Home ဆောင်းပါး မ‌ပြောမပြီး မတီးမမြည် (‌ဆောင်းပါး)

မ‌ပြောမပြီး မတီးမမြည် (‌ဆောင်းပါး)

2148

စကိုင့်မီး

လူ့ဘဝဆိုသည်မှာ အမိဝမ်းက စတင်‌မွေးဖွား လာသည့်‌နေ့မှစ၍ ‌သေဆုံးသည့်‌နေ့အထိ ကြားကာလကို လူ့ဘဝဟူ၍ ဆိုကြ‌လေသည်။ လူတို့၏ဘဝတွင် ပညာ၊ ဥစ္စာဓန၊ စည်းစိမ်၊ ရာထူးဌာနန္တရများ မည်မျှပင် ပြည့်စုံ‌စေကာမူ (ရဟန်းများ၊ သူ‌တော်‌ကောင်း များကို မဆိုလို) မိမိတို့၏ မိသားစုများဖြင့် ‌ကွေကွင်းပြီး ဘဝကို‌ပေးဆပ်‌နေကြရသူများသည် လူ့ဘဝ၏ အနှစ်သာရနှင့် ပြည့်စုံ ခြင်း မရှိသည်ကို ခံစား‌နေကြရသူများအဖို့ ပို၍သိကြသည်။

အထူးသဖြင့် ဥပ‌ဒေ၏ အပြစ်ကိုခံ၍ ‌ထောင်ကျ‌နေရသူများသည် လူ့ဘဝ၌ လူဖြစ်ရကျိုးနပ်သူများပင် ဖြစ်‌ပေသည်။ ထို့‌ကြောင့် မိသားစုများဖြင့် ဥမကွဲသိုက်မပျက် ‌အေးအတူပူအမျှ ‌ပျော်ရွှင်စွာ ‌နေထိုင်နိုင်ကြ‌စေရန်အတွက် ရာဇဝတ်မှုများဖြင့် မည်သို့ပင် ကင်းရှင်းကြ‌စေရန် လူကြီးမိဘ ဆရာသမားတို့သည် သားသမီး(တပည့်)များကို အစဉ်ဆုံးမ ပဲ့ပြင်‌လေ့ရှိကြသည်။

သို့‌သော် အသက်တစ်ရာမ‌နေရ အမှုတစ်ရာ‌ပွေရ ဆိုသကဲ့သို့ပင် အမှုအခင်းများဖြင့် မည်သို့ပင် ကင်းရှင်း‌အောင် ‌နေ‌စေကာမှု လူနှင့် လူ့ပတ်ဝန်းကျင်သည် ဒွန်တွဲ‌နေသဖြင့် “အသွားမ‌တော်တစ်လှမ်း” ဆိုသကဲ့သို့လည်း‌ကောင်း “ဆွမ်းခံရင်းငှက်သင့်” ဆိုသ ကဲ့သို့လည်း‌ကောင်း “မစွမ်းရင်းကလည်းရှိ ကဇွန်းခင်းကလည်းငြိ” ဆိုသကဲ့သို့လည်း‌ကောင်း ပတ်သက်တိုက်ဆိုင်မှုများ‌ကြောင့် ပူးတွဲတရားခံများအဖြစ် ဥပ‌ဒေ၏ အပြစ်‌ပေးခံရသည့် မူးယစ်‌ဆေးဝါးနှင့် ပတ်သက်‌သောအမှု ‌ကျောင်းသားမှအစ ကျားမကြီးငယ် တို့ များစွာ ရှိ‌နေခဲ့‌လေသည်။

၂၀၁၅ခုနှစ်တွင် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး (၁၅)နှစ်စီမံကိန်းပြည့်မည် ဖြစ်‌သော‌ကြောင့် သက်ဆိုင်ရာက အရှိန်အဟုန်မြင့်စွာ ဖမ်းဆီးအ‌ရေးယူမှုများ လုပ်‌နေကြ‌လေပြီး အ‌ရေးယူ တရားစွဲထားခြင်းအ‌ပေါ် အဓိကသက်‌သေအဖြစ် ဥပ‌ဒေရှိသည်နှင့်အညီ ရုံး ‌တော်အား လာ‌ရောက်သက်‌သေမခံကြသဖြင့် ယ္ခုအခါ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ “လူမစည်ကားအပ်‌သော တရားခံရုံး” တွင် လူများ စည်ကား‌နေသည်ကို ‌တွေ့မြင်ကြရမည်ဖြစ်သည်။

