Home သတင်း UNFC ဖိတ်ကြား၍ PSDP ပါတီဝင်နှစ်ဦး တိုင်းရင်းသား ညီလာခံ တက်‌ရောက်ခဲ့

UNFC ဖိတ်ကြား၍ PSDP ပါတီဝင်နှစ်ဦး တိုင်းရင်းသား ညီလာခံ တက်‌ရောက်ခဲ့

1257
ဩဂုတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

လွတ်‌မြောက်နယ်‌မြေ တ‌နေရာတွင် ပြုလုပ်သည့် တိုင်းရင်းသားညီလာခံတရပ်ကို တက်‌ရောက်ရန် ညီညွှတ် ‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)အား ဖိတ်ကြား၍ PSDP မှ ပါတီဝင်နှစ်ဦး သွား‌ရောက်ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၉မှ ၃၁ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်းတိုင်းရင်းသားညီလာခံကို PSDP မှ ဒုတိယ ဥက္ကဌ မန်း‌အောင် ပြည်စိုးနှင့် အတွင်း‌ရေးမှူး(၂) ‌စောလင်းထိန် တို့က ‌လေ့လာသူအဖြစ် တက်‌ရောက်ခဲ့ခြင်းဖြစ်သည်။

PSDP ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ကျ‌နော်တို့တက်‌ရောက်တဲ့ ဒီညီလာခံမှာ တိုင်းရင်းသား‌တွေလိုချင်ကြတဲ့ ဖက်ဒရယ်နဲ့ စစ်မှန်‌သော ပြည်‌ထောင်စုအ‌ကြောင်း၊ ‌နောက် ၂၀၀၈ ဖွဲ့စည်းပုံဥပ‌ဒေကို ဘယ်လိုပြင်ကြဖို့နဲ့ တိုင်း ရင်းသားအခွင့် အ‌ရေးအပြည့်အဝရ‌အောင် ဘယ်လိုလုပ်ကြဖို့ ‌ဆွေး‌နွေးခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ညီလာခံအပြီးတွင် သ‌ဘောတူညီချက် ၁ဝ ချက်ရရှိခဲ့သည့်အ‌ပေါ်လည်း များစွာ အားရ‌ကျေ နပ်မှုရှိခဲ့‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

အဆိုပါ သ‌ဘောတူညီမှုချက်များအနက် မြန်မာနိုင်ငံတွင် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုမူအ‌ပေါ် အ‌ခြေခံ ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အသစ်တရပ်ကို ‌ရေးဆွဲပြဋ္ဌာန်း သွားရန်နှင့် အမျိုးသားတန်းတူ‌ရေးကို ‌ရှေးရှု၍ ဗမာ/မြန် မာပြည်နယ်ဖွဲ့စည်း‌ရေးအတွက် ‌ဖော်‌ဆောင်သွားရန် ၎င်းတို့ သ‌ဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု ဩဂုတ်လ ၁ရက်‌နေ့တွင် ထုတ်ပြန်သည့် UNFC ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဆက်လက်၍ ယခုညီလာခံပြီး‌နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ‌ရေးပါတီများ ပါဝင်သည့် ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ဒီမိုက‌ရေစီကရင်အကျိုးပြု တပ်မ‌တော်(DKBA) ထိန်းချုပ်နယ်‌မြေတွင် ထပ်မံပြုလုပ်သွား ရန် DKBA အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ်၏ ဖိတ်‌ခေါ်ထားချက်ကို ညီလာခံတွင် သ‌ဘောတူခဲ့ကြ သည်ဟုလည်း မန်း‌အောင်ပြည်စိုးက ဆိုသည်။