Home သတင်း ဇွဲကပင်‌တောင်ဆံ‌တော်ရှင် Cable Car စီမံကိန်းအတွက် ‌မြေစမ်းသပ် မှု ပြုလုပ်‌တော့မည်

ဇွဲကပင်‌တောင်ဆံ‌တော်ရှင် Cable Car စီမံကိန်းအတွက် ‌မြေစမ်းသပ် မှု ပြုလုပ်‌တော့မည်

3415
စက်တင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

7-7-2007 6-06-38 PM_0004မြန်မာနိုင်ငံ၌ ပထမဆုံး‌သော နိုင်ငံတကာအဆင့်မီ Cable Car စီမံကိန်းအတွက် ကရင်ပြည်နယ်၊ ဇွဲကပင်‌တောင် ‌ခြေရှိ လုမ္ဗနီဥယျာဉ်တွင် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလမှစတင်ပြီး မ‌လေးရှားပညာရှင်များက ‌မြေစမ်းသပ်မှုများ လာ‌ရောက်ပြုလုပ်‌တော့မည်ဖြစ်‌ကြောင်း စီမံကိန်းဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်များက ‌ပြောသည်။

စီမံကိန်းဖြစ်‌မြောက်‌ရေး ဗဟို‌ကော်မတီ ပြန်ကြား‌ရေးနှင့် ဆက်သွယ်‌ရေး တာဝန်ခံ ‌စော‌အောင်မြင့်က “ပထမအပိုင်း ‌မြေတိုင်းတာကို‌တော့ လုပ်ပြီးသွားပြီ။ လာမယ့် ‌အောက်တိုဘာလမှာ မ‌လေးရှားပညာရှင်‌တွေက ‌မြေသား၊ ‌ကျောက် သား အက်ကွဲမှုရှိမရှိ စမ်းသပ်ပြီးမှ တည်‌ဆောက်မှုအပိုင်းကို စာချုပ်ချုပ်မှာ ဖြစ်တယ်။’’ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပီနန်ဆရာ‌တော် ဦးပညာဝံသ၊ ဇွဲကပင်ဆရာ‌တော် ဦးကဝိဓဇနှင့် သုံးထပ်‌ကျောင်းဆရာ‌တော် ဦးပညိန္ဒတို့ ဦး‌ဆောင်ပြီး မ‌လေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူး‌ပေါင်းကာ အ‌ကောင်အထည်‌ဖော်သွားမည့် ယင်းစီမံကိန်းကို ‌တောင်အမြင့်‌ပေ တိုင်းတာခြင်းနှင့် ပတ်ဝန်းကျင် အ‌နေအထားများ စစ်တမ်း(Survey)ရယူခြင်း၊ ‌မြေသားခိုင်မာမှု စမ်းသပ်ခြင်းနှင့် တည်‌ဆောက်‌ရေးလုပ်ငန်းဟူ၍ အပိုင်းသုံးပိုင်း ခွဲထားသည်။

ကုန်ကျစရိတ် စုစု‌ပေါင်း အ‌မေရိကန် ‌ဒေါ်လာသန်း (၂၀)‌ကျော် လျာထားသည့် ၎င်းစီမံကိန်းအတွက် တည်‌ဆောက်မှု အပိုင်း၌ လိုအပ်‌သောပစ္စည်းများကို ဆွီဇာလန်နိုင်ငံနှင့် ဩစ‌တြေးလျားနိုင်ငံတို့မှ ဝယ်ယူအသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ပုံ‌ငွေအဖြစ် ရန်ကုန်၊ မန္တ‌လေး၊ ‌တောင်ကြီးနှင့် ဘားအံမြို့များရှိ အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်း‌ငွေ များနှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ‌စောမူတူး‌စေးဖိုးမှ လှူဒါန်းသည့် ‌ဒေါ်လာတစ်‌သောင်းကို လက်ခံရရှိထားသကဲ့သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှလည်း လှူဒါန်းသွားရန်ရှိ‌ကြောင်း ဇွဲကပင်‌တောင်ဆရာ‌တော် ဦးကဝိဓဇ၏ မြွက်ကြားချက်အရ သိရသည်။

စီမံကိန်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ဆရာ‌တော်ဦးကဝိဓဇက “၇ရက်သားသမီး‌တွေ ဇွဲကပင်‌တောင်‌ပေါ်က ဆံ‌တော်ရှင် ဆု‌တောင်းပြည့်‌စေတီကို အချိန်တိုအတွင်း အလွယ်တကူ တက်‌ရောက်‌လေ့လာ ဖူး‌မြော်နိုင်ဖို့အတွက် လူ ၄ဝစီ တင်‌ဆောင်မယ့် Cable Car ကို အတက်တစ်စီး၊ အဆင်းတစ်စီး ‌ဆောက်လုပ်သွားမယ်။”ဟု မြွက်ကြားခဲ့ သည်။
DSC0837
လျှပ်စစ်‌မော်တာ(Electric Motor)ဖြင့် ဆွဲတင်ပို့ရသည့် Cable ကြိုးသည် အချင်း ၃၈မီလီမီတာရှိပြီး သက်တမ်းအား ဖြင့် ၁၅နှစ်အထိ ခံနိုင်အားရှိကာ တည်‌ဆောက်‌ရေးစီမံကိန်းမှာ ၁နှစ်ခွဲဖြစ်သည်။ သို့‌သော် စီမံကိန်းစတင်မည့် ဇွဲက ပင်အ‌နောက်ဘက်ခြမ်း ‌တောင်‌ခြေတစ်ဝိုက်ရှိ ‌ကျေးရွာများမှ ရွာသူရွာသားများမှာ ထိုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လက်ရှိအချိန်ထိ အတိအကျ မသိရှိရ‌သေး‌ကြောင်း ‌တော်ပုံ‌ကျေးရွာ အုပ်ချုပ်‌ရေးအဖွဲ့ အတွင်း‌ရေးမှူး ‌စောညိုသိန်း က ယခုလို ‌ပြောသည်။

“ဒီ Cable Car ကိစ္စနဲ့ ပတ်သက်ပြီး ‌ဒေသခံ‌တွေနဲ့ တိုင်ပင်‌ဆွေး‌နွေးမှု မရှိ‌သေးသလို ‌ဒေသခံ‌တွေဆီက အလှူ‌ငွေ‌တွေ ‌ကောက်ခံတာလည်း မရှိ‌သေးပါဘူး။ လာမယ့် ဖွဲ့စည်းပုံအသစ်မှာမှ ရွာသား‌တွေပါမယ်လို့‌တော့ ‌ပြောတယ်။”ဟု ‌စောညိုသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်‌နေ့က ဇွဲကပင်‌တောင်၏ Cable Car စီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပွဲကို
ရန်ကုန်မြို့၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာ့‌ကျောင်း‌တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ဦး‌ဆောင်ဆရာ‌တော် ၃ပါးနှင့် မ‌လေး ရှားပညာရှင်နှစ်ဦးတို့ ပါဝင်ရှင်းလင်းခဲ့‌ကြောင်း ဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့‌တောင်ဘက် (၇)မိုင်အကွာရှိ ဇွဲကပင်‌တောင်သည် ပင်လယ်‌ရေမျက်နှာပြင်အထက် ၂၇၃၄‌ပေမြင့်ပြီး ‌တောင်နှင့်‌မြောက် မိုင် ၂ဝခန့်မျှ သွယ်တန်းရှည်လျားကာ ‌တောင်တက်‌တောင်ဆင်း ‌ခြေလျင်ဖြင့် ၃နာရီ‌ကျော်ကြာ သွားရသည်ဟု သိရသည်။