Home သတင်း ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး မူအားဖြင့် သ‌ဘောတူ

ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး မူအားဖြင့် သ‌ဘောတူ

1595
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

6imgကရင်နိုင်ငံ‌ရေးပါတီ တစ်ပါတီတည်းဖြစ်‌ပေါ်လာ‌စေရန် ဦးတည်၍ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဂါးဒင်း ခန်းမတွင် ကရင်နိုင်ငံ‌ရေးပါတီ(၄)ပါတီသည် စက်တင်ဘာ ၁၄ မှ ၁၅ရက်‌နေ့အထိ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ပါတီ ‌ပေါင်းစည်း‌ရေးအတွက် မူအားဖြင့် သ‌ဘောတူခဲ့သည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ ပါတီ(KPP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ (KDP)တို့က နှစ်ရက်ကြာ ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ထိုသို့ သ‌ဘောတူမှု ရရှိခဲ့ခြင်းဖြစ်သည်။

PSDP ဥက္ကဌ ‌စောသိန်း‌အောင်က “ကရင်လူထုရဲ့ ‌တောင်းဆိုချက်အရ ကရင်နိုင်ငံ‌ရေးပါတီ တစ်ပါတီတည်း ဖြစ်သင့်တာကို ကျ‌နော်တို့ ကရင်နိုင်ငံ‌ရေးပါတီ‌တွေက လူထုဆန္ဒအတိုင်း လိုက်‌လျော‌ပေးတာပါ။ ဒါ‌တွေဟာ ကရင်နိုင်ငံ‌ရေးပါတီ‌တွေရဲ့ ကရင်လူထုအ‌ပေါ် ထားရှိတဲ့ ‌စေတနာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် သ‌ဘောတူညီမှု(၆)ချက်နှင့် ဆုံးဖြတ်ချက်(၁၀)ချက်ရရှိခဲ့‌ကြောင်း နှစ်ရက်ကြာ ‌ဆွေး‌နွေးပွဲအပြီးတွင် ကရင်နိုင်ငံ‌ရေးပါတီများက ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သ‌ဘောထားတူညီချက်(၆)ချက်၌ နိုင်ငံအကျိုး၊ နိုင်ငံသားအကျိုး၊ တိုင်းရင်သားလူမျိုးများအားလုံး၏ အကျိုးများ အပါအဝင် ကရင်‌ရေးရာလုပ်ငန်းများ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းများနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး စသည်တို့တွင် ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့အပြင် သ‌ဘောတူညီဆုံးဖြတ်ချက်(၁၀)ချက်အရ ကရင်နိုုင်ငံ‌ရေပါတီများ တစ်ပါတီတည်းဖြစ်‌ပေါ်လာ‌ရေး၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပါတီများ ညှိနှိုင်း‌ဆောင်ရွက်‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌အောင်မြင်‌ရေး တွင် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး၊ ကရင်ပါတီများမှ ကိုယ်စားလှယ် ငါးဦးစီပါဝင်သည့် ညှိနှိုင်း‌ဆောင်ရွက်‌ရေး‌ကော် မတီနှင့် တစ်ပါတီလျှင် ကိုယ်စားလှယ် နှစ်ဦးစီဖြင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း‌ရေးနှင့် စသည့်အခြားအချက်များတို့ ဖြစ်သည်။

ဆုံးဖြတ်ချက်နှင့် သ‌ဘောတူညီချက်များရရှိခဲ့မှုသည် ‌ရှေ့ဆက်၍ အလုပ်လုပ်ရန် အလားအလာ‌ကောင်းများရှိပြီး လက်ရှိ တစ်ပါတီတည်းဖြစ်‌ပေါ်လာ‌ရေးအတွက် ဆက်လက်‌ဆွေး‌နွေးကြရဦးမည်ဖြစ်သလို ‌အောင်မြင်ပါက ညှိနှိုင်း‌ရေး‌ကောင်မတီတစ်ရပ်ဖွဲ့စည်းကာ ထို‌ကော်မတီအဖွဲ့မှ ချမှတ်ထားသည့်အချက်များကို အ‌ကောင်အထည် ‌ဖော်သွားရန် လုပ်‌ဆောင်ရမည်ဖြစ်သည်ဟု KSDDP ဥက္ကဌ ‌စောသာထူး‌ကျော်က ‌ပြောသည်။

‌စောသာထူး‌ကျော်က “တစ်ပါတီတည်းဖြစ်ဖို့က‌တော့ ‌ဆွေး‌နွေးရဦးမယ်။ အခု ဒီလိုစု‌ပေါင်း ‌ဆွေး‌နွေးဖြစ်တာ ကရင်လူထုနဲ့တကွ အခြားတိုင်းရင်းသားအတွက်လည်း ‌ကောင်းမြတ်တဲ့ လုပ်ရပ်တစ်ခုပဲလို့ မြင်တယ်”ဟု ‌ပြောဆိုသည်။
13img
KPP ပါတီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နန်းစန်းစန်းဝင်းကလည်း “ကိုယ်ရဲ့ ကရင်‌ခေါင်း‌ဆောင်အချင်းချင်း သ‌ဘောထားကြီးကြီးနဲ့ အ‌ရှေ့က ဘာ‌တွေဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ သူတို့‌တွေ တစ်ခုတည်းပဲ မျိုးချစ်စိတ်နဲ့ ပူး‌ပေါင်းတာ မြင်ရတာ ‌ကျေးနပ်မိတယ်။ တစ်ပါတီ လုပ်‌ဆောင်တာနဲ့ (၄)ပါတီအားနဲ့ လုပ်‌ဆောင်ရင် ‌အောင်မြင်မှု ပိုရမြန်မယ်လို့ ကျမယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌တွေ့ဆုံး‌ဆွေး‌နွေးပွဲသည် ကရင်အမျိုးသားများ လိုလား‌တောင်းတကြသည့် ငြိမ်းချမ်း‌ရေး၏ အ‌ခြေခံ အုတ်မြစ်ဖြစ်သည့်အပြင် ကရင်လူထုနှင့်တကွ အခြားတိုင်းရင်းသားများအတွက် ‌ကောင်းမြတ်သည့် လက္ခဏာ တရပ်လည်းဖြစ်သည်ဟု ကရင်ပါတီများက ဆိုသည်။

ကရင်နိုင်ငံ‌ရေးပါတီများစု‌ပေါင်း၍ ယခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်ခဲ့မှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကိုယ်စားလှယ်‌ပေါင်း ၄ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။