Home သတင်း မွန်တမျိုးသားလုံးညီလာခံကို စက်တင်ဘာလ ‌နောက်ဆုံး အပတ်တွင် ကျင်းပမည်

မွန်တမျိုးသားလုံးညီလာခံကို စက်တင်ဘာလ ‌နောက်ဆုံး အပတ်တွင် ကျင်းပမည်

1518
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC03736imgမွန်တမျိုးသားလုံးကို ကိုယ်စားပြုသည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို စက်တာဘာလ ၂၈ ရက်‌နေ့ မှ ၃ဝ ရက်‌နေ့အထိ ၃ ရက်တိုင် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်သည်။

ညီမလာခံကို မွန်နိုင်ငံ‌ရေးပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (AMDP)နှင့် မွန်ဒီမိုက‌ရေစီပါတီ(MDP)တို့ ဦး‌ဆောင်ပြီး ကျင်းပမည်ဟု ညီလာခံကျင်းပ‌ရေး ‌ကော်မတီ နယက နိုင်‌ငွေသိန်း (‌ခေါ်) နိုင်ဂျနူမွန်က ‌ပြောသည်။

၎င်းက “မွန်တမျိုးသားလုံးအတွက် မွန်လူမျိုး‌တွေနဲ့ပတ်သက်ပြီး‌တော့ ဥပမာ နိုင်ငံ‌ရေးစကား‌ပြောမယ်ဆိုရင် တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်ခွင့်အတွက် ‌ရှေ့ဆက်ပြီး ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကြိုးစားကြမလဲ ဘယ်လိုမူချ ပြီး‌တော့ လုပ်သွားကြမလဲ ဘယ်လိုစု‌ပေါင်းပြီး‌တော့ လုပ်သွားကြမယ်ဆိုတာ အဓိကရည်ရွယ်ပြီး လုပ်တာ‌ပေါ့” ဟု ‌ပြောဆိုသည်။

ညီလာခံတွင် မွန်လူမျိုးတို့၏ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး အစရှိသည့် လူမျိုး‌ရေးရာများနှင့် ပတ်သက်သည့် စာ‌စောင် ၅ ‌စောင်ခန့်ကိုလည်း ညီလာခံတက်‌ရောက်လာသူတို့အတွက် တင်ပြ‌ဆွေး‌နွေးသွားရန် စီစဉ်ထားသည် ဟု သူက ဆက်‌ပြောသည်။

ထို့အပြင် ယခုကျင်းပမည့် ညီလာခံမှ ရရှိလာသည့် ရလဒ်‌ကောင်းများကို အတည်ပြုသွားနိုင်ရန် ဒုတိယအကြိမ် ညီလာခံတစ်ရပ်ကိုလည်း ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိ မွန်အမျိုးသားညီလာခံကို တရားဝင်ကျင်းပနိုင်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရထံသို့ တင်ပြသွားမည် ဖြစ်ပြီး ‌နေရာကို ‌မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရန် လျာထားကာ ခွင့်ပြုချက် မရရှိပါက ‌မော်လမြိုင် ကမ်းနားဟိုတယ်တွင် ပြုလုပ်ရန် စီစဉ်ထား‌ကြောင်း ‌ကော်မတီက ‌ပြောသည်။

သုံးရက်ကြာ ကျင်းပမည့် ယင်းညီလာခံတွင် ပြည်တွင်း ပြည်ပရှိ မွန်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများစုစု‌ပေါင်း လူဦး‌ရေ ၃၀ဝ ခန့် တက်‌ရောက်ရန် ဖိတ်ကြားသွားမည်ဟု ညီလာခံဖြစ်‌မြောက်‌ရေး ‌ကော်မတီက ‌ပြောသည်။

ထို့အပြင် ညီလာခံတွင် လက်ရှိ မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရအကြား သ‌ဘောတူလက်မှတ်‌ရေးထိုး ထားသည့် အပစ်ခတ်ရပ်‌ရေး၊ ထာဝရငြိမ်းချမ်း‌ရေးအ‌ပေါ် မွန်ပြည်သူလူထုတစ်ရပ်လုံး၏ သ‌ဘောထား ဆန္ဒ‌တွေကိုလည်း သိရှိနိုင်မည်ဟု မွန်ပြည်သစ်ပါတီ ပြည်ပဆက်ဆံ‌ရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ‌ပြောသည်။

၎င်းက “ဒီနှစ်အတွင်းမှာ မွန်အမျိုးသား ကွန်ဖရင့်နှစ်ခါလုပ်ဖို့ရှိတယ်။ အဲမှာ အပစ်ခတ်ရပ်စဲ‌ရေး‌ရော၊ ထာဝရ ငြိမ်းချမ်း‌ရေးတည်‌ဆောက်တဲ့ ကိစ္စ‌ရော ပြည်သူလူထု‌တွေ ဘာ‌တွေတင်ပြချင်တာ အဲဒါ‌တွေကို ပြန်ကြည့်ကြ မယ်”ဟု ရှင်းပြသည်။

ယခုကျင်းပမည့် မွန်အမျိုးသားညီလာခံသည် ပြည်တွင်းတွင် ပထမဆုံး ကျင်းပခြင်းဖြစ်ပြီး ယခင်က မွန်ပြည်သစ် ပါတီ၊ မွန်အမျိုးသား‌ရေးရာအဖွဲ့ (Mon Affair Union)တို့ ဦး‌ဆောင်ပြီး မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ် ပါတီထိန်းချုပ်နယ်‌မြေ‌ဒေသအတွင်း၌သာ ကျင်းပလာခဲ့ကြသည်။