ရာ အလုပ်သမားကာကွယ် ‌ရေးရုံးများနှင့် ဆက်သွယ်ကာ ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

JACBA ၏ ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက “M-1 အထည်ချုပ်စက်ရုံက အဲဒီအလုပ်သမား‌တွေဟာ အလုပ်က‌နေ ထွက်တယ်။ ဒါ‌ပေမယ့် ထိုင်းဥပ‌ဒေအရ အလုပ်ထွက်တဲ့အလုပ်သမား‌တွေ အလုပ်ထွက်ရင် သူတို့လုပ်ထားတဲ့ အလုပ်အတွက် ရသင့်‌ငွေ‌တွေကို အလုပ်ရှင်က ‌ပေးရမယ်။ အဲဒါ မ‌ပေးလို့ တိုင်ကြားရာမှ အခုလို အဆင်‌ပြေ သွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအထည်ချုပ်စက်ရုံပိုင်ရှင်မှ ‌ပေးရန်ရှိ‌သော လုပ်အားခပြန်အမ်း‌ငွေမှာ (၈၄,၄၄၉)ဘတ်ဖြစ်ပြီး ပထမအရစ် အဖြစ် ၂ဝ ရာခိုင်နှုန်းဖြစ်‌သော (၁၆,၈၈၉)ဘတ်ကို ယ‌နေ့ စက်တင်ဘာလ ၁၇ရက်‌နေ့တွင် ‌ပေးအပ်ခဲ့ပြီဖြစ် သလို ကျန်ရှိသည်များကို လာမည့် ‌အောက်တိုဘာလ ၂၂ ရက်‌နေ့တွင် အလုပ်ရှင်မှ ‌ပေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ‌ရွှေ့‌ပြောင်း မြန်မာအလုပ်သမားများကို ထိုင်းအလုပ်ရှင်များမှ ခိုင်း‌စေပြီးလုပ်အားခ အပြည့် အဝမ‌ပေးခြင်း၊ အချို့ကို လစာတဝက်သာ‌ပေးပြီး ခြိမ်း‌ခြောက်အကြပ်ကိုင် ပြုလုပ်‌နေခြင်းများရှိ‌နေသဖြင့် ရသင့် ရထိုက်သည့်အခွင့်အ‌ရေးများကို ဥပ‌ဒေအတိုင်း ယခုကဲ့သို့ ‌တောင်းဆိုသင့်‌ကြောင်း လုပ်အားခပြန်အမ်း ‌ငွေရရှိ သူတစ်ဦးဖြစ်သူ မသဲစုက ‌ပြောသည်။

“လုပ်အားခပြန်အမ်း‌ငွေ ရ‌တော့လည်း ဝမ်းသာတာ‌ပေါ့။ ကျမတို့က မ‌ပြေလည်လို့ ဒီမှာအလုပ်လာလုပ်ရတာ လုပ်အားခ အပြည့်အဝရချင်တယ်‌လေ။ ကျမတို့ ဒီလို လုပ်အားခပြန်အမ်း‌ငွေရဖို့ အလုပ်သမား‌တွေကို ကူညီတဲ့ အဖွဲ့အစည်း‌တွေနဲ့ဆက်သွယ်ပြီး အကူအညီ‌တောင်းခဲ့လို့ပါ။ သူတို့ကို ‌ကျေးဇူးတင်ပါတယ်”ဟု မသဲစုက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဆက်လက်၍ မဲ‌ဆောက်မြို့တွင် ယခုနှစ် ၂၀၁၃ ခုနှစ်အတွင်းမှာပင် အလုပ်ရှင်မှ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား များအား လုပ်အားခ မ‌ပေးသဖြင့် တိုင်းကြားမှု‌ပေါင်း ၄၅ မှုရှိခဲ့သည်ဟု သိရသည်။

လက်ရှိ မဲ‌ဆောက်မြို့တွင် အလုပ်ရှင်မှ အလုပ်သမားအ‌ပေါ် လုပ်အားခပြန်အမ်း‌ငွေ ပြန်လည်‌ပေးအပ်‌အောင် လုပ်‌ဆောင်နိုင်ခြင်းမှာ ယခုအမှုအပါအဝင်ဆိုလျှင် ၁၅ မှု‌မြောက်ရှိပြီး ကျန်ရှိ‌နေ‌သောအမှုများမှာ အခြားပြင်ပ တွင် အ‌ထောက်အထားမပြည့်စုံမှု‌ကြောင့် ဥပ‌ဒေအတိုင်း လုပ်‌ဆောင်ရန် အခက်အခဲများ ရှိ‌နေ‌သေး‌ကြောင်း JACBA က ဆိုသည်။