Home သတင်း အစိုးရ၏ ပြည်လုံးကျွတ် အပစ်ရပ်‌ခေါ်ယူ‌ရေးအ‌ပေါ် UNFC အ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ခေါ်ယူ

အစိုးရ၏ ပြည်လုံးကျွတ် အပစ်ရပ်‌ခေါ်ယူ‌ရေးအ‌ပေါ် UNFC အ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ခေါ်ယူ

1520
စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

UNFCမြန်မာအစိုးရအ‌နေဖြင့် တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်‌ရေးထိုးနိုင်ရန် လာမည့် ‌အောက်တိုဘာလတွင် ‌ခေါ်ယူ‌ဆွေး‌နွေးမည့်အ‌ပေါ် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ‌ကောင်စီ(UNFC)က အ‌ရေး‌ပေါ်အလုပ်အမှု‌ဆောင် အစည်းအ‌ဝေး တစ်ရပ်‌ခေါ်ယူ‌ဆွေး‌နွေးခဲ့သည်။

အဆိုပါအစည်းအ‌ဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၄ ရက်‌နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရ ၏ ကမ်းလှမ်း‌ပြောဆိုမှုအ‌ပေါ် UNFC အဖွဲ့ဝင်များအ‌နေဖြင့် မည်သို့‌ဖြေရှင်းလုပ်‌ဆောင်သွားမည်ကို အဓိကထား ကာ ‌ဆွေး‌နွေးခဲ့ကြသည်ဟု UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တပြည်လုံးအပစ်ရပ်‌ရေး လက်မှတ်ထိုးနိုင်ဖို့ အစိုးရကို တင်ပြထားတဲ့အချက်‌တွေရှိပါတယ်။ အဲဒါကို လက်မခံ ဘဲ ဆက်လုပ်မယ်ဆိုရင် ဘယ်လိုအ‌သေးစိတ်ညှိုနှိုင်းပြီး လုပ်‌ဆောင်သွားမယ်ဆိုတာကို ‌ဆွေး‌နွေးတာပါ။ ‌လော ‌လောဆယ် အစိုးရရဲ့ ကမ်းလှမ်းမှုကို ကျ‌နော်တို့ လက်ခံဖို့ မဖြစ်နိုင်‌သေးပါဘူး”ဟု နိုင်ဟံသာက ‌ပြောသည်။

ယခုပြုလုပ်‌သော အ‌ရေး‌ပေါ်အလုပ်အမှု‌ဆောင်အစည်းအ‌ဝေးကို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် သျှမ်းပြည်တိုး တက်‌ရေးပါတီ/သျှမ်းပြည်တပ်မ‌တော်(SSPP/SSA)အဖွဲ့မှ တက်‌ရောက်နိုင်ခြင်း မရှိသည်မှလွဲ၍ ကျန် UNFC အဖွဲ့များ၏ ကိုယ်စားလှယ်များ အားနီးပါး တက်‌ရောက်ခဲ့ကြသည်ဟု နိုင်ဟံသာက ဆိုသည်။

ဆက်လက်၍ အစိုးရစစ်တပ်နှင့် UNFC အဖွဲ့ဝင်များအကြား တိုက်ခိုက်‌နေမှုများ‌ပြေလည်မှုရရှိ‌ရေးနှင့် နိုင်ငံ‌ရေး ပြဿနာများကို ‌ဆွေး‌နွေး‌ဖြေရှင်းနိုင်ရန် ခိုင်မာသည့်သ‌ဘောတူညီချက်များ ရရှိ‌ရေးအတွက် ညှိနှိုင်း‌ဖြေရှင်းသွား ‌ရေးသည် ၎င်းတို့အ‌နေဖြင့် သ‌ဘောထားရှိပြီးသားဖြစ်‌ကြောင်းလည်း UNFC က ‌ပြောသည်။

၎င်းအပြင် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အ‌တော်များများဖြင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီ မှု ရရှိထား‌သော်လည်း ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တို့တွင် အချို့‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား‌နေသည်ဟု နိုင်ဟံသာက ဖြည့်စွက်‌ပြောဆိုသည်။

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးနိုင်‌ရေးနှင့်ပတ်သက်၍ UNFC သည် ယခု စက်တင်ဘာလ ၈ရက်‌နေ့က အစိုးရ၏ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် ‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲအဖြစ် ‌တွေ့ဆုံခဲ့ပြီဖြစ်သည်။

UNFC အဖွဲ့ကို ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကချင်ပြည်လွတ်လပ်‌ရေး အဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)၊ ကရင်အမျိုး သားအစည်းအရုံးKNU၊ သျှမ်းပြည်တိုး တက်‌ရေးပါတီ/သျှမ်းပြည်တပ်မ‌တော်(SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ့်အမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချူပ်(PNLO)၊ ရခိုင်ပြည်အမျိုး သား‌ကောင်စီ(ANC)၊ လားဟူဒီမိုကရက် တစ်ပါတီ(LDP)၊ ဝ အမျိုးသားအဖွဲ့ချူပ်(WNO)နှင့် ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး(PSLF) စသည့် အဖွဲ့ ၁၁ ဖွဲ့ရှိသည်။