Home သတင်း ‌ကျောက်မိုင်း‌ဖောက်လုပ်မှု‌ကြောင့် ဆုံးရှုံးမှုများအတွက် ‌လျော်‌ကြေး‌ပေး ရန် ‌ဒေသခံများ‌တောင်းဆို

‌ကျောက်မိုင်း‌ဖောက်လုပ်မှု‌ကြောင့် ဆုံးရှုံးမှုများအတွက် ‌လျော်‌ကြေး‌ပေး ရန် ‌ဒေသခံများ‌တောင်းဆို

1613
စက်တင်ဘာ ၁၆ရက်၊၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

DSCF7845imgကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကာ‌ကျေးရွာအုပ်စုတွင် တန်(၄၀၀၀)ဘိလပ်‌မြေစက်ရုံအတွက် ‌တောင်များ ကို ‌ကျောက်မိုင်း‌ဖောက်၍ လယ်ယာ‌မြေများ သိမ်းဆည်းခံရခြင်းနှင့် လယ်‌မြေပျက်စီးဆုံးရှုံးမှုများရှိ‌သော‌ကြောင့် နစ်နာ‌ကြေးများ ပြန်လည်ရရှိရန် ‌ဒေသခံလယ်သမားများက ဒုတိယအကြိမ်‌တောင်းဆိုလိုက်သည်။

အဆိုပါ‌ဒေသရှိ လယ်သမားများသည် စက်တင်ဘာ ၁၂ ရက်‌နေ့က လှာကာ‌ကျေးရွာဓမ္မရုံတွင် အစည်းအ‌ဝေး တရပ် ‌ခေါ်ယူကာ ဘိလပ်‌မြေစက်ရုံပိုင်ရှင်ထံမှ နစ်နာ‌ကြေးများ ပြန်လည်ရရှိရန် ဖားအံမြို့ရှိ ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ(PSDP)မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာမှတဆင့် လွှတ်‌တော်အတွင်းသို့ တင်ပြရန် ဒုတိယအကြိမ်ဖြင့် ‌တောင်းဆိုချက် ၅ချက် ‌တောင်းဆိုလိုက်သည်ဟု သိရသည်။

ယင်းအစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သည့် နန်း‌စေအွာက “လယ်သမား‌တောင်းဆို ချက်‌တွေကို လွှတ်‌တော်မှာ ကြယ်ပွင့်‌မေးခွန်းနဲ့ တင်ပြသွားမယ်။ ‌တောင်းဆိုချက်အားလုံးရမယ်‌တော့ ကျမက မအာမခံဘူး။ ပြည်သူ့အသံကို လွှတ်‌တော်မှာ ‌ရောက်‌အောင်ကိုပဲ ကျမအ‌နေနဲ့ လုပ်‌ဆောင်နိုင်မယ်”ဟု ‌ပြောဆိုသည်။

‌တောင်းဆိုချက် ၅ချက်မှာ လယ်ယာသိမ်းခံ‌မြေများကို လယ်သမားများမနစ်နာ‌အောင် ‌ဆောင်ရွက်‌ပေးရန်၊ ဇရပ် ဖြူ (အ.မ.က)‌ကျောင်း၊ အမှတ်-၁၄၃ သည် တန်(၄၀၀၀)ဘိလပ်‌မြေစက်ရုံဧရိယာအတွင်းပါရှိသဖြင့် ထို‌ကျောင်း ကို တရားဝင်‌ကျောင်း‌မြေအဖြစ် ပြန်လည်ချထားသတ်မှတ်‌ပေးရန်၊ ဇရပ်ဖြူရွာနှင့် လှာကာရွာ ချင်းဆက်သည့် လမ်းကို စက်ရုံက ထိုးထားသည့်‌မြေ‌ကြောင့် ပျက်စီးသွားသည်ကို ပြန်လည်ပြုပြင်‌ပေးရန်၊ စက်ရုံ တန် ၄၀၀ဝ ‌ကြောင့် ‌ပြောင်း‌ရွေ့ခံရသည့် ‌ရေ‌ကျော်ရွာကို လျှပ်စစ်မီးတရားဝင်ချ‌ပေးရန်နှင့် ‌ကျောက်မိုင်း‌ကြောင့် ပျက်စီးသွား ‌သော လယ်ယာ‌မြေများကို နစ်နား‌ကြေးရရှိရန်နှင့် ပြန်လည်လုပ်ကိုင်နိုင်ရန်တို့ဖြစ်သည်။

‌ဒေသခံများပြုလုပ်သည့် ထိုအစည်း‌ဝေးတွင် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာ အပါအဝင် ရပ်မိရပ်ဖနှင့် လယ်သမားများစုစု‌ပေါင်း ၂၀ဝ ခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ပြီး‌နောက် လယ်သမားများက အဆိုပါ ‌တောင်းဆိုချက်များကို ‌တောင်းဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။

လက်ရှိ လှာကာ‌ကျေးရွာအနီး ဘိလပ်‌မြေစက်ရုံအတွက် ထိုသို့ ‌ကျောက်မိုင်း‌ဖေါက်ရာတွင် သံတိုင်‌တောင်နှင့် ဆက်စပ်လျှက်ရှိ‌သော လယ်‌မြေများမှာ အသိမ်းခံရလယ်‌မြေ၊ လုပ်မရ‌တော့သည့် လယ်‌မြေနှင့် ပျက်စီးသွား သည့် လယ်ယာ‌မြေဧက‌ပေါင်း ၆၈၉.၃၃ ဧက ရှိသည်ဟု သိရသည်။

‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်အဒါးက “‌တောင်ကို ‌ကျောက်မိုင်းခွဲလို့ တခါတ‌လေ ‌ကောက်စိုက်ရင်းတန်းလန်း ‌ကျောက်တုံး‌တွေ လွင့်လာလို့ မနည်း ‌ရှောင်တိမ်းရတယ်။ တချို့ ‌ကျောက်တုံးဆိုရင် ငါးပိဿာ‌လောက် ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘိလပ်‌မြေစက်ရုံအတွက် အနီးအနားဝန်းကျင်တစ်‌လျှောက် လယ်‌မြေအပျက်ကို လုပ်စာလျှင်လည်း ‌ကျောက်မိုင်း‌ဖေါက်မည့် အချိန်ကို တိကျစွာ ‌ကြော်ငြာမထားခြင်း၊ ‌ဖေါက်မည့်‌နေရာကို လုံခြုံ‌ရေးဝန်ထမ်းများ မချထားခြင်းတို့‌ကြောင့် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု သူမက ဆက်‌ပြောသည်။

‌ကျောက်မိုင်းတူး‌ဖော်၍ ထိခိုက်နစ်နာမှုနှင့်ပတ်သက်ပြီး ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၆)ရက်‌နေ့က ဘိလပ်‌မြေ စက်ရုံမှူးထံသို့ တင်ပြခဲ့‌သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာ‌ရောက်‌ဖြေရှင်းခြင်းမရှိသဖြင့် ယခုလို ဒုတိအကြိမ် ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ လှာကာ‌ကျေးရွာအုပ်စု၌ ‌ကျေးရွာ‌ပေါင်း(၇)ရွာရှိပြီး လှာ‌ကျေးရွာအနီးတွင် အဆိုပါ တန်(၄၀၀၀) ဘိလပ်‌မြေစက်ရုံကို ၁၉၉၇ခုနှစ်တွင် စတင်တည်‌ဆောက်ခဲ့သည်ဟု သိရသည်။