Home သတင်း ဒုက္ခသည်အ‌ရေး‌ဆောင်ရွက် ရန် ဦး‌ဆောင်‌ကော်မတီ တစ်ခုဖွဲ ့မည်

ဒုက္ခသည်အ‌ရေး‌ဆောင်ရွက် ရန် ဦး‌ဆောင်‌ကော်မတီ တစ်ခုဖွဲ ့မည်

1344

စက်တင်ဘာ ၂၈ရက်။ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ဒုက္ခသည်အ‌ရေး ‌ဆောင်ရွက်ရန် ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ဦး‌ဆောင်ကာ ကရင်လူထုအ‌ခြေပြု အဖွဲ ့အစည်းများနှင့် ‌ကေအဲန်ယူတို ့ပါဝင်သည့် ဦး‌ဆောင်‌ကော် မတီတစ်ခု ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။

ကရင်ဒုက္ခသည်‌ကော်မတီ၊ ကရင်လူထုအခြပြုအဖွဲ့အစည်းများနှင့် ‌ကေအဲန်ယူ၏ ဒုက္ခသည် ပြန်လည်‌နေရာချထား‌ရေးဆိုုင်ရာ ‌ကော်မတီတို့သည် ဒုက္ခသည်အ‌ရေးနှင့်ပတ်သက်၍ စက်တင်ဘာ၂၆ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ-၇ နယ်‌မြေ ‌လေးဝါး စခန်း၌ တစ်‌နေ့တာ ‌ဆွေး‌နွေးခဲ့ပြီး ယခုကဲ့သို့ ဦး‌ဆောင်‌ကော်မတီတစ်ခုဖွဲ့စည်းရန် သ‌ဘောတူခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် ဒုက္ခသည်များအား ပြန်လည်‌နေရာချထား‌ရေး‌ဆောင်ရွက်ရာတွင် အများပြည်သူ သ‌ဘောတူနိုင်သည့် အ‌ခြေအ ‌နေဖြစ်ရန်၊ လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ ဖြစ်‌စေ‌ရေး စသည့်အချက်များနှင့်အညီ အဖွဲ့အစည်းတစ်ခု၊ ‌ကော်မတီတစ်ခုဖွဲ့စည်း ရန် သ‌ဘောတူခဲ့‌ကြောင်း KRC အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ပြောဆိုသည်။

“‌ဆွေး‌နွေးပွဲမှာ ဒုက္ခသည်အ‌ရေး စနစ်တကျ ‌ဆောင်ရွက်ဖို့ ဦး‌ဆောင်‌ကော်မတီတစ်ခု ရှိသင့်တယ်။ ဒုက္ခသည်အ‌ရေးက KRC နဲ့ ဆိုင်‌တော့ ဦး‌ဆောင်ဖွွဲ့သွားမယ်။ ဒီ‌ကော်မတီမှာ လူထုအ‌ခြေပြုအဖွဲ့‌တွေ‌ရော၊ စခန်းထဲက တာဝန်ရှိသူ‌တွေ‌ရော အလွှာစုံပါ ‌အောင် ဖွဲ့သွားမယ်။ ဒီအတွက် အစည်းအ‌ဝေးထပ်လုပ်ဖို ့ရှိတယ်။”ဟု ‌စောပွယ်‌စေးက ‌ပြောသည်။

ယင်းဦး‌ဆောင်‌ကော်မတီအ‌နေဖြင့် ဒုက္ခသည်အ‌ရေးနှင့် ပတ်သက်၍ အာဏာပိုင်များ၊ ကုလအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုအဖွဲ ့အစည်းများ၊ နိုင်ငံတကာအဖွဲ ့အစည်းများနှင့် ‌တွေ့‌ဆွေး‌နွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ‌ကော်မတီ၏ လုပ်ငန်း တာဝန် အ‌သေးစိတ်ကို KRC က ‌အောက်တိုဘာ ၁၆ရက်‌နေ့တွင် အစည်းအ‌ဝေး ထပ်မံ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

“‌ကော်မတီဖွဲ့တာက အမည်ခံ‌လေးမဟုတ်ဘဲနဲ့ လက်‌တွေ့ကျကျ၊ စနစ်တကျ လုပ်‌ဆောင်‌စေချင်တယ်။ ‌နောက်ပြီး နိုင်ငံ‌ရေး ဖြစ်‌ပေါ်မှု‌ပေါ် မူတည်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်အခါ၊ အ‌ခြေအ‌နေကိုလည်း ‌သေချာစဉ်းစား‌ပေးသွား‌စေချင်ပါတယ်။ ဒုက္ခ သည်ဆိုတာနဲ့ အထင်အမြင်‌သေးမှု‌တွေရှိ‌တော့ လူ့ဂုဏ်သိက္ခာရှိရှိ စဉ်းစား‌ဆောင်ရွက်‌စေချင်တယ်။”ဟု နို့ဖိုးဒုက္ခသည်စခန်းမှ မူ့ထူးက ‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲသို ့ KYO ၊ KWO အစရှိသည့် ကရင်လူထုအ‌ခြေပြုအဖွဲ ့၁၆ဖွဲ့၊ ကရင်ဒုက္ခသည်‌ကော်မတီနှင့် ‌ကေအဲန်ယူ ဗဟို အမြဲတမ်း‌ကော်မတီဝင် ပဒို‌စော‌ဒေါ့‌လေးမူ၊ ပဒို‌စောလှထွန်း၊ ပဒို‌စောဘထွန်း စသည့်‌ခေါင်း‌ဆောင်များ ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။