Home သတင်း ‌ရှေ့ဆက် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအတွက် KNU ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးပွဲ ကျင်းပ

‌ရှေ့ဆက် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအတွက် KNU ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးပွဲ ကျင်းပ

1800
စက်တင်ဘာ ၅ရက်။ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

IMG_1010‌ရှေ့ဆက်လက်လုပ်‌ဆောင်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ‌ခေါင်း‌ဆောင်များ၏ နိုင်ငံ‌ရေးဆိုင်ရာ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးပွဲတစ်ရပ်ကို KNU တပ်မဟာ (၇)နယ်‌မြေ ‌လေးဝါးစခန်းတွင် စက်တင်ဘာလ ၂ရက်မှ ၆ရက်‌နေ့အထိ ပြုလုပ်ကျင်းပလျှက်ရှိသည်။

‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “အဓိက‌တော့ ကျ‌နော်တို့ ဗဟို‌ကော်မတီဝင်‌တွေ ခရိုင်‌ခေါင်း‌ဆောင်‌တွေက‌နေပြီး‌တော့ KNU ရဲ့ ‌ရှေ့ဆက်သွားမယ့် နိုင်ငံ‌ရေးရပ်တည် ချက်လမ်း‌ကြောင်းကို သိရှိပြီး‌တော့ အတူတကွ ဘယ်လိုသွားကြမလဲ။ ဘယ်လို လုပ်‌ဆောင်ကြမလဲဆိုတာကို ‌တွေ့ဆုံ‌ဆွေး‌နွေးတဲ့သ‌ဘောပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌ဆွေး‌နွေးပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမှုတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌စောအားတိုး၊ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ကရင် အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO) စစ်ဦးစီးချုပ်ဗိုလ်မှူးကြီး‌စောနယ်ဒါးမြ၊ ဖားအံခရိုင်ဥက္ကဌ ပဒို ‌အောင်‌မော်‌အေး၊ ဒူးပလာယာခရိုင် ဥက္ကဌပဒို‌ရွှေ‌မောင်း စသည်တို့အပါအဝင် KNU ခရိုင် ၇ခုမှ ကိုယ်စားလှယ် ‌ခေါင်း‌ဆောင်များတက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ကရင်အမျိုးသမီးအစည်းအရုံးKWO၊ KED၊၊ KESAN၊ FTUK စသည့် ကရင်လူမှုအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပြီး စုစု‌ပေါင်းလူဦး‌ရေ ၁၀ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးကြခြင်းဖြစ်သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် လက်ရှိ KNU၏ နိုင်ငံ‌ရေးဆိုင်ရာရပ်တည်ချက်၊ လက်ရှိမြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေများနှင့် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ၊ အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း KNU ခရိုင်နှင့် တပ်မဟာ တစ်ခုချင်းအလိုက် ‌တွေ့ကြုံရ‌သောအ‌ခြေအ‌နေများ စသည်တို့ကို တက်‌ရောက်လာသူ ‌ခေါင်း‌ဆောင်များနှင့် ကိုယ်စားလှယ်များက ‌ဆွေး‌နွေးခဲ့ကြသည်။
IMG_0987
တချိန်တည်းမှာပင် ခိုင်မာ‌သောအပစ်အခတ်ရပ်စဲ‌ရေးဟူသည် လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်ပစ်ခတ်မှုမဖြစ်‌အောင် ‌ရှေ့ဆက်နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အာမခံချက် မည်မျှရှိသည့်အ‌ပေါ်တွင် မူတည်ပြီး သ‌ဘောညီချက်ရယူသွားရမည်ဖြစ်သကဲ့သို့ နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းရာတွင် အခြားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ‌ရေးအဖွဲ့အစည်းများပါဝင်ပြီး တိုင်းရင်းသားအ‌ရေးဆိုသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌ဘောင်အတိုင်းအ‌ခြေခံ၍ ဆက်လက်လုပ်‌ဆောင်သွားမည်ဟု KNU က ဆိုသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် KWO ဥက္ကဌ နန်းဒါးအယ်ကလယ်ကလည်း “ကျမတို့အဖွဲ့အ‌နေနဲ့ KNU လုပ်‌နေ တဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေမှာ ပါဝင်ကူညီဖို့ရှိတဲ့အခါကျ‌တော့ KNU ရဲ့ရပ်တည်ချက်‌တွေ လုပ်ငန်းစဉ်‌တွေ ကို သိပြီး‌တော့မှ ဘယ်လိုပူး‌ပေါင်းပါဝင်မယ်ဆိုတာ စဉ်စားဆုံးဖြတ်နိုင်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံ‌ဆွေး‌နွေးကြရာတွင် KNU ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များ၊ KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်အဖွဲ့မှ ပုဂ္ဂိုလ်များက ဦး‌ဆောင်‌ဆွေး‌နွေးကြရာ တက်‌ရောက်လာသည့် ကိုယ်စားလှယ်များက ‌မေးမြန်း ခြင်း၊ ‌ဖြေကြားခြင်းပြုလုပ်ပြီး အ‌သေးစိတ်အချက်အလက်များကို အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြသည်။

ယခုပြုလုပ်‌သော‌ဆွေး‌နွေးပွဲတွင် စက်တင်ဘာလ ၆ရက်‌နေ့ ‌ဆွေး‌နွေးပွဲပြီး‌နောက် သတင်းထုတ်ပြန်‌ကြေငြာ ချက်တစ်‌စောင် ထုတ်ပြန်ရန်ရှိ‌ကြောင်း သိရသည်။