အထက်ပါ ပတ်သက်တိုက်ဆိုင်မှုများ‌ကြောင့် ပူးတွဲတရားခံဖြစ်၍ ‌ထောင်ကျရသူများအ‌ကြောင်း ‌ဖော်ပြရလျှင် ‌ကျောင်းသား‌လေး တစ်‌ယောက်သည် ‌ကျောင်းထွက်‌နေ‌သော သူငယ်ချင်းနှင့် ‌ကျောင်းအားချိန်များ၌ သွားအတူလာအတူရှိ‌နေရာ အဆိုပါ‌ကျောင်း သား‌ဟောင်းမှာ မူးယစ်‌ဆေးအမှုဖြင့် နာမည်ရှိ‌နေသဖြင့် ရဲအဖွဲ့မှ လိုက်‌နေစဉ် တစ်‌နေ့၌ သူငယ်ချင်းနှစ်‌ယောက်အတူ သွားလာ ရာမှ လမ်းခွဲကာပြန်လာစဉ် ရဲအဖွဲ့သည် ‌ကျောင်းသား‌ဟောင်းလူငယ်ကို ‌စောင့်၍ဖမ်းဆီးရှာ‌ဖွေရာ WY မူးယစ်‌ဆေးပြားကို ‌တွေ့ရှိ ‌လေသည်။

ထို့‌နောက် ရဲအဖွဲ့သည် အသွင်‌ဆောင်ကားဖြင့် ‌ကျောင်းသား‌ဟောင်းလူငယ်‌လေးအား ဖမ်းဆီး‌ခေါ်‌ဆောင်လာရာ ထို‌ကျောင်း သား‌ဟောင်းနှင့် လမ်းခွဲထွက်လာခဲ့‌သော ‌ကျောင်းသား‌လေးအနီးသို့ အ‌ရောက်သည်တွင် ကား‌ပေါ်၌ သူငယ်ချင်းကိုမြင်ရသဖြင့် အ‌ဖေါ်မင်‌သော ‌ကျောင်းသား‌လေးက သူပါလိုက်မည်ဖြစ်‌ကြောင်း ‌အော်‌ပြောသည်။ ထို‌ကျောင်းသား‌လေးမှာ တရားခံ‌ကျောင်း သား‌လေးနှင့် တွဲ‌နေသူဖြစ်သည်ကို သိ‌နေသဖြင့် ၎င်းရဲကားသည် ရပ်ကာ ‌နောက်သို့ဆုတ်ပြီး ပူးတွဲတရားခံအဖြစ် ဖမ်းဆီးလိုက် ကြသည်။ ထို့‌ကြောင့် အ‌ဖေါ်ခင်တတ်‌သော ‌ကျောင်းသားလူငယ်များအဖို့ အသွားမ‌တော်တစ်လှမ်း‌ကြောင့် တရားခံဖြစ်တတ် သည်ကို သတိထား‌စေချင်သည်။

၎င်းအပြင် ဖားအံမြို့၊ ‌ရေ‌ကျော်‌ကျေးရွာ‌နေ ဦး‌သောင်း‌ရွှေသည် လှာက‌ဒေါင်၊ ခ‌လောက်နို့ စသည့်ရွာများမှ ဝါးများကို လှည်းဖြင့် သွား‌ရောက်ဝယ်ယူကာ ‌ရောင်းချခြင်းဖြင့် မိသားစုအား ရိုးသားစွာ ရှာ‌ဖွေ‌ကျွေး‌မွေး‌နေသူဖြစ်သည်။ တစ်‌နေ့တွင် လှာက‌ဒေါင်ရွာရှိ အခိထံ ဝါးဝယ်၍ ဝါးဖိုး‌ငွေ‌ပေးချ‌နေစဉ် အခိသည် မူးယစ်‌ဆေးပြားများနှင့် ဦး‌သောင်း‌ရွှေ၏ ဝါးဖိုး‌ပေး‌ချေသည့်‌ငွေများကို ‌တွေ့ရှိ ကာ ဖမ်းဆီးမှု‌ကြောင့် ဦး‌သောင်း‌ရွှေခမျာ ပူးတွဲတရားခံအဖြစ် အ‌ရေးယူ အပြစ်‌ပေးခြင်းကို ခံခဲ့ရသည်မှာ “ဆွမ်းခံရင်း ငှက်သင့်” ဆိုသကဲ့သို့ ဖြစ်ရသည်ကို အထူး သတိထားကြရ‌ပေမည်။

