Home သတင်း ဖားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပ

ဖားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပ

1573
စက်တင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

peace day1ဖားစည်‌မြေလူငယ်ကွန်ရက်များက ဦးစီး၍ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာဦးခန်းမ၌ ပထမအကြိမ် အပြည်ပြည်ဆို်င်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကို စက်တင်ဘာလ ၂၁ရက်‌နေ့တွင် ပြုလုပ်ကျင်းပကြသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးရရှိရန် ရည်ရွယ်ကာ ကရင်ပြည်နယ်အတွင်းရှိ လူငယ်များက ညီညီညွှတ်ညွှတ်ဖြင့် အပြည်ပြည်ဆို်င်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို စု‌ပေါင်းလုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ယင်းအခမ်းအနား ဦးစီးကျင်းပ သည့် အဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်သူ ‌စောသာခလိန်းပန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြည်နယ်အတွင်းရှိကြတဲ့ လူငယ်‌တွေ ငြိမ်းချမ်း‌ရေးအတွက် ညီညီညွှတ်ညွှတ်နဲ့ ပါဝင်လုပ်‌ဆောင်‌နေကြတယ်ဆိုတာ ပြပလိုက်တာပဲ”ဟု ‌စောသာခလိန်းက ‌ပြောဆိုသည်။

၎င်းအခမ်းအနားတွင် ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်‌တော်ကိုယ်စား လှယ်များ၊ ‌ကျောင်းသား‌ကျောင်းသူများ၊ အစိုးရဌာနများနှင့် ဖားအံမြို့ခံများအပါအဝင် အခြားမြို့များမှ ဖိတ်ကြားထား‌သော အထင်ကရ ပုဂ္ဂိုလ်အချို့ စုစု‌ပေါင်း ၂၀ဝ ‌ကျော် တတ်‌ရောက်အား‌ပေးခဲ့ခြင်းဖြစ်သည်။

ဧည့်သည်‌တော်အဖြစ် အခမ်းအနားတက်‌ရောက်လာသည့် ရန်ကုန်မြို့မှ စာ‌ရေးဆရာ ဦးရန်‌ကျော်က “ကရင်ပြည်နယ်က ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို စိတ်ဝင်စားလို့ တက်‌ရောက်လာတာပါ။ ဒီအ‌ရေးမှာ လူငယ်တိုင်း ပါဝင်လုပ်‌ဆောင်ရမှာ ဖြစ်တယ်”ဟု ‌ပြောသည်။
peace day2
ဆက်လက်၍ စာ‌ရေးဆရာ ဦးရန်‌ကျော်က လူငယ်သည် တိုင်းပြည်၏ အနာဂါတ်‌ခေါင်း‌ဆောင်ဖြစ်သည့် အ‌လျှောက် ကရင်ပြည်နယ်ရှိ လူငယ်များသည် အ‌ပြောအဆို ပွင့်လင်းကြသည်ကို ‌တွေ့ရ‌ကြောင်းနှင့် ယခုထက် မက ငြိမ်းချမ်း‌ရေးအတွက် ညီညွှတ်‌ရေးလုပ်နိုင်လျှင် ပိုမို‌ကောင်းမွန်‌ကြောင်း ‌ပြောဆိုသွားခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ဖြစ်‌ဖော်လာပုံ ‌နောက်ခံသမိုင်းအကျဉ်းနှင့် အဖွဲ့ အစည်းများ၏ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံငြိမ်းချမ်း‌ရေးဖြစ်စဉ် အမြင်များ၊ ကရင်ပြည်နယ် ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်အ‌ခြေအ‌နေများ ‌ဟော‌ပြောခြင်း၊ ကာတွန်းပြပွဲ၊ ဒုံးယိမ်းအကနှင့် ငြိမ်းချမ်း‌ရေး ‌တေးသီချင်းများ သီဆိုခြင်းတို့အပြင် လူငယ်များနှင့် စကား‌ဟော‌ပြောသူ ပုဂ္ဂိုလ်များက ‌မေးခွန်း၊ အ‌ဖြေများဖြင့် အပြန်အလှန် ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်း‌ရေးရရှိရန် ရည်ညွှန်း၍ ၁၉၈၂ ခုနှစ်စ၍ ကမ္ဘာ‌ပေါ်ရှိ နိုင်ငံအချို့ က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို နှစ်စဉ်စတင်ကျင်းပလာခဲ့ရာမှ တဖြည်းဖြည်းကျယ်ပြန့်လာကာ ယခုလို မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် အခမ်းအနားပြုလုပ်ကျင်းပလာသည်အထိ ဖြစ်သည်။