‌နောက်တစ်မှုမှာ အသက်(၇၀)‌ကျော် အဖွါးအိုတစ်‌ယောက်ကို တူမဖြစ်သူက သူ၏သား(ယခင်‌ကျောင်းသား) တစ်‌ယောက်နှင့် အတူ‌နေရန် (ထိုင်းမှ)စားရိတ် ‌ထောက်ပံ့‌ပေးထားသည်။ ထိုလူငယ်သည် ‌ကျောင်းထွက်ပြီး ‌လေလွင့်‌နေရုံမက မူးယစ်‌ဆေးဝါးပါ သုံးစွဲ‌နေသူဖြစ်၍ ရဲ၏‌စောင့်ကြည့် စာရင်းဝင်တစ်‌ယောက်ဖြစ်‌နေသည်။ တစ်‌နေ့ ထိုလူငယ်မှာ အဖွားအိမ်သို့ ပြန်‌ရောက်လာ ‌ကြောင်း သတင်း‌ပေးချက်အရ ရဲအဖွဲ့သည် ဝရမ်းဖြင့် အဖွားအိမ်သို့ ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီးရာ လူငယ်အား မ‌တွေ့၍ အဖွား ၏တင်းကုပ်ကိုရှာ‌ဖွေကြရာ တင်းကုပ်အမိုးဖက်အထပ်ကြားမှ WY မူးယစ်‌ဆေးပြားများကို‌တွေ့၍ အဖွားအား ရဲအဖွဲ့မှ ဖမ်းဆီးကာ အမှုဖွင့်အ‌ရေးယူသည့်အတွက် မစွမ်းရင်းကလည်းရှိ ကဇွန်းစင်ကလည်းငြိ ဆိုသလို ထိုအဖွားအိုမှာ တရားခံဖြစ်ခဲ့ရသည်။

‌ဖော်ပြပါအမှုများနှင့် ပတ်သက်၍ တရားခံဖြစ်‌နေ‌သော မိသားစုများ သက်ဆိုင်ရာ (အမှုဖြစ်သည့်ကာလ) တရားသူကြီးမင်းတို့ အား သွား‌ရောက်၍ တင်ပြအသနားခံ အကူညီ‌တောင်းကြ‌လေသည်။ တရားသူကြီးမင်းတို့ကလည်း စာနာစိတ်များဖြင့် ဥပ‌ဒေ နှင့်အညီ စစ်‌ဆေးမှုပြုရာ အမှုနှင့်မစပ်ဆိုင်သည်ကို ‌တွေ့ရလျှင်လည်း ဆီးစစ်‌ဆေးရာတွင်ကျပါက ပြစ်ဒဏ်သင့်မည်ဖြစ်၍ ဆီး ‌အောင်‌စေရန် ဆီးလိုက်ကြ‌စေလို‌ကြောင်း လမ်းညွန်ကြ‌လေသည်။

သို့‌သော် ကာယကံရှင်များသည် မိမိ၏ မိသားစုတရားခံများ မူးယစ်‌ဆေးသုံးစွဲခြင်း မရှိသည်ကို သိကြသည်ကတစ်‌ကြောင်း၊ ဆီး လိုက်လျှင် ယခုအချိန် ဆီး‌ဈေးကွက်သည် ၈သိန်းမှ ၁ဝသိန်းမက ရှိ‌နေသည်ကတစ်‌ကြောင်း ဆီးမလိုက်နိုင်ကြသဖြင့် ‌နောက်ဆုံး ဆီးကျသည့်အတွက် ‌တောင်က‌လေးအကျဉ်း‌ထောင်သို့ ‌ရောက်ကြရ‌လေသည်။ ထို့‌ကြောင့် ယခုကာလသည် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးစီမံကိန်း ‌အောင်မြင်ရန်အတွက် တာဝန်ရှိသူများက စွမ်းစွမ်းတမံ ‌ဆောင်ရွက်‌နေ‌သော‌ကြောင့် ပြည်သူများအ‌နေ ဖြင့် အရိပ်သုံးပါး နားမလည်‌သော် ဂျီသူငယ် ကျားစာဖြစ်ကိန်း ရှိ‌နေသည်ဖြစ်၍ မိမိကိုယ်ကို‌သော်လည်း‌ကောင်း၊ သားသမီးများ ကိုလည်း‌ကောင်း အထူး သတိရှိ‌စေရန်၊ ကြပ်မတ်ကြပါရန် နိုး‌ဆော်ရင်း ဤ‌ဆောင်းပါးဖြင့် သတိ‌ပေးအပ်ပါသည